အကောင်းဆုံး နမူနာ

 tumblr_mcuesxBz0B1r3uewuo2_400

အများအကျိုး သယ်ပိုးတဲ့နေရာမှာ ဖယောင်းတိုင်လို ကျင့်ရမယ်။

ဖယောင်းတိုင်ဟာ ကိုယ်ကိုယ်တိုင် မီးလောင်ခံရတယ်။

ဖယောင်းသားတွေ အရည်ပျော်ရတယ်။

မီးဇာလည်း မီးမြိုက်ခံရတယ်။

လေလည်း အတိုက်ခံရတယ်။

ပိုးဖလံတွေများစွာ လာတိုက်တာလည်း ခံရတယ်။

ဖယောင်းတိုင်ရဲ့ စိတ်ဓါတ်ဟာ

သူတစ်ပါးကိုသာ အလင်းရောင်ပေးလိုတဲ့ ဆန္ဒတစ်ခုတည်းရှိတယ်။

သူတစ်ပါးကို ပူလောင်စေချင်တဲ့ ဆန္ဒမရှိပါဘူး။

နောက်ဆုံး မီးငြိမ်းတဲ့သူကိုတောင်

အလင်းရောင် ပေးဖြစ်အောင် ပေးလိုက်သေးတယ်။

ဒါကြောင့် . . . .

အများအကျိုး ဆောင်တဲ့နေရာမှာ

ဖယောင်းတိုင်ကို နမူနာယူကြပါ။

တောင်တန်းသာသနာပြုဆရာတော် စဝ်ဆုခမ်း (တန့်ယန်း)

ကမ္မဋ္ဌာနာစရိယ၊ တက္ကသီလမဟာဓမ္မာစရိယ M.A (Buddhism)., M.A (Sri Lanka)

www.shanviews.com
အကောင်းဆုံး နမူနာ အကောင်းဆုံး နမူနာ Reviewed by ၸဝ်ႈသု(မိူင်းပၼ်ႇ) on August 22, 2016 Rating: 5

No comments:

Powered by Blogger.