ပန်းအခူးခံရသူများ

traveling-with-teacher-copy

ပန်းအခူးခံရသူများ
ဒီလိုနဲ့ ဆရာတပည့်နှစ်ယောက်ဟာ . . . ခရီသွားရင်း တစ်နေ့မှာတော့ လမ်းကလေးဟာ ကြီးမားကျယ်ပြန့်တဲ့ . . .ပန်းခင်းကြီးတစ်ခုထဲ ဖြစ်သွာတာကို မြင်လိုက်ရတယ် . . .
ပန်းခင်းကြီးဟာ . . . ဖြူ နီ ပြာ ဝါ ပန်းတွေနဲ့ ပြည့်နှက်နေတယ် . . .။
တောင်စောင်းလေးတစ်ခုပေါ်က . . . ကျယ်ပြန့်တဲ့ လွင်ပြင်ထက်မှာ အလွန်သာယာတယ် . . . ။
လေပြေလေညှင်းလေးနဲ့အတူ . . . ပန်းရနံ့တွေဟာလဲ မွေးကြိုင်နေတယ်။
ဆရာတပည့်နှစ်ယောက်ဟာ . . .
ပန်းရနံ့သင်းတဲ့ လေညှင်းလေးကို ရှူရှိူက်ရင်း လန်းဆန်းစွာ လျှောက်လာကြတယ်။ တပည့်က . . .
အလွန်လှပတဲ့ ဒီနေရာမျိုးမှာ ထာဝရ နေချင်စိတ်တောင်ပေါ်လာတယ်တဲ့. . . ။
ဆရာတပည့်နှစ်ယောက်ဟာ . . . ဆက်လျှောက်လာရင်း ရှေ့မှာ . . .
လူတစ်စုဟာ . . . ပန်းခူးနေတာကို တွေ့ရတယ်။
ဒီလောက်သာယာ လှပတဲ့ ပတ်ဝန်းကျင်မှာ . . . လူတွေရဲ့ မျက်နှာဟာ ငြိုးနွမ်းနေတယ်။ ဒီလိုနဲ့ ပန်းခင်းကြီးကို ကျော်တော့ တပည့်က မအောင့်နိုင်တော့ဘဲ . . .
“ဆရာသခင် . . . ခုန . . . ပန်းခူးနေတဲ့လူစုဟာ . . . ဒီလောက်သာယာတဲ့ နေရာမှာ နေကြပါလျက်နဲ့ . . . ဘာကြောင့်များ မျက်နှာ မသာမယာ ဖြစ်နေကြတာလဲ. . . ” လို့ မေးတယ်တဲ့. . .။
ဆရာသခင်က . . . “ပန်းအခူးခံရတဲ့. . . လူသားတွေပေါ့ . . . “လို့ တိုတိုတုတ်တုတ် ပြန်ပြောလိုက်တယ်။ ဒီတော့ တပည့်က . .
“ဆရာသခင်ပြောတာ . . . သဘောမပေါက်ဘူး . . . “လို့ ပြောတော့ ဆရာက ပြန်ရှင်းပြတယ် . . . ။
“ဒီလို ငါ့တပည့်. . . မင်းအမြင်မှာ . . . လူတွေ ပန်းခူးနေတယ်လို့ ထင်ရပေမဲ့ . . . ပန်းစိုက်တဲ့ တောင်သူတွေဟာ သူတို့ မျှော်လင့်ထားသလောက် ပန်းတွေ မထွက်ရင် . . . သူတို့မျက်နှာတွေဟာ . . . ဒီလိုပဲ ငြိုးနွမ်းနေတတ်တယ် . . . ။ ပန်းတွေကို မြေသြဇာကျွေးရတဲ့ စရိတ် အလုပ်သမားခ . . . တွေ တွက်ပြီးတော့ . . . သူတို့ မျှော်လင့်ထားသလောက် ပန်းတွေ မထွက်ရင်. . . သူတို့အတွက် ကျန်မှ ကျန်ပါ့မလားလို့ . . . စိုးရိမ်စမြဲပဲ . . . ဒါကြောင့် . . . မင်းအမြင်မှာ ပန်းခူးနေတာလို့ ထင်ရပေမဲ့ . . . ပန်းအခူးခံရသူတွေ ဖြစ်ချင်ဖြစ်မယ် . . . ငါ့တပည့်” လို့ ဆရာသခင်က ပြောရင်း . . . ဆရာတပည့်နှစ်ယောက် ခရီးလမ်းကို . . . ဆက်လျှောက်သွားကြတော့တယ်. . . ။

flower pick

= = = ပန်းအခူးခံရသူများ= = =
သီချင်းလေး တစ်ပုဒ်ပဲ . . .
မင်းရောင့်ရဲလား . . . ။
ပန်းကလေးတစ်ပွင့်ပဲ . . .
မင်းရောင့်ရဲလား . . . ။
အိမ်လေးတစ်လုံးပဲ . . .
မင်းရောင့်ရဲလား . . . ။
ကားလေးတစ်စီးပဲ . . .
မင်းရောင့်ရဲလား . . . ။

လောကမှာ . . .
စွဲမက်စရာပန်းတွေ . . . ဖူးပွင့်နေတယ် . . . ။
လိုတာထက် ပိုရင် . . .
အဲဒီပန်းတွေ . . . မင်းကို ပြန်ခူးလိမ့်မယ် . . . ။

ကိုယ်က ပန်းခူးနေတယ်လို ထင်တယ် . . .
ကိုယ်မသိတာက . . .
ပန်းတွေ ကိုယ့်ကို ပြန်ခူးနေတာကို . . .။

ဆန္ဒပန်းတွေ . . .
ကိုယ့်ကို ပြန်ခူးရင် . . .
ရင်ထဲမှာ ကျန်ခဲ့မှာက . . .
“သောက” ပန်း . . .။
ဦးကောဝိဒ ဝစီပိတ်ဆရာတော်

art worm

တီကောင်မှ လူသားသို့ ပေးစာ
တစ်နေ့မှာတော့ . . . ဆရာသခင်နဲ့ တပည့်က ခရီးသွားရင်း . . .
ကျယ်ပြောတဲ့ . . . ရွံ့အိုင်ကြီးတစ်အိုင်ကို . . . ဖြတ်သန်းရတယ် . . . ၊
အဲဒီအိုင်ကြီးမှာ . . . တီကောင်တွေ ပေါများတဲ့အတွက် . . .
ရွံ့နွံမျက်နှပြင်ပေါ်မှာ . .  တီကောင်တွေ သွားထားတဲ့ . . . လမ်းကြောင်းတွေဟာ အများကြီးပေါ်နေတယ် . . . ။

ဒီတော့ တပည့်က . . . ဆရာသခင်ကို မေးတယ် . . .
“ဆရာသခင် . . . အဲဒီ အကွေ့အကောက် လမ်းကြောင်းတွေက . . . ဘာတွေလဲ . . . ”
ဒီတော့ ဆရာသခင်က . . .
“တီကောင်က . . . လူသားတွေကို ပေးတဲ့စာပေ့ါ . . . ငါ့တပည့် . . . ” လို့ပြောရင်း တပည့်ကို ရပ်ပြီး . . . ပြန်လှည့်ကြည့်လိုက်တယ် . . . ။
ပြီးတော့ . . . စကားကို ဆက်ပြောတယ် . . .
“တီကောင်လေးတွေကို . . . လူတွေ တန်ဘိုးမထားကြဘူး . . . ငါ့တပည့် . . . အမှန်မှာတော့ . . . တီကောင်ဆိုတာ . . . လူသားတွေရဲ့ တကယ့်မိတ်ဆွေ . . . လူတွေစိုက်ပျိုးတဲ့မြေကြီးကို . . . အကောင်းဆုံး မြေသြဇာ ထုတ်လုပ်ပေးတာက . . . ဒီတီကောင်လေးတွေပဲ . . . ။
သူတို့တိုတောင်းလှတဲ့ ဘဝလေးမှာ . . .
လောကအတွက် . . . အကောင်းဆုံး ပေးဆပ်သွားတယ် . . . ”
“ဒီရွံ့့နွံပေါ်က . . . အရေးအကြောင်းတွေက . . . ဘာကိုပြောတာလဲ ဆိုတော့ . . . လောကရဲ့ . . . ရှုပ်ထွေးကောက်ကွေးလှတဲ့ . . . ဘဝလမ်းမှာ . . . အကောင်းဆုံး ပေးဆပ်ခြင်းကိ . . .
လူသားတွေ သိစေဖို့ . . . စာရေးပေးထားတာလေ . . .
မမြဲခြင်း . . . မညီမျှခြင်း . . . အစိုးမရခြင်း . . . ဆိုတာကို . . . ရေးပေးတဲ့စာပေါ့ . . . ။
လူတွေသာ . . . သတိမပြုမိလို့ . . .
မဖတ်ဖြစ်တာပါ . . . ငါ့တပည့် . . . “လို့ ဆုံးမသွန်သင်ရင် . . .
ဆရာတပည့်နှစ်ယောက် . . . ခရီးဆက်ထွက်ကြတော့တယ် . . . ။

= = = တီကောင်မှ လူသားတို့ ပေးစာ = = =
ငါ့မှာ . . .
မျက်စိမရှိ . . .
နားမရှိ . . .
ခြေလက်မရှိ . . .
ဒါတောင် . . .
လောကအတွက် ပေးဆပ်ဆဲ . . .။
မင်းကော  . . . ? ? ? ? ? ? ?

ဦးကောဝိဒ ဝစီပိတ်ဆရာတော်

သားကောင်ဖြစ်သွားသောမုဆိုး
တစ်နေ့မှာတော့ . . . ဆရာတပည့်နှစ်ယောက်ဟာ . . .
ခရီးသွားရင်း . . . ကြီးမားတဲ့ တောအုပ်ကြီး တစ်ခုကို ဖြတ်သန်းရတယ်။
တောအုပ်ဟာ နေရောင်မထိုးနိုင်လောက်အောင် . . .
ကြီးမားတဲ့ သစ်ပင်ကြီးတွေ . . . ဖုံးအုပ်နေတာကြောင့် . . .အေးမြနေတယ်။
ဆရာတပည့်နှစ်ယောက်ဟာ . . . လမ်းလျှောက်လာရင်း . . .
ခပ်လှမ်းလှမ်းမှာ . . . လူတစ်ယောက် . . . ငူငူကြီး ထိုင်နေတာကို တွေ့ရတယ် . . . ။
သူ့ရဲ့ဘေးမှာလဲ . . . တောငှက်ပျောရွက်ခင်းထားလို့ . . .
မှိုတော်တော်များများ ခူးပြီး ပုံထားတာကို တွေ့ရတယ် . . . ။
မုဆိုးလို့ ထင်ရတဲ့ ဒီလူဟာ . . . ဆရာ တပည့်နှစ်ယောက် သူ့ရှေ့က ဖြတ်သွားတဲ့အထိ တစ်ချက်မှ . . . ခေါင်းမော့မကြည့်ဘဲ . . . ခေါင်းငုံ့ပြီး ငူငူကြီး ထိုင်နေတယ် . . . ။
အဲဒီလူကို ဖြတ်ပြီး တော်တော်ဝေးဝေးရောက်တော့ . . . တပည့်ကမေးတယ် . . .
“ဆရာသခင် . . . မှိုရတဲ့မျက်နှာ . . . ဆိုတာ . . . ပြုံးရွှင်နေတာကိုပဲ . . . တွေ့ဖူးပါတယ် . . . ခုနမုဆိုးရဲ့ မျက်နှာက . . . ဘာကို အလိုမကျဖြစ်နေတာလဲ . . . ” လို့မေးတယ်တဲ့။
ဒီတော့ ဆရာသခင်က . . .
“သားကောင် ဖြစ်သွားတဲ့ မုဆိုးလေ . . .”လို့ ပြောလိုက်တယ်။
တပည့်က ပြေးလိုက်လာရင်း . . .
“ဆရာသခင် . . . ပြောတာမရှင်းလို့ . . . တစ်ချက်လောက် ပြန်ရှင်းပြပါလား . . . “လို့မေးလိုက်တယ်။ ဆရာသခင်ဟာ . . . ဘာမှ မပြောဘဲ . . . ဆက်လျှောက်လာတယ် . . .။ တော်တော်ဝေးဝေး ကျောက်တုံးတွေ ထူထပ်တဲ့ နေရာတစ်ခုကို ရောက်တော့ . . .
ဆရာသခင်ဟာ . . . လမ်းဘေးက ကျောက်တုံးတစ်တုံးပေါ်မှာ . . . အမောဖြေရင်း ထိုင်ချလိုက်တယ်။
တပည့်ကလည်း . . . အလိုက်သိစွာ . . . ပါလာတဲ့ ရေဗူးထဲက ရေကို ကြေးခွက်လေးထဲ ထဲ့ပြီး ဆရာသခင်ကို . . . ကပ်လိုက်တယ် . . .။

ဒီတော့ ဆရာသခင်က . . . အေးအေးဆေးဆေး လေသံနဲ့ မေးတယ် . . .
“မုဆိုးလဲသားကောင် . . . သားကောင်လဲမုဆိုး . . . ဆိုတဲ့ ဝေါဟာရကို . . . ကြားဖူးလား ငါ့တပည့်”
ဒီတော့ တပည့်က . . .
“ကြားတော့ ကြားဖူးပါတယ် ဆရာသခင် . . . ဒါပေမဲ့ . . . အဓိပ္ပါယ်ကိုတော့ . . . လေးလေးနက်နက် မသိဘူး . . .”လို့ ပြန်ဖြေလိုက်တယ်။
ဆရာသခင်က . . . ရှင်းပြတယ် . . .
“ချစ်တပည့် . . . ဥပမာကွာ . . . ခုနမုဆိုးဟာ . . . ဇနီးမယားရှိတယ် ဆိုပါစို့ . . . သူ့မှာ . . . မိသားစုကို ကျွေးမွေးဖို့ တာဝန်ရှိတာပေါ့ . . .
ဒါနဲ့ သူဟာ . . . တောထဲကို ဒူးလေးထမ်းပြီး . . . သားကောင်ရှာထွက်တယ် . . .
ဒါနဲ့ . . . တစ်နေ့ သူကံကောင်းပြီး . . . ယုံလေးတစ်ကောင် ရလာတယ် . . .။
ဒါနဲ့ . . . စိတ်ထဲမှာ . . . “ငါယောကျ်ားကွ” . . . ဆိုတဲ့ အတ္တနဲ့
“ရော့ မိန်းမရေ . . . ဒီနေ့ ငါယုံသား ရလာတယ် . . . ချက်လိုက်စမ်းပါဦး”လို့ ခပ်ကြွားကြွားနဲ့ ပေးလိုက်မယ် . . .။
နောက်တစ်နေ့မှာတော့ . . . သူဟာ တစ်အားကံကောင်းလို့ . . .
တောဝက်ကြီး တစ်ကောင် . . . ရလာပြန်ရော . . .။
ရွာကို ထမ်းလာတေော့ . . . လူတွေ . . . အံ့သြတကြီးနဲ့ ကြည့်နေလိမ့်မယ် . . . ဒီတော့ သူက . . . “ဟေ . . . လူတွေ . . . လာကူကြကွာ တစ်ရွာလုံးကို ငါဝေပေးမယ် . . .”ဆိုတော့ ရွာသားတွေက ဝိုင်းကူ  . . . ဝိုင်းဖျက် . . . သူက အညီအမျှဝေပေး . . .
ပျော်တစ်ပြံုးပြံုးနဲ့ သူ့ကိုသူ ဂုဏ်ယူလို့ . . .။
ဒီတော့ . . . မုဆိုးဟာ တောလိုက်ဝါသနာ ပါလာပြီး . . . လောကသဘာဝအတိုင်း . . . သူဟာ ရက်ပေါင်းကြာလာတော့ . . . သားကောင် ရလိုက် မရလိုက် ဖြစ်လာတာပေါ့ . . .။
သားကောင်ရှားလာတော့ . . . ခပ်ဝေးဝေးကို သွားပြီး ပင်ပင်ပန်းပန်း သားကောင်ရှာရတာပေါ့။
ဒီလိုနဲ့ပဲ . . . သူဘဝ နေ့ရက်တွေကို . . .
“သားကောင်ရှာရတဲ့ . . . သားကောင်” အဖြစ် ဖြတ်သန်းရတော့တာပေါ့” . . . လို့ ရှင်းပြရင်း ခဏနားလိုက်တယ်။ တပည့်ကလည်း ဆရာဘာဆက်ပြောမလဲ နားထောင်နေတယ်။
“တပည့် . . . လူရဲ့ဆန္ဒအာရုံဟာ . . . အဟောင်းအသစ်သော အကြောင်းတွေ အပေါ်မှာ . . . ကျင်လည်ကျက်စားတတ်တယ် . . .။
မျက်စိအာရုံ . . . နားအာရုံ . . . ပါးစပ်အာရုံ . . . ထိတွေ့ခြင်းအာရုံ . . . စိတ်အာရုံ . . . အားလုံးဟာ . . . အသစ်အသစ်သော အကြောင်းတရားတွေကို . . . ရှာဖွေတတ်ကြတယ် . . . မွေ့ပျော်တတ်တယ် . . . အသစ်အသစ်သော အကြောင်းတရားတွေကို ရှာဖွေမွေ့ပျော်ရင်းနဲ့
ရလိုက် . . . မရလိုက် ဖြစ်တတ်တယ် . . .။ အဲဒီအခါ စိတ်ဆင်းရဲ့ရတယ် . . .။
အဝတ်တစ်ထည်ရှိလျှက်နဲ့ . . . နောက်အသစ်တစ်ထည် လိုချင်တယ် . . .
တစ်ဝမ်းတစ်ခါး . . . စားနိုင် နေနိုင် ဝတ်နိုင်လျှက်နဲ့ . . . မရောင့်ရဲနိုင်ဘဲ . . . သူဌေးကြီးတွေ ဖြစ်ချင်တယ်။
အဲဒီ အသစ်အသစ်ဟာ ဆန္ဒတွေကြောင့် ပူလောက်သောက ရောက်နေသူအဖို့ . . .
ဘယ်မှာ ရွှင်လန်းတဲ့ မျက်နှာ ရှိပါ့မလဲ ငါ့တပည့် . . .။
အဲဒါကိုပဲ . . .
“မုဆိုးလည်း သားကောင် . . . သားကောင်လည်း မုဆိုး”လို့ ဆိုလိုရင်း ဖြစ်တယ်” လို့ပြောရင်း . . .
ဆရာတပည့် နှစ်ယောက် ခရီး . . . ဆက်ထွက်ကြတော့တယ်။

hunter

= = = သားကောင်ဖြစ်သွားသောမုဆိုး = = =
မျက်စိကလည်း . . .
လှပတဲ့ . . . သားကောင်ရှာတယ် . . .။
နားကလည်း . . .
နာပျော်ဖွယ် သံစဉ်တွေ ရှာတယ် . . .။
လျှာကလည်း . . .
ချိုမြိန်တဲ့ အရသာကို ရှာတယ် . . .။
ခန္ဓာကလည်း . . .
နွေးထွေးပျော့ပြောင်းတဲ့ . . . အထိအတွေ့ကို ရှာတယ် . . .။

တစ်ဘဝပြီး တစ်ဘဝ . . .
သားကောင်ကို ရှာကြရင်းနဲ့ . . .
သံသရာ . . . အဆက်ဆက်မှာ . . .
မမောနိုင် မပန်းနိုင်ရှာလို့ . . .။
အမှန်မှာတော့ . . .
လူသားဆိုတာဟာ . . .
မုဆိုးလို့ ထင်ရတဲ့ . . .
ဆန္ဒများရဲ့ သားကောင်ပါပဲ . . . ။

စိတ်ကို ရေချိုးပေးခြင်း
ဆရာသခင်နဲ့ တပည့်ဟာ . . . ခရီးသွားရင်း . . . မိုချုပ်ခါနီးသွားတာကြောင့် . . .
ရွာကြီးတစ်ရွာရဲ့ . . . မြစ်တစ်ဖက်ကမ်းက . . .  ညောင်ပင်ကြီးတွေ ပေါက်ရောက်တဲ့ တောအုပ်ထဲမှာ တစ်ညနားဖို့ ပြင်ဆင်ကြတယ်။
တောထဲက သစ်ကိုင်းခြောက်တွေကို စုပြီး . . . တစ်ညလုံးအတွက် မီးဖိုဖို့ ပြင်တယ် . . . ။ ညဦးယံမှာ . . . ဆရာသခင်က ပရိတ်ရွတ် . . . အရပ်(၁၀)မျက်နှာကို မေတ္တာပို့ပြီး . . . တရားထိုင်နေတော့တယ် . . . ။
တပည့်ကလည်း . . . ပါလာတဲ့ မနက်က ကောက်ညှင်းပေါင်းကို မီးဖုတ်ပြီး တို့ဟူးနဲ့ တို့စား . . .  ရေကို တစ်ဝသောက်ပြီး ဗိုက်ကလေး တင်းလာတော့ ကလေးပီပီ မျက်လုံးလေး စင်းပြီး အိပ်ချင်လာတယ်။
ဆရာသခင်ကို ကြည့်လိုက်တော့ . . . ငြိမ်ငြိမ်သက်သက် တရားထိုင်နေတုံး။ ဒီတော့ . . . အိပ်ယာလေးခင်း . . . လွယ်အိပ်ကို ခေါင်းအုံးလေးလုပ်ပြီး . . . အိပ်ပျော်သွားတော့တယ်။
သန်းခေါင်လောက်ရောက်တော့ . . . သောက်ထားတဲ့ ရေက များတာမို့ . . .
အပေါ့သွားချင်လို့ နှိုးလာတယ် . . .  ဆရာသခင်ကို ကြည့်လိုက်တော့ တရားထိုင်နေတုံး။
တောသွားပြီး အပြန် . . . ဆရာသခင် တရားထိုင်နေတာကို . . . လဲလျောင်းလျက် ကြည့်ရင်း ပြန်အိပ်ပျော်သွားတယ်။
တပည့်ဟာ . . . အရုံဦးရဲ့ တောထဲက ငှက်ကလေးတွေ . . . တွန်ကြူးသံနဲ့အတူ နှိုးလာတယ်။
ဖိုထားတဲ့ မီးပုံဟာလည်း . . . ပြာပဲကျန်တာကို တွေ့ရတယ် . . . ။ ဆရာသခင်ဟာ မျက်လုံးဖွင့်ပြီး မတ်တပ်ရပ်လိုက်တယ် . . . ။
အညောင်းဖြေတဲ့ အနေနဲ့ . . . အနီးအနားမှာ . . . လမ်းလျှောက်နေတယ် . . . ။
ဒီတော့ တပည့်က “ဆရာသခင် . . . တစ်ညလုံး မအိပ်ဘဲ . . . ဒီလိုပဲ တရားထိုင်နေတာလား”လို့ မေးလိုက်တယ်။
ဆရာကတော့ . . . ဘာမှ ပြန်မပြောဘဲ . . . တိတ်တဆိတ် လမ်းလျှောက်နေတယ် . . . ။
အတော်ကြာတော့ ဆရာတပည့် နှစ်ယောက်သား . . .
ကိုယ်လက်သန့်စင်ဖို့ မြစ်ထဲကို ဆင်းလာကြတယ် . . . ။
မြစ်ရဲ့ တစ်ဖက်ကမ်းမှာ . . . လူတွေ . . .  ရေချိုးရေခပ်နေကြတယ် . . .
မနက်စောစောဆိုတော့ . . . မြစ်ရေဟာ အေးမြကြည်လင်နေတယ် . . . ။
ဆရာတပည့်နှစ်ယောက်ဟာ . . . ရေချိုးပြီးတော့ . . .
တစ်ဖက်ကမ်းက . . . ရေချိုးရေခပ်နေတဲ့ လူတွေကို လှမ်းမျှော်ကြည့်နေတယ် . . . ။
အဲဒီအချိန်မှာ . . . ဆရာသခင်က . . . တပည့်ကို လှမ်းမေးလိုက်တယ် . . .
“လူတွေ ၃ ရက်လောက် ရေမချိုးရင် . . . ဘာဖြစ်တတ်လဲ . . . ငါ့တပည့် . . . ”
ဒီတော့ တပည့်က “ကိုယ်နံ့တွေ နံစော်နေမှာပေါ့ . . . ဆရာသခင် . . . “လို့ ဖြေတယ်။
“သုံးရက်လောက် . . . သွားမတိုက် . . . ပလုပ်မကျင်းရင်ကောကွာ . . . “လို့ထပ်မေးတယ်။ တပည့်က “အာပုပ်နံ့တွေ ထွက်နေမှာပေါ့ ဆရာသခင် . . . “လို့ ဖြေတယ်။
ဆရာသခင်က . . . “လူတွေဟာ . . . နေ့စဉ်ရေချိုး . . . သွားတိုက်လုပ်ကြတယ် . . . ငါ့တပည့် ရုပ်ခန္ဓာ နဲ့ စိတ်ခန္ဓာမှာ . . . စိတ်ခန္ဓာက . . . ပိုအရေးကြီးတယ် . . . ဘာလို့လဲဆိုတော့ . . . စိတ်ခန္ဓာက ရုပ်ခန္ဓာကို ထိမ်းချုပ်ထားလို့ဖြစ်တယ် . . . ။ ဒါပေမဲ့ . . . လူတွေ . . . စိတ်ခန္ဓာကို သန့်ရှင်းအောင် လုပ်ဖို့ မေ့နေကြတယ် . . . ။
အမှန်မှာတော့ . . . တရားထိုင်ခြင်း . . . ပုတီးစိတ်ခြင်း . . . မေတ္တာပို့ခြင်း . . . သတိပဌာန်နဲ့ နေခြင်းမှန်သမျှဟာ . . . စိတ်ခန္ဓာကို ရေချိုးပေးခြင်းပဲ . . . ။ စိတ်ကြည်လင်နေမှ ရုပ်လည်း ကြည်လင်နေလိမ့်မယ် . . . ငါ့တပည့် . . . ကဲ . . . ကဲ . . . ဒို့လဲ ခရီဆက်ဖို့ ပြင်ရအောင်”လို့ ပြောပြီး . . . ဆရာတပည့်နှစ်ယောက် ခရီးဆက်ကြတော့တယ် . . . ။

bathing

===စိတ်ကိုရေချိုးပေးခြင်း===
“စိတ်ပင်လယ်” . . . ကို . . .
ငြိမ်သက်အောင် ထိမ်းချုပ်ခြင်း . . . ။
“စိတ်ပင်လယ်” . . . ကို . . .
မှန်သားပြင်လို . . . ငြိမ်စေခြင်း . . . ။
အလေ့အကျင့် လုပ်ပေးရမယ် . . .
စိတ်ကို ရေချိုးပေးရတယ် . . . ။

မငိုချင်လေနဲ့ . . .
စိတ် . . . တစ်နေကုန် . . . ပင်ပန်းခဲ့သမျှ . . .
စိတ်ကို ရေချိုးပေးလိုက်ကွယ် . . .
အရာရာက . . . လန်းဆန်းသွားမယ် . . . .

ဖုံ . . . နဲ့တူတဲ့ . . . အ ကုသိုလ်ဟာ . . .
နေရာတကာမှာ . . . ရှိနေတယ် . . . ။
ဖုံနဲ့တူတဲ့ . . . ပုံရိပ်တွေဟာ . . .
နေရာတရာမှာ . . . ရှိနေတယ် . . . ။
ရေချိုးလိုက်ကွယ် . . . ချိုးလိုက်ကွယ်နော် . . .
နက်ဖန်တွေ . . . အေးချမ်းသွားမယ် . . . ။

စိတ်ကို . . . ရေချိုးပေးတဲ့လူနဲ့ . . .
စိတ်ကို . . . ရေမချိုးပေးတဲ့လူ . . .
ဘယ်မှာကွာလဲ . . . ဆိုတော့ . . .
ဝိဇ္ဖာ . . . နဲ့ . . . အဝိဇ္ဇာ . . . ။

( ဦးကောဝိဒ ဝစီပိတ်ဆရာတော်)

===ဓါတ်===
ဒီလိုနဲ့ . . . ဆရာသခင်နဲ့ တပည့်ဟာ . . . ဟိမဝန္တာတောင်ကြော တောင်စွယ်ကို ကျော်ဖြတ်ရင်း ဆက်လို့လာလိုက်တာ တစ်နေ့မှာတော့ . . .  ဗုဒ္ဓဂယာ . . . လို့ခေါ်တဲ့ ဗုဒ္ဓမြတ်စွာဘုရားရှင် ပွင့်တော်မူရာ “မဟာဗောဓိစေတီတော်ကြီး”ကို ရောက်လို့လာတယ် . . . ။
သူတို့ ဆရာတပည့်နှစ်ယောက်ဟာ . . . စေတီတော်ပရဝဏ်ဝင်းအတွင်းကို ​မဝင်ကြသေးဘဲ . . . စေတီတော်မုခ်ဦးအဝနားမှာ ထိုင်နားနေကြရင်း . . . ကမ္ဘာအရပ်ရပ်က . . . ဘုရားဖူးလာတဲ့ သူတော်စင်တွေကို . . . ငေးမောကြည့်နေကြတယ် . . . ။
လူမျိုးစုံ . . . အရောင်အသွေးစုံနဲ့ လူတွေကို တွေ့နေရတယ် . . . ။ ဘူတန်၊ တိဘက်၊ တရုတ်၊ မွန်ဂိုးရီးယား၊ ဂျပန်၊ ယိုးဒယား၊ ခမာ၊ လော၊ မြန်မာ၊ သီရိလင်္ကာတွေအပြင်ကို . . . ဥရောပနိုင်ငံခြားသားတွေကိုလည်း တွေ့နေရပြန်တယ် . . . ။
စေတီပရဝုဏ်ထဲရောက်တော့ . . . လူမျိုးပေါင်းစုံက . . . ကိုယ့်ဓလေ့ထုံးစံအတိုင်း . . . ပုံစံမျိုးစုံနဲ့ . . . ဘုရားဝတ်ပြုနေကြတာကို တွေ့ရပြန်တယ် . . . ။
ဆရာတပည့်နှစ်ယောက်ဟာ . . . ဂုဏ်တော်ကိုးပါးနဲ့ မေတ္တသုတ်ကို စေတီလက်ဝဲရစ် ပူဇော်ပြီးတော့ . . . ဘုရားရှင်ပွင့်တော်မူရာ . . . ဗောဓိညောင်ပင်ရိပ်မှာ ထိုင်လိုက်ကြတယ် . . . ။
အဲဒီအချိန်မှာ . . . တပည့်ကမေးတယ် . . .
“ဆရာသခင် . . . ကမ္ဘာအရပ်ရပ်က . . . ဒီလောက်များတဲ့လူတွေ . . . ကိုယ့်အိမ်မှာလည်း . . . ဘုရားစင်ရှိရဲ့သားနဲ့ ဘာလို့ ဒီလောက်ဝေးလံပြီး . . .  ခေါင်တဲ့အရပ်အထိလာပြီး ဘုရားလာဝတ်ပြုကြတာလဲ . . . “လို့ မေးလိုက်တယ်တဲ့ . . . ။
ဆရာသခင်က . . .
“ငါ့တပည့် . . . ဓါတ်ဆိုတဲ့ . . . သဘောတရားကို . . . အကြမ်းအားဖြင့် မင်းဘယ်လို နာလည်းသလဲ . . . “လို့ မေးတယ် . . . ။
တပည့်က . . . “ကောင်းကောင်းနားမလည်ဘူး . . . ဆရာသခင် . . . တစ်ချက်လောက် ရှင်းပြပါလား . . . “လို့ ပြန်ပြောတယ်။

ဒီတော့ ဆရာသခင်က ရှင်းပြတယ် . . .
“ဥပမာဆိုပါတော့ . . . ငါ့တပည့်ရာ . . .
တကယ်လို့ မင်းဆေးရုံကိုသွားရင် . . . ဆေးရုံကဆေးနံ့တွေနဲ့အတူ . . . မင်း . . . (ဝေဒနာ)ဓါတ် . . . တစ်ခုကို . . . ခံစားရလိမ့်မယ် . . . ။
နောက် . . . ရာဇဝတ်ရုံး အကျဉ်းထောင်တို့ကို မင်းရောက်သွားရင်လည်း . . . မင်းဟာ (ဒုစရိုက်) ဓါတ် . . . တစ်ခုကို . . . ခံစားရလိမ့်မယ် . . . ။
ပွဲလမ်းသဘင်၊ ကပွဲ၊ ခုန်ပွဲတွေကို မင်းရောက်သွားရင်လည်း . . .
(မြူးကြွတဲ့) ဓါတ် . . . တစ်ခုကို . . . မင်းခံစားရလိမ့်မယ် . . . ။
ဘုရားကျောင်းကန်နဲ့ သူတော်စင်ရှေ့ကို ရောက်ရင် . . .
မင်းဟာ . . . (အေးမြတဲ့) ဓါတ် . . . တစ်ခုကို . . . ခံစားရလိမ့်မယ် . . .
အဲဒါ . . . ဓါတ် . . . ရဲ့ အကြမ်းဖျင်း . . . သဘောပဲ . . .
အဲဒီအထိ . . . မင်းသဘောပေါက်လား”လို့မေးတော့ . . . တပည့်က
“သဘောပေါက်ပါပြီ . . . ဆရာသခင် . . . “လို့ ပြန်ဖြေလိုက်တယ် . . . ။
ဆရာသခင်က ဆက်ပြောတယ် . . .
“အဲဒီလိုပဲပေါ့ . . . ငါ့တပည့် . . .
နေရာတစ်ခုခုမှာ . . . အကြိမ်ကြိမ် . . . အဖန်ဖန်အလဲလဲ . . .
ကောင်းသော အကြောင်းတရားတစ်ခု . . . ပြုလုပ်သည်ဖြစ်စေ . . .
ဆိုးသော အကြောင်းတရားပဲ ပြုလုပ်သည်ဖြစ်စေ . . . ပြုလုပ်နေမယ်ဆိုရင် . . . အဲဒီ “ဓါတ်”တွေဟာ . . . အဲဒီနေရာမှာ . . . ပိုမိုများပြီး . . . ကိန်းအောင်းနေမှာပေါ့”
ဒို့နိုင်ငံမှာရှိတဲ့ . . . “လေးဆူဓါတ်ပုံ . . . ရွှေတိဂုံစေတီတော်ကြီး”ဆိုရင်လည်း . . . နှစ်ပေါင်းထောင်ချီပြီး . . . သူတော်စင်မျိုးဆက်ပေါင်းများစွာ . . . ကုသိုလ်ကောင်းမှုလုပ် . . . ၊ မေတ္တာပို့ . . . ၊ အမျှဝေနဲ့ . . . သူတော်စင်တွေရဲ့ . . . မေတ္တာတွေဟာ . . . များပြားလွန်းလှတဲ့အတွက် . . . စေတီတော်ရင်ပြင်ကို ရောက်တာနဲ့ . . .
စေတီတော်ကို . . . အဝေးက လှမ်းဖူးလိုက်တာနဲ့ . . .
ရင်ထဲမှာ ကြည်နူးပြီး . . . အေးမြသွားတာကို . . . မင်းခံစားဖူးတယ် မဟုတ်လား . . . ငါ့တပည့် . . . “လို့ မေးလိုက်တော့ တပည့်က . . .
“ဟုတ်ပါတယ် . . . ခံစားဖူးပါတယ် . . . ဆရာသခင်”လို့ ပြန်ဖြေတယ် . . . ။
ဆရာသခင်က ဆက်ပြီး . . .
“ဒီလိုပဲပေါ့ ငါ့တပည့် . . .
လေးသချေင်္နဲ့ ကမ္ဘာတစ်သိန်း ပါရမီဖြည့်တော်မူခဲ့ရတဲ့ . . .
ဒို့ရဲ့ သဗ္ဗညုတ ဉာဏ်တော်ရှင် . . . ဗုဒ္ဓမြတ်စွာဘုရားရှင် ပွင့်တော်မူရာ ဟောဒီ . . . ဗောဓိပင်ကြီးနဲ့ မဟာဗောဓိစေတီတော်ကြီးမှာလဲ . . .
နှစ်ထောင်ပေါင်းချီပြီး . . . ကမ ္ဘာအရပ်ရပ်က . . .
သူတော်စင်မျိုးဆက် . . . တစ်ဆက်ပြီးတစ်ဆက် . . .
အဓိဋ္ဌာန်ဝင် . . . ၊ မေတ္တာပို့ အမျှဝေနဲ့ . . .
နေ့ရော . . . ညပါ . . . မေတ္တာပို့သံ . . . ဆိတ်သုဉ်းခြင်း မရှိရာအရပ် . . . မှာ ကြီးမားတဲ့ . . . မေတ္တာဓါတ်တွေဟာ . . . ပေါင်းစုလို့နေမှာပေါ့ . . .
မင်းသဘောပေါက်လား . . . ငါ့တပည့် . . . “လို့ ဆရာသခင်က မေးလိုက်တယ် . . . ဒီတော့ တပည့်က . . .
“သဘောပေါက်ပါပြီ . . . ဆရာသခင် . . . “လို့ ပြန်ပြောလိုက်တယ်။

ဆရာသခင်က . . . ဆက်ပြီး . . .
“မင်း(ဓါတ်ကူးတယ်)ဆိုတဲ့ စကားကော . . . ကြားဖူးမယ်ထင်တယ် . . .
ဥပမာကွာ . . . ဆိုးတဲ့လူနဲ့ပေါင်းရင် . . . လူဆိုးဖြစ်သွားတတ်တယ် . . .
ကောင်းတဲ့လူနဲ့ပေါင်းရင် . . . လူကောင်းဖြစ်တတ်တယ် . . . စသည်ဖြင့်ပေါ့
ဒါဆိုရင် ဘာ့ကြောင့် လူတွေ . . . ဒီလောက်ခေါင်တဲ့ . . . ဗုဒ္ဓဂယာမှာ . . . တစ်ကူးတစ်က . . . နဲ့လာပြီး . . . အဓိဋ္ဌာန်ဝင် . . . မေတ္တာပို့ . . . ဘုရားဖူးကြတယ်ဆိုတာ . . . မင်းသဘောပေါက်ပြီထင်ပါရဲ့ . . .
ကဲ . . . ဒို့လဲ . . . ရတဲ့အချိန်လေးမှာ . . . တရားထိုင်ပြီး မေတ္တာပို့ရအောင် . . . “လို့ဆိုပြီး . . . ဆရာတပည့်နှစ်ယောက်ဟာ . . . မဟာဗောဓိညောင်ပင်ကြီး အရိပ်အောက်မှာ . . . ငြိမ်းချမ်းစွာ . . . တရားထိုင်နေကြတော့တယ် . . . ။

gaya

===ထာဝရ အရိပ်===
သိဒ္ဓတ္ထမင်းသား . . . လက်ပေါ်က . . .
“လူသေ . . . ပြာတစ်ဆုပ်” . . . ကနေ . . .
စခဲ့တဲ့ . . . ဇာတ်လမ်း . . . တစ်ပုဒ် . . . ။

ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ . . . လို့ . . .
နောင် . . . နှစ်ပေါင်း (၂၅၀၀) အကျော် . . .
ဘုရားပွင့်ရာ . . . ဗောဓိညောင်ပင်ရင်းမှာ . . .
ရင်ထဲက . . . လှိုက်လှိုက်လှဲလှဲ . . .
ငါဘာ့ကြောင့် . . . ရွတ်ဆိုပူဇော်နေရတယ်ဆိုတာကို . . .
ရင်ထဲက . . .
ငါအသိဆုံးပါ . . .  . . . ။
(၂၀၀၆ ဒီဇင်ဘာ ဘုရားရှင် ပွင့်တော်မူရာ ဗုဒ္ဓဂယာ ဗောဓိညောင်ပင်ရင်းတွင် ရေးသည် . . . ။)
ဦးကောဝိဒ ဝစီပိတ်ဆရာတော်

mountain

ဖြတ်သန်းခြင်း၏ နည်းလမ်းများ
တစ်နေ့မှာတော့ . . . ဆရာတပည့်နှစ်ယောက်ရဲ့ . . . လမ်းခရီးမှာ . . .
ကြီးမားမတ်စောက်တဲ့ . . . တောင်တန်းကြီးတစ်ခုဟာ ကားဆီးနေတယ် . . . နေလဲစောင်းပြီ ဖြစ်တဲ့အတွက် . . . တောင်ခြေမှာပဲ စခန်းချလိုက်ကြတယ် . . . ။

သူတို့နဲ့ မနီးမဝေးမှာ . . . တောင်ရဲ့ဟိုဖက်က . . . ကျော်လာတဲ့ ခရီးသွားတစ်စုနဲ့ . . . ဆရာသခင်ဟာ . . . စကားလက်ဆုံကျပြီး ဖြတ်သွားရမည့် . . . လမ်းခရီးကို . . . မေးနေတယ် . . . ။
တပည့်ကတော့ . . . ကလေးပီပီ . . . ခပ်စောစောပဲ . . . အိပ်မောကျသွားတယ် . . . ။
နောက်တစ်နေ့မနက်မှာတော့ . . .  ဆရာတပည့်နှစ်ယောက်ဟာ . . . တောင်စတက်ကြတော့တယ်။
တ . . . ပည့်ကတော့ . . . လူငယ်ပီပီ . . . သုတ်သုတ်နဲ့ တက်သွားလိုက် .
မောရင် . . . ဆရာသခင်ကို ပြန်ထိုင်စောင့်လိုက် . . . လုပ်နေပေမဲ့. . ဆရာသခင်ကတော့ . . . တစ်လှမ်းခြင်းပဲ . . . ဖြေးဖြေးနဲ့ မှန်မှန် . . . တောင်တက်နေတယ် . . . ။
ဒီလိုနဲ့ တောင်ထိပ်ရောက်ခါနီးမှာ . . .
ကျောက်တုံးတွေ ပြည့်နှက်နေတဲ့ . . . ကျောက်တောတစ်ခုကို . . . ဖြစ်သန်းရတယ် . . . ။
တပည့်လည်း . . . ထုံးစံအတိုင်း . . . မျောက်ပေါက်စလေး တစ်ကောင်လို . . . ဟိုခုန်ကူးလိုက် . . . ဒီခုန်ကူးလိုက် . . . လုပ်နေရာက . . . ခြေချော်ပြီး . . . ခြေထောက်ခေါက်သွားရော . . . ။
ဆရာသခင်က . . . ကြင်ကြင်နာနာနဲ့ . . . ပါလာတဲ့ တောဆိတ်ဆီကို လူးပေးပြီး . . . ဆရာတပည့်နှစ်ယောက် . . . ခဏထိုင်နားနေကြတယ် . . . ။
ဆရာသခင်က . . . လေသံအေးအေးနဲ့ . . . တပည့်ကို ဆုံးမတယ် . . .
“ဒီမှာ . . . ငါ့တပည့် . . . ဆရာပြောတာကို . . . သေသေချာချာ  . . . နားထောင်ပြီး . . . မှတ်ထား . . . ခရီးလမ်းတစ်ခုကို သွားခြင်း . . . ဖြစ်စေ . . . ပြဿနာတစ်ခုကို . . . ဖြတ်သန်းခြင်းဖြစ်စေ . . . ဘဝမှာ . . . ရှင်သန်နေထိုင်ခြင်းဖြစ်စေ . . . အောင်မြင်၏ . . . မအောင်မြင်၏ဆိုတာ . . . အခြေခံအကြောင်းတရား (၅) ချက်ရှိတယ် . . . ။
(၁) ကတော့ . . .
ခရီးလမ်းရဲ့ . . . အကွာအဝေး (သို့) ပြဿနာရဲ့ အတိမ်အနက်ကို သိခြင်းပဲ . . . ပြီးတော့ . . . ဖြတ်သန်းသွားရမည့် . . . ခရီးလမ်းတစ်ပိုင်းစီရဲ့ . . . သို့မဟုတ် . . . ပြဿနာ . . . တစ်ဆင့်စီရဲ့ . . . အစိတ်အပိုင်းကို သိခြင်းပဲ . . . ။
ဒါမှ . . . ဘယ်ရောက်ရင် . . . ဘယ်လောက် အားစိုက်ရမယ်ဆိုတာ . . . ဆုံးဖြတ်နိုင်မယ် . . . ။
(၂) ကတော့ . . .
အချိန်အခါနဲ့ . . . စည်းဝါးကို သိခြင်းပဲ . . .
ဥပမာ . . . ဒီလမ်းကို . . . မိုးတွင်းသွားရင် . . . ဒီလောက်ခရီးပေါက်မှာ မဟုတ်ဘူး . . . ။
ပြီးတော့ . . . နေစောင်းမှ တောင်တက်ရင်လည်း . . .
တောင်ထိပ်မရောက်ခင် မိုးချုပ်သွားလိမ့်မယ် . . . ။
ဒီလိုပဲ . . . ဘဝရဲ့ ပြဿနာကို ဖြေရှင်းရာမှာလည်း . . . ဝင်ရမည့်အချိန် . . . ထွက်ရမည့်အချိန်ကို သိတတ်ရမယ် . . . ။
(၃) ကတော့ . . .
သမာဓိရှိဖို့ . . . အာရုံစူးစိုက်ဖို့ လိုအပ်တယ် . . .
ကိုယ်သွားနေတဲ့ ခရီးလမ်းမှာ . . . အန ္တရာယ်တွေနဲ့ ပြည့်နှက်နေရင် . . .
သမာဓိမရှိလို့ မဖြစ်ဘူး . . . ။ သမာဓိမရှိရင် . . . ခုမင်းဖြစ်သလို . . .
အနာတရ ဖြစ်တတ်တယ် . . . ပြဿနာတွေကို ဖြေရှင်းရာမှာလည်း . . .
သမာဓိ မရှိရင် . . . အနာတရ . . . အဆုံးအရှုံးဖြစ်တတ်တယ် . . . ။
(၄) အချက်ကတော့ . . .
“မိမိကိုယ်ကို . . . မိမိယုံကြည်ခြင်းပဲ . . . ”
အထက်က အချက်(၃) ချက်ကို . . . သေသေခြာခြာ သိသွားရင် . . .
နောက်တစ်ချက်ကျန်တာကတော့ . . .
ဒီလမ်းခရီးပေါ်မှာ . . . ဒီပြဿနာပေါ်မှာ . . .
မိမိကိုယ် . . . မိမိယုံကြည်မှု အပြည့်အဝရှိရမယ် . . .
ငါလုပ်နိုင် . . . ဖြတ်သန်းနိုင်ရမယ်လို့လဲ . . . ယုံကြည်မှု ရှိမယ် . . .
မိမိကိုယ်ကိုတောင် မိမ် ယုံကြည်မှု မရှိရင် . . .
ဘယ်လိုအောင်မြင်မှုကို . . . ရနိုင်မလဲ . . . ။

(၅) အချက်ကတော့ . . .
“ဇွဲရှိခြင်း” . . . ပဲ။
လမ်းခရီးမှာဖြစ်ဖြစ် . . . ဘဝရဲ့ ပြဿနာတွေဖြစ်ဖြစ် . . .
ပြဿနာဆိုတာ . . . ပေါ်လာတတ်စမြဲပဲ . . . ။
ခုမင်း အနာတရ ဖြစ်သလိုပေါ့ . . . အဲဒီလို အချိန်မျိုးမှာ . . .
ကိုယ်လိုချင်တဲ့နေရာကို ရောက်ဖို့ . . . ပန်းတိုင်ကို ရောက်ဖို့ဆိုတာ . . .
ဇွဲနဲ့ . . . ကျားကုတ်ကျးခဲ စိတ်ဓါတ်ဟာ . . . လိုအပ်တယ် . . . ။
ဇွဲမရှိရင် . . . မင်းလိုချင်တဲ့ နေရာကို . . . ဘယ်လိုမှ ရောက်နိုင်မှာ မဟုတ်ဘူး။
ခုလဲ . . . နေမဝင်ခင် တောင်ခြေရောက်ဖို့ . . .
ဒို့ဆရာတပည့် . . . ကြိုးစားရလိမ့်မယ် . . . ငါ့တပည့် . . .
ငါပြောတာတေါကို တစ်သက်လုံး မမေ့နဲ့ . . .
ပန်းတိုင်ရောက်ဖို့ဆိုတာ . . .
ဒီအချက် (၅) ချက် မရှိလို့ မဖြစ်ဘူး . . . “။
လို့ပြောပြီး . . . ဆရာသခင်က တပည့်ကို . . . ယုယုယယနဲ့ တောင်ခြေကို နေမဝင်ခင် ရောက်နိုင်အောင် . . . ခရီးဆက်ထွက်ကြတော့တယ်။

stream

ရေသည်မကောက် မြစ်သာကောက်၏
တစ်နေ့မှာတော့ . . . ဆရာသခင်နဲ့ တပည့်ဟာ . . . ခရီးသွားရင်း . . . မြစ်ကြီးတစ်ခုနား ရောက်လာတယ် . . . ။
မြစ်ကူးတံတားကို ရောက်ဖို့ . . . ကောက်ကွေ့တဲ့မြစ်ကို . . . ပတ်ပြီး သွားကြရတယ် . . . ။
သွားရင်း . . . သွားရင်း . . . နဲ့ . . .  မွန်းတည့်ရောက်ခါနီးအထိ . . . လျှောက်လာကြတာ . . . မြစ်ကူးတံတားကို မရောက်သေးဘူး . . .
ဟိုဘက်ကမ်းကို . . . လှမ်းမြင်နေရပါလျှက်နဲ့ . . . ကျော်ဖြတ်လို့ မရဘူးဖြစ်နေကြတယ် . . . ။

ဆရာတပည့်နှစ်ယောက်ဟာ . . . နေမွန်းမတည့်ခင် . . . တစ်ခုခုစားဖို့ . . . ခဏနားလိုက်ကြတယ် . . . ။
တပည့်က ဆရာကို မေးတယ် . . .
“ဆရာသခင် . . . ရေတွေဟာ . . . ဘာကြောင့် . . . ကောက်ကွေ့ပြိး . . . စီးဆင်းနေရတာလဲ . . . ”
ဒီတော့ ဆရာသခင်က အေးချမ်းစွာ ပြုံးရင်း ပြန်ဖြေတယ် . . .
“ချစ်တပည့် . . . အမှန်မှာကတော့ . . . ရေက . . . ကောက်ကွေ့နေတာ မဟုတ်ပါဘူးကွာ . . . ရေကို . . . သေးမွားတဲ့ ရေစက်လေးတွေနဲ့ . . . စုပေါင်းထားတာ . . . မြစ်ရဲ့ကောက်ကွေ့မှုအတိုင်း . . . စီးဆင်းနေခြင်းသာ ဖြစ်တယ် . . . ငါ့တပည့် . . . ။
ဘဝသံသရာမှာလည်း . . . ဒီအတိုင်းပါပဲ . . .
ကံ . . . ကံ . . . ရဲ့အကျိုးဆိုတဲ့ . . . အကောက်အကွေ့တွေအတိုင်း . . . ဘဝတွေဟာ . . . စီးဆင်းနေကြတာပါ . . . ဖြောင့်တဲ့အခါလည်း ရှိမယ် . . . ကောက်တဲ့အခါလည်း ရှိမယ် . . .
ဖြေးဖြေးစီးတဲ့အခါလည်း ရှိမယ် . . . ရေစီးကြမ်းတဲ့အခါလည်း ရှိမယ် . . .
သမုဒ္ဒရာ . . . ရောက်တဲ့အထိပေါ့ . . .
ရေကမကောက်ဘူး . . . ငါ့တပည့် . . . မြစ်ကသာ ကောက်တာ . . . “လို့ပြောပြရင်း . . .  ဆရာတပည့်နှစ်ယောက် . . . ခရီးဆက်ဖို့ . . . ပြင်ဆင်ကြတော့တယ် . . . ။

လေတိုက်မှု နိယာမ
တစ်နေ့မှာတော့ . . . ဆရာသခင်နဲ့ တပည့်ဟာ . . .
ဟိမဝန္တာတောင်ခြေက . . . မြို့လေးတစ်မြို့ကို ဖြတ်သန်းသွားရတယ် . . . ။
မြို့ထဲဝင်တာနဲ့ . . . မြို့ထဲက လူတွေဟာ . . . လှူဖွယ်တန်းဖွယ်တွေ ယူလာကြပြီး . . . ဆရာသခင်ကို လှူဒါန်းကြတယ် . . . ဆရာသခင်ကလည်း . . . ကောင်းချီးဆုမင်္ဂလာတွေ ပေးတယ် . . . ။
လှူဒါန်းတဲ့ ပစ္စည်းတွေဟာ . . . များလွန်းတာကြောင့် . . . တပည့်တစ်ယောက်ထဲ မနိုင်တော့ဘဲ . . . စေတနာရှိတဲ့ မြို့ထဲက . . . လူငယ် (၂)ယောက်ပါ ဝိုင်းသယ်ပေးရတယ် . . . ။
မြို့လယ်က . . . ဇရပ်တစ်ခုနားရောက်တော့ . . . ဆရာသခင်ဟာ . . . ခဏထိုင်နားနေတုံး မြို့ထဲကလူတွေဟာ ထပ် . . . ရောက်လာကြပြီး . . . လှူဖွယ်တန်းဖွယ်တွေ . . . ထပ်လှူကြပြန်တယ် . . . ။ ဆရာသခင်ဟာ . . . အဲဒီနေ့ . . . ကောင်းချီးဆု ပေးရလွန်းလို့ . . . တော်တော်ပင်ပန်းနွမ်းနယ်နေတယ် . . . ၊ မြို့ထဲက ဆက်ပြီးထွက်ခွါခါနီးမှာ . . . ဆရာသခင်က . . . မြို့ခံ ဒကာတွေကို မေးတယ် . . .
“ဒကာ သားငယ်တို့ . . .
ဒီမြို့လေးဟာ . . . အလှူဒါန . . . သဒ္ဓါတရားရှိလှတယ် . . .
တစ်ခုလောက် မေးပါရစေ . . . ၊ ကြီးမားတဲ့ စာသင်တိုက် . . . ၊ မိဘမဲ့ကျောင်းနဲ့ . . . ဘိုးဘွားရိပ်သာတွေရှိလား . . . “လို့ မေးလိုက်တယ် . . . ။
ဒီတော့ . . . မြို့ခံတွေကလည်း . . . ရှိတဲ့အကြောင်း . . . ပြန်လျှောက်တင်တယ် . . . ။
ဆရာသခင်က . . .
“ဒါဆို တစ်ချက်လောက် ကူညီပေးကြပါဦးကွာ . . .
ခု . . . ရလာတဲ့ လှူဖွယ်ပစ္စည်းတွေကို . . .
ကိုရင်များတဲ့ စာသင်တိုက်၊ မိဘမဲ့ကျောင်းနဲ့ ဘိုးဘွားရိပ်သာ၊ ချို့တဲ့တဲ့ကျောင်းတွေကို အညီအမျှ ခွဲဝေပြီး . . . လှူပေးလိုက်ကြပါကွာ …
ဒို့ဆရာတပည့်နှစ်ယောက် နေမဝင်ခင် . . . ခရီးဆက်ထွက်ရမှာမို့ . . .
မင်းတို့ပဲ . . . စီစဉ်လှူပေးလိုက်ကြပါ . . . ”
လို့ပြောရင်း . . . လှူဒါန်းထားတဲ့ ပစ္စည်းတွေကို . . . တစ်ခုမှ မယူဘဲ . . . မြို့ပြင်ကို ဆက်ထွက်ခဲ့တယ် . . . ။
မြို့သူမြို့သားတစ်ချို့က . . . မြို့တံခါးဝအထိ . . . လိုက်ပို့ကြတယ် . . .
ဆရာတပည့်နှစ်ယောက်ဟာ . . . လမ်းလျှောက်လာရင်း . . . တပည့်က . . . ကလေးပီပီ . . . ထားခဲ့ရတဲ့ . . . ပစ္စည်းတွေကို . . . နှမြောနေတယ် . . . ။
မြို့နဲ့ တော်တော်ဝေးဝေးရောက်တော့ . . . တပည့်ကမေးတယ် . . .
“ဆရာသခင် . . . ဒီလောက်များတဲ့ လှူဖွယ်ပစ္စည်းတွေကို . . .
နဲနဲ . . . ပါးပါး . . . ခရီးလမ်းအတွက် . . . ဘာလို့ မယူခဲ့တာလဲ . . . ”
ဒီတော့ . . . ဆရာသခင်က ပြံုးပြီး . . . ခေါင်းတစ်ငြိမ့်ငြိမ့်နဲ့ ဘာမှ မပြောဘဲ . . .
နေဝင်ခါနီးမှာ . . . လမ်းဘေးက . . . ဇရပ်လေး တစ်ခုကိုတွေ့တော့ . . .
အေးမြတဲ့ ဆောင်းဦးညကို . . . ကျော်ဖြတ်ဖို့ . . .
မီးဖိုပြီး . . . မီးပုံဘေးမှာ . . . မီးလှုံနေကြတယ် . . . ။
အဲဒီအချိန်မှာ . . . ဆရာသခင်ဟာ . . . အေးဆေးတဲ့လေသံနဲ့ . . .
“လေ . . . ဘာ့ကြောင့်တိုက်လဲ . . . သိလား ငါ့တပည့်” . . . လို့ မေးလိုက်တယ် . . . ။ ဒီတော့ တပည့်က . . . တော်တော်ကြာကြာ . . . စဉ်းစားရင်း . . . ခေါင်းကုတ်ပြီး . . .
“လေတိုက်တာတော့ သိတယ် . . . ဘာ့ကြောင့်တိုက်မှန်း မသိဘူး . . . “လို့ . . .  ပြန်ဖြေလိုက်တယ် . . . ။
ဆရာသခင်က . . . “အမြဲတမ်း မှတ်ထား ငါ့တပည့် . . .
လေဆိုတာ . . . ပူရင် အပေါ်ကို တက်တယ် . . .
အဲဒီအခါ . . . သူ့မူလနေရာမှာ . . . (လပ်ဟာမှုကွက်လပ်) ဖြစ်သွားတယ် . . . လောက နိယာမအရ . . . (လပ်ဟာမှုကွက်လပ်)ဆိုတာ . . . မရှိစကောင်းဘူး . . . ။
ဒီတော့ . . . အခြားအရပ်က . . . လေက . . . အဲဒီ ကွက်လပ်ဖြစ်နေတဲ့ နေရာကို . . . ဖြည့်ပေးရတယ် . . . ။ အဲဒါကိုပဲ . . . လေတိုက်မှုနိယာမလို့ ခေါ်တယ် . . . တပည့် . . . “လို့ ရှင်းပြတယ် . . . ။ ပြီးတော့ . . . ဆရာသခင်က . . . ဆက်ပြီးပြောတယ် . . .
“ဒီနေ့ . . . မင်းမေးတဲ့ . . . မေးခွန်းကို . . . ငါပြန်ဖြေမယ် . . . တပည့် . . . ခုန . . . လေတိုက်မှု နိယာမ အတိုင်းပါပဲ . . .
စိတ်စေတနာ . . . သဒ္ဓါတရားသန့်သန့်နဲ့ . . .
နှောင်ကြိုးမဲ့ . . . မင်းလှူလိုက်တဲ့ . . . အကြောင်းတရား တစ်ခုကြောင့် . . . မင်းရဲ့ သဒ္ဓါတရားအတိုင်း . . . (လပ်ဟာမှု)ဟာ . . . ဖြစ်ပေါ်လာမယ်
. . . ။ ဒီအခါမှာ . . . မင်းစေတနာနဲ့ . . . ညီမျှတဲ့ . . . လပ်ဟာမှု အကျယ်အဝန်းအတိုင်း . . . အခြားက . . . အကြောင်းတရားတွေဟာ . . . လာရောက်ဖြည့်ဆည်း ပေးရလိမ့်မယ် . . . ။
ရှေးသူတော်စင် . . . ဆရာသခင်တွေဟာ . . .
သူတို့ ဘဝအတွက် . . . ဘာမှ မလိုအပ်တော့တဲ့အတွက် . . .
သူတို့ကို . . . လာလှူသမျှ . . . ပစ္စည်းတွေကိုလဲ . . . ပြန်ပြီး . . . စွန့်ကျဲတတ်ကြတယ် . . . ။
ရောက်ရာအရပ် . . . ရောက်ရာမြို့ရွာမှာ . . .
သူတို့အတွက် . . . ဘာမှ လိုအပ်တယ်ဆိုတာ . . . မရှိတော့ဘူး . . . ငါ့တပည့် . . .
ဒီ . . . နိယာမကို . . . သိတဲ့ ရှေးသူတော်စင် ဆရာသခင်တွေဟာ
တစ်လောကလုံးကို . . . ဒီလိုပဲ ခရီးသွားကြတော့တယ် . . . ငါ့တပည့်
ကဲ . . . ကဲ . . . နက်ဖန်လည်း ခရီးဆက်ရဦးမယ် . . .
အိပ်ပေတော့ . . . “လို့ ပြောပြီး . . .
ဆရာတပည့်နှစ်ယောက် . . . ဇရပ်ပေါ်တက်လာကြတော့တယ် . . . ။

= = = လေတိုက်မှု နိယာမ = = =
မ(ဟာ)ရင် မလာ . . .
(ဟာ) မှ . . . မာမယ် . . .
မသင်ဘူး မပြောနဲ့ . . .
မှတ်ထားကွဲ့ . . . ။

သဒ္ဓါဆိုတာ . . .
(ဟာ) ခြင်းအစ ပဲ . . .
ဒါနပြုလှည့် . . .
မှတ်ထားကွဲ့ . . . ။

လောကရွာမှာ . . .
ဒါန . . . ရှိရင် . . .
အရာရာကို . . . ပေးနိုင်တယ်တဲ့ . . . ။
လောကရွာမှာ . . .
သီလ . . . ရှိရင် . . .
အရာရာကို . . . ပေးနိုင်တယ်တဲ့ . . . ။
လောကရွာမှာ . . .
မေတ္တာ . . . ရှိရင်
အရာရာကို အောင်နိုင်တယ်တဲ့ . . . ။
မသင်ဘူး မပြောနဲ့ . . .
မှတ်ထားကွဲ့ . . . ။

water

ရေပုတ်ကန်
တစ်နေ့မှာတော့ . . . ဆရာတပည့်နှစ်ယောက်ဟာ . . .
ခရိးဆက်လာကြရင်း . . . ရေကန်တစ်ကန်ကို . . . လှမ်းတွေ့လိုက်တယ် . . . ။
တပည့်က . . . ရေကလဲဆာ . . . အားရဝမ်းသာနဲ့ . . . ကန်ထဲက ရေကို . . . တစ်ဝကြီးသောက်ပြီး . . .
ကန်ဘေးမှာ . . . နားမယ်လို့ ကြံရင်း . . . ပြေးသွားတယ် . . . ။
ကန်နားရောက်တော့ . . . ရေကန်ဟာ . . . နောက်ကျိပြီး . . . အပုတ်နံ့တွေ ထက်နေတဲ့ အတွက် . . .
စိတ်ပျက်လက်ပျက်နဲ့ . . . နောက်ဆုတ်လာတယ် . . . ။ ဒါနဲ့ . . . ရေဆာဆာနဲ့ . . . ဆက်လျှောက်လာကြရင်း . . .
တော်တော်ဝေးဝေး . . . တောင်ခြေတစ်ခုကို ရောက်မှ . . . စမ်းချောင်းလေးတစ်ခုကို . . .
တွေ့ရလို့ . . . ဆရာတပည့်နှစ်ယောက် . . . ရေကို တစ်ဝကြီး သောက်ပြီး . . . စမ်းချောင်းလေးဘေးမှာ . . .
ထိုင်နားနေကြတယ် . . . ။
တပည့်က . . . ကလေးပီပီ . . . သိချင်စိတ်နဲ့ . . .
“ဆရာသခင် . . . ကျွန်တော်တို့ တွေ့ခဲ့ဖူးတဲ့ . . . ဟိမဝန္တာတောင်ခြေက . . . ရေကန်တွေဟာ . . .
ကြည်လင်အေးမြနေပြီး . . . ခုန တွေ့တဲ့ရေကန်ဟာ . . . ဘာလို့ . . . နံစော်ပုတ်ညစ်နေရတာလဲ . . . ”
ဆရာသခင်က ဖြေးဖြေး ပြုံးလိုက်ရင်း . . .
“ဒီလို ငါ့တပည့်ရ . . . ရေကန်တို့ရဲ့ သဘာဝက . . .
အဝင်လဲ ရှိပြီး . . . အထွက်လဲ ရှိတဲ့ . . . ရေကန်ဟာ . . . ကြည်လင်သန့်ရှင်းစမြဲပဲ . . . ။
အဝင်သာရှိပြီး . . . အထွက်မရှိတဲ့ . . . ရေကန်ဟာ . . .
ခုန မင်းတွေ့တဲ့ကန်လို . . . ပုတ်ညစ် နံစော်နေမှာပေါ့ . . .
လူသားတွေလဲ . . . ဒီလိုပါပဲ . . .
အယူလဲရှိပြီး . . . အပေးလဲရှိတဲ့ . . . လူသားဘဝဟာ . . . ကြည်လင်လန်းဆန်းနေပြီး . . .
အယူပဲရှိပြီး . . . အပေးမရှိတဲ့ . . . လူသားဘဝကတော့ . . .
သူ့ဘဝမှာ . . . ကြည်လင်လန်းဆန်းမှုကင်းပြီး . . . ခုန မင်းတွေ့ခဲ့တဲ့ ရေကန်လိုပဲ . . .
အခြားလူတွေ . . . ဝေးဝေးက . . . ရှောင်ကြတာပေါ့ . . . ငါ့တပည့်”လို့ ရှင်းပြရင်း . . .
ခရီးဆက်ထွက်သွားကြတော့တယ် . . . ။

မာန
တစ်နေ့မှာတော့ . . . ဆရာတပည့်နှစ်ယောက်ဟာ . . .
အလွန်နာမည်ကြီးတဲ့ . . . တောင်ထိပ်တစ်ခုက . . . စေတီဘုရားပွဲကို သွားကြတယ် . . . ။
မြင့်မားလှတဲ့ . . . တောင်ထိပ်မှာ . . . တည်ရှိတဲ့အတွက်
တောင်တက်လမ်းမှာ . . . ဘုရာူးဖူး အဆင်းအတက်တွေနဲ့ ပြည့်နှက်နေတယ် . . . ။
တောင်တက်လမ်းရဲ့ တစ်ချို့နေရာတွေမှာ . . .
တစ်ဖက်ကတောင်နဲ့ . . . တစ်ဖက်က နက်ရှိုင်းတဲ့ ချောက်ကြီးတွေ ဖြစ်နေတယ် . . . ။
ဘုရားဖူး ခရီးသွားတွေကလဲ . . . ဒီလမ်းမှာ . . . သွားလိုက် ပြန်လိုက်နဲ့ ပြည့်နှက်နေတယ် . . . ။
အဲဒီအချိန်မှာ . . . “မြို့ဝန်ငယ်”တစ်ဦးဟာ . . .
သူ့ကိုယ်ရံတော် တပ်နဲ့ မြင်းရထားကြီးနဲ့ . . . တောင်ပေါ်က တောင်ခြေကို ဆင်းလာတယ် . . . ။
သူ့ရှေ့က ကိုယ်ရံတော်တွေဟာ . . . ခပ်ကြမ်းကြမ်း ခပ်မာမာပဲ . . .
ဘုရားဖူးတွေကို . . . လမ်းဘေးကို ဆင်းခိုင်းတယ် . . .
ဆရာတပည့် နှစ်ယောက်ဟာလည်း . . . ကျဉ်းမြောင်းလှတဲ့ . . . လမ်းဘေးကို ဆင်းနေရတယ် . . .
အောက်မှာက . . . ချောက်ကြီး . . . ။
အဲဒီ “မြို့ဝန်ငယ်”အဖွဲ့ဟာ . . . ဆရာတပည့် နှစ်ယောက်ကို ကျော်ပြီး မလှမ်းမကမ်းမှာ . . .
ဘုရားဖူး အဖွားအို တစ်ယောက်ကို တိုက်မိတယ် . . . ။
ဆင်းခေါ်ကြည့်ဖေါ်တောင် မရဘဲ . . . ဆဲဆိုပြီးတော့ ထွက်သွားတယ် . . . ။
ဆရာတပည့် နှစ်ယောက်လုံးရော . . . ကျန်တဲ့ ဘုရားဖူးတွေရော . . . အဖွားအိုကို ဝိုင်းပြုစုကြပြီး . . .
နီးစပ်ရာ တောင်ခြေမြို့လေးဆီ . . . ပြန်ပို့ဖို့ စီစဉ်ပေးရတယ် . . . ။
ဒီအထဲက . . . ဘုရားဖူးလူငယ်တစ်ချို့က . . .
“မြို့ဝန်”ငယ်ငယ်လေးမို့ တော်သေးတာပေါ့ကွာ . . . ဒီလူသာ အမတ်တို့ ဝန်ကြီးတို့ ဖြစ်ရင်
မလွယ်ဘူး . . . “လို့ ညီးညူကြတယ် . . . ။
ဆရာတပည့် နှစ်ယောက်ဟာ . . . တောင်ထိပ်ရောက်ပြီးတော့ . . . ညဖက်မှာ . . .
ဘုရားဝတ်ပြု . . . မေတ္တာပို့ အမျှဝေကြတယ် . . . ။
စေတီ ပတ်ဝန်းကျင်မှာ . . . ဆီမီးပူဇော်တဲ့ . . . ဘုရားဖူးတွေနဲ့ ပြည့်နှက်နေတာကြောင့် . . .
တည်းခိုတဲ့ ဇရပ်ဆီကို ပြန်လာပြီး . . . ဇရပ်ဘေးမှာ . . . မီးလှုံနေကြတယ် . . . ။
မိုးသားကြည်လင်တဲ့ တောင်ထိပ်ကနေ . . . ကောင်းကင်ကို မော့ကြည့်လိုက်ရင် . . .
“ကြယ်ပင်လယ်”ကြီးကို . . . မိုးသားတစ်ခုလုံး . . . ကြည်တာရာတွေ ပြည့်နှက်နေတယ် . . . ။
အဲဒီအချိန်မှာ တပည့်က ဆိုတယ် . . .
“ဆရာသခင် . . . နေ့လည်က အဖြစ်ကို ပြန်စဉ်းစားရင် . . . တော်တော်စိတ်မကောင်းစရာပဲ . . .
ဘာလို့များ . . . လူတွေဟာ “မာန”ထောင်လွှားနေကြရတာလဲ . . .  မသိဘူး . . . ” လို့
ညီးတွားလိုက်တယ် . . . ။ ဆရာသခင်က . . . ကောင်းကင်ကို မော်ကြည့်လိုက်ရင်း . . .
“မိုးသားထက်က . . . ကြယ်တာရာတွေကို . . . တွေ့လား ငါ့တပည့် . . . “လို့ မေးလိုက်တယ် . . . ။
တပည့်က . . . မိုးသားထက်ကို . . . ကြည့်လိုက်ရင်း . . .
“တွေ့ပါတယ် . . . ဆရာသခင် . . . ” လို့ ပြန်ဖြေတယ် . . . ။ ဒီတော့ ဆရာသခင်က . . .
“သေသေချာချာ နားထောင် ငါ့တပည့် . . .
မင်းခု . . . ကြယ်တွေ . . . လို့ ခေါ်ရတဲ့ အရာအားလုံးဟာ . . . နေမင်းကြီးတွေပဲ . . .
ဒီလို . . . နေတွေ တစ်စုစီ . . . အများကြီး စုနေတာကို . . . မဟာစကြဝဠာ လို့ ခေါ်တယ် . . .
အဲဒီ . . . စကြာဝဠာတွေ တစ်စုစီ . . . မရေမတွက်နိုင်အောင် . . . များပြားလွန်းတာကြောင့် . . .
အဲဒါကို . . . အနန္တစကြဝဠာလို့ ခေါ်တယ် . . . ။
တစ်ခါက . . . ရဟန္တာအရှင်သူမြတ် တစ်ပါးဟာ . . . သပိတ်ထဲမှာ . . . မုန်ညင်းစေ့ အပြည့်ထဲ့ပြီး
စျာန်နဲ့ကြွချီလို့ . . . စကြဝဠာအဆုံးကို ရှာတာ . . . မုန်ညှင်းစေ့သာ ကုန်သွားတယ် . . .
အနန္တစကြဝဠာရဲ့ အဆုံးကို မရောက်ဘူးတဲ့ . . . ။ ဒီလောက် ကျယ်ပြောလှတယ် . . . ။
ဒို့ ခုနေထိုင်နေတဲ့ စကြဝဠာဆိုတာ . . . စကြဝဠာလေး တစ်ခုထဲက . . .
ထောင့်လေးတစ်ထောင့်က . . . ဂြိုဟ်(၉)လုံးနဲ့ ဖွဲ့စည်းထားတဲ့ . . . နေလေးတစ်လုံးနဲ့
အစိတ်အပိုင်း သေးသေးလေး တစ်ခုသာ . . . ဖြစ်တယ် . . . ။
ဥပမာပေါ့ . . . ငါ့တပည့်ရာ . . .
ဒီတောင်ခြေ မြို့လေးမှာ . . . အချမ်းသာဆုံး ဆိုတဲ့ လူတစ်ယောက်ဟာ . . .
ပြည်နယ်မြို့ကြီးတွေရောက်ရင် . . . သူလို . . . ငါလို . . . ပဲဖြစ်သွားရော . . .
ပြည်နယ်မြို့ကြီးက . . . အချမ်းသာဆုံး လူဟာလဲ . . . မြို့တော်ကို ရောက်သွားရင် . . .
သူ့ရဲ့ ချမ်းသာမှုဟာ . . . သူလို . . . ငါလို . . . ဖြစ်သွားပြန်ရော . . .
ဒီနိုင်ငံမှာ . . . အချမ်းသာဆုံးလူဟာလဲ . . . တစ်ကမ္ဘာလုံးက လူချမ်းသာတွေနဲ့ ယှဉ်လိုက်ရင် . . .
သူ့ချမ်းသာမှုဟာ . . . သူလို . . . ငါလို ဖြစ်သွားပြန်ရော . . .
ဒီကမ္ဘာပေါ်မှာ . . . အချမ်းသာဆုံးဆိုတဲ့ လူဟာ
ဟောဒီ ကြီးမားကျယ်ပြောလှတဲ့ . . . အနန္တစကြဝဠာနဲ့ ယှဉ်ရင် . . . သူဘယ်လောက်ချမ်းသာလို့လဲ . . . ။
မြူမှုန်စေ့လေးလောက် မရှိတဲ့ ချမ်းသာမှုကို . . . ဘာလို့ “မာန”သွားထားရမှာလဲ . . .
ဥပမာပေါ့ . . . ငါ့တပည့်ရာ . . .
ဒီတောင်ခြေမြို့လေးမှာ . . . ပညာအတတ်ဆုံး . . . လူတစ်ယောက်ဟာ . . .
ပြည်နယ်မြို့ကြီးတွေကို ရောက်ရင် . . . သူလို . . . ငါလို . . . ဖြစ်သွားတာပါပဲ . . .
ပြည်နယ်မြို့က . . . ပညာအတတ်ဆုံး . . . လူတစ်ယောက်ဟာလဲ . . . ဒီလိုပဲ . . .
မြို့တော်ကို ရောက်သွားရင် . . . သူလို . . . ငါလို . . . ဖြစ်သွားပြန်ရော . . .
နိုင်ငံမှာ . . . ပညာအတတ်ဆုံးလို့ ဆိုတဲ့ . . . လူဟာလဲ . . .
ကမ္ဘာနဲ့ယဉ်လိုက်ရင် . . . သူလို . . . ငါလို ဖြစ်သွားတာပါပဲ . . . ။
ကမ္ဘာမှာ ပညာအတတ်ဆုံးဆိုတဲ့ . . . ပညာရှင်ကြီးတွေဟာလည်း . . .
ဟောဒီ ကြီးမားကျယ်ပြောလှတဲ့ . . . အနန္တစကြဝဠာက အကြောင်းတရားတွေနဲ့ ယှဉ်ရင် . . .
သူဘယ်လောက် သိလို့ . . . တတ်လို့လဲ . . .
မြူမှုန်လေးလောက် မရှိတဲ့ . . . တတ်တဲ့ ပညာလေးအတွက် . . . ဘာ့ကြောင့် “မာန”ထားရမှာလဲ . . .
အခြားအကြောင်းတွေလဲ . . . ဒီလိုပါပဲ . . . မင်းသဘောပေါက်လား . . . ငါ့တပည့် . . . ”
တပည့်က . . . သဘောပေါက်ကြောင်း ပြောတယ် . . . ။
ဒီတော့ . . . ဆရာသခင်က . . . “အေး . . . စေတီဖက်မှာလည်း လူရှင်းသွားပြီ . . .
ငါတရားသွားထိုင်လိုက်ဦးမယ် . . . မင်းအိပ်ချင်လဲ . . . အိပ်တော့ . . . “ပြောရင်း . . .
စေတီဖက်ကို . . . တရားထိုင်ဖို့ . . . ထွက်သွားတော့တယ် . . . ။

 waterfall

ရေသည် ဆရာ
တစ်နေ့မှာတော့ . . . ဆရာတပည့်နှစ်ယောက်ဟာ . . . မနက်ကနေ ညနေအထိ . . .
တောင်တန်းကြီး တစ်ခုကို ကျော်ဖြတ်ခဲ့ကြပြီး . . . နေစောင်းချိန်မှာတော့ . . .
တောင်ခြေကို . . . ပြေပြေလေး ဆင်းတဲ့ . . . ကုန်းကျောလေး တစ်ခုုကို ရောက်လာကြတယ် . . . ။
အဆင်းလမ်းမှာ အလွန်လှပတဲ့ . . . ရေတံခွန်ကြီး . . . တစ်ခုကို တွေ့ရတယ် . . . ။
ဆရာတပည့် နှစ်ယောက်ဟာ . . . တစ်ဝကြီး နားနေကြပြီး . . .
ရေတံခွန်ကြီးရဲ့ . . . လှပစွာ ရေတွေစီးဆင်းနေတာကို . . . တအံ့တသြ . . . ငေးမောကြည့်နေကြတယ်။
ရေတံခွန် စီးကျရာမှာတော့ . . . ကြည်လင်အေးမြနေတဲ့ . . . ရေကန်ဖြစ်တဲ့အတွက် . . .
ဆရာတပည့် နှစ်ယောက် အဝတ်အစားလဲပြီး . . . ထိုင်နေကြတယ် . . . ။ နှစ်ယောက်သား . . .
အလွန်လှပတဲ့ ရှုခင်းကို . . . ငေးမောကြည့်ရင်း . . . တစ်ယောက်ကို တစ်ယောက် . . .
စကားမပြောနိုင်ဘဲ . . . ငြိမ်သက်နေကြတယ် . . . ။
တစ်ဖက်က . . . တောင်တန်းတောင်စွယ်တွေနဲ့ ဟိုး . . . အဝေးက လယ်ကွင်းပြင်
ပြီးတော့ . . . ရွာကလေး တစ်ရွာရှိတဲ့ . . . မြေပြန့်လွင်ပြင် . . .
ဒီဖက်များက . . . အလွန်လှပတဲ့ ရေတံခွန်နဲ့ . . . အဲဒီက . . . ဖြစ်လာတဲ့ . . . စိမ်းလန်းတဲ့ စမ်းချောင်းတစ်ခု
အဲဒီ စန်းချောင်းက . . . ဟိုး . . . အဝေးမြေပြန့်က . . . ရွာကလေးဆီ . . . စီးဆင်းနေတယ် . . . ။

အဲဒီအချိန်မှာ . . . ဆရာသခင်က . . .
“ငါ့တပည့် . . . မင်းအမြဲမှတ်ထား . . . ရေကို ဆရာတင်ပါ . . . “လို့ ပြောလိုက်တယ် . . . ။
တပည့်က . . . အူလည်လည်ဖြစ်သွားပြီး . . .
“ရေကို ဆရာတင်ပါ . . . ဆိုတာ . . . ဘာကို ပြောတာလဲ . . . ဆရာသခင်”
လို့ ပြန်မေးလိုက်တယ် . . . ။ ဒီတော့ . . . ဆရာသခင်က . . .
“မင်း အမြဲမှတ်ထား . . . ငါ့တပည့် . . .
ကိုယ့်ပတ်ဝန်းကျင်မှာ ရှိရှိသမျှ . . . အရာဝတ္ထုတွေဟာ . . . ယူတတ်ရင် ကိုယ့်ဆရာချည်းပဲ . . .
ကိုယ့်ထက် တစ်ကွက်သာရင်လည်း . . . ကိုယ့်ဆရာပဲ . . .
မင်းကို ခုန . . . ငါပြောတဲ့ (ရေကို ဆရာတင်ပါ) . . . ဆိုတာကတော့ . . .
နံပါတ်(၁)  . . . ရေဆိုတာ မြင့်သော အရပ်မှာ . . . နေလေ့နေထ မရှိဘူး . . .
အခွင့်အရေးရရင် . . . ရသလို . . . နိမ့်ရာအရပ်ကို စီးဆင်းတယ် . . .
သူစီးဆင်းရာ . . . လမ်းတစ်လျှောက်လုံးမှာလည်း . . . သူ့ကို လူတွေက . . . အမျိုးမျိုးအသုံးပြုကြတယ် . . . ။
ချက်ပြုတ်တဲ့လူက . . . ချက်ပြုတ် . . . ၊ ချိုးတဲ့လူက . . . ချိုး၊ သောက်တဲ့လူက သောက် . . .
ရေလောင်းတဲ့လူက . . . ရေလောင်း၊ အညစ်အကြေး မှန်သမျှလဲ . . . သူပဲ ဆေးပေးတယ် . . .
စားသောက်ဖို့ မှန်သမျှလည်း . . . သူနဲ့ ချက်ပြုတ်ရတယ် . . .
ဒါပေမဲ့ . . . သူကတော့ . . . သူနဲ့ မပတ်သက်သလို . . . တုဏှိဘာဝေ . . . ပေးဆပ်ရင်း . . . စီးဆင်းဆဲ . . .
ဟိုး . . . ပင်လယ် . . . သမုဒ္ဒယာ . . . ဆီကို ရောက်တဲ့အထိ . . .
အနိမ့်ဆုံး အရပ်ဖြစ်တဲ့ . . . သုညမျဉ်းမှာ နေတယ် . . .
ဒါကြောင့်လဲ . . . သူဟာ . . . “မဟာ”ဖြစ်တယ်။ လူတွေက “မဟာသမုဒ္ဒရာ”လို့ သူ့ကို ခေါ်ကြတယ်။

သူအနိမ့်ဆုံး အရပ်မှာ နေချင်ပေမဲ့ . . . နေလို့ မရဘူး . . .
နေရဲ့ အပူရှိန်ကြောင့် . . . ရေခိုးရေငွေ့လေးတွေဖြစ်ပြီး . . . အပေါ်ဆုံးကို . . . ရောက်ရပြန်တယ် . . .
မိုးအဖြစ် . . . ရွာသွန်းရပြန်တယ် . . .
စိမ့်စမ်းလေးတွေက တဆင့် . . . ချောင်းကလေးတွေ ဖြစ်ရပြန်တယ် . . .
အဲဒါ . . . ရေရဲ့ သံသရာပဲ . . . ။
ဆိုလိုတဲ့ . . . သဘောကတော့ . . .
တုဏှိဘာဝေ ပေးဆပ်ရင်းနဲ့ . . . ကိုယ့်ကိုယ်ကို . . . နိမ့်ချခြင်းပဲ . . . ငါ့တပည့် . . . ။
လို့ ပြောပြီး ခဏနားလိုက်တယ် . . .
တပည့်ကလည်း . . . ဆရာဘာဆက်ပြောမလဲ . . . ဆိုတာကို . . .
စူးစိုက်ပြီး . . . နားထောင်နေတယ် . . . ။

(၂) အချက် . . . ရေကို ဆရာတင်ပါဆိုတာက . . .
ရေဆိုတာ . . . ခွက်ထဲထည့်ရင် . . . ခွက်ပုံစံလေး ဖြစ်ပေးလိုက်တယ် . . .
အိုးထဲ ထည့်ရင်လည်း . . . အိုးပုံစံလေး ဖြစ်ပေးလိုက်တယ် . . .
ပုလင်းထဲ ထည့်ရင်လည်း . . . ပုလင်းပုံစံလေး ဖြစ်ပေးလိုက်တယ် . . .
ရောက်ရာဒေသ . . . ရောက်ရာ အရပ်မှာ . . .
ကာလံ ဒေသံနဲ့ သဟဇာတ . . . တစ်သားထဲဖြစ်အောင် . . . နေထိုင်နိုင်စွမ်းရှိခြင်းပဲ . . . ။
ဒါပေမယ့် . . . သူ့ရဲ့ မူလဇိဝဖြစ်တဲ့ . . . “ပေးဆပ်ခြင်း”ဆိုတာကို . . .
ပျောက်မသွားအောင် သူထိမ်းတယ်။
သဘောကတော့ ရောက်ရာအရပ်မှာ သဟဇာတဖြစ်အောင် နေထိုင်ခြင်းဖြစ်တယ် ငါ့တပည့်
တစ်ချို့လူတွေဟာ . . . ရေခဲတုံးကြီးတွေလို . . . စာအုပ်ကြီးအတိုင်း လုပ်နေရင် . . .
လိုအပ်တဲ့အခါ . . . ထုပြီးထဲ့ရတာ . . . ဆန်းတော့ မဆန်းပါဘူး . . . ပေါ့ . . .
ဒီအထိ . . . မင်းသဘောပေါက်လား . . . ငါ့တပည့် . . . “လို့ ပြောပြီးတော့ . . .
သဘောပေါက်ကြောင်း . . . တပည့်က ပြောတယ် . . . ။

(၃) အချက် . . . နောက်ဆုံးအချက်ကတော့ . . .
ရေဆိုတာ . . . မာသလား . . . ပျော့သလား ငါ့တပည့် . . . ။
“ပျော့ပါတယ် . . . ဆရာသခင်”
“ကျောက်သားဆိုတာရော . . . မာလား ပျော့လား . . . ”
“မာပါတယ် . . . ဆရာသခင် . . . ”
အေး ဟုတ်တယ် . . . ရေဆိုတာ ပျော့တယ် . . . ကျောက်ဆိုတာ . . . မာတယ် . . .
ဒါပေမဲ့ . . . ရေဆိုတာ . . . တဖြည်းဖြည်းနဲ့ . . . တိုက်စားရင် . . .
ကာလတစ်ခုမှာ . . . မာပေ့ဆိုတဲ့ . . . ကျောက်တုံးကြီးကိုတောင် . . . ဖြတ်သွားနိုင်တယ် . . . ။
ဆိုလိုတာကတော့ . . . ဇွဲရှိဖို့ . . . ကျားကုတ်ကျားခဲ စိတ်ဓါတ်ကို . . . ဆိုလိုတယ် . . . ငါ့တပည့် . . . ။
လို့ ပြောလိုက်တယ် . . . ။ ပြီးတော့ . . . ဆရာတပည့်နှစ်ယောက်ဟာ . . .
နေမဝင်ခင် . . . တောင်ကြားလွင်ပြင်ထဲက . . . ရွာလေးထိ ရောက်အောင် . . .
ခရီးဆက်ကြတော့တယ် . . . ။

တိမ်တိုက် ရုပ်လွှာ
နေသာတဲ့ . . . နေ့တစ်နေ့မှာ . . . ဆရာတပည့် နှစ်ယောက်ဟာ . . .
လယ်ကွင်ကျယ်ကြီးကို ဖြတ်ပြီး . . . ခရီးဆက်နေကြတယ် . . .
ဖြူဖွေးနေတဲ့ . . . မိုးသားတိမ်တိုက်တွေနဲ့ . . . ကြည်လင်ပြာလဲ့နေတဲ့ . . . ကောင်းကင်ပြာကြီးဟာ . . .
သဟဇာတဖြစ်ပြီး . . . ပဏာရလို့ နေတယ် . . . ။

ဆရာတပည့် နှစ်ယောက်ဟာ . . . လယ်ကွင်းအစပ်က ညောင်ပင်ကြီးကို ရောက်တော့ . . .
ခဏထိုင်နားနေကြတယ် . . . ။
တပည့်က ဆရာသခင်ကို မေးတယ် . . .
“ဆရာသခင် . . . ဘာလို့ တိမ်တိုက်တွေဟာ . . .
ငှက်ရုပ်ကြီးဖြစ်လိုက် . . . နဂါးရုပ်ဖြစ်လိုက် . . . တောင်လိုဖြစ်လိုက်နဲ့ . . .
ဘာလို့ . . . ပုံစံတွေ . . . ပြောင်းနေရတာလဲ . . . ”
ဒီတော့ . . . ဆရာသခင်က ပြန်ဖြေတယ် . . .
“တိမ်တိုက်ဆိုတာ . . . ပေါ့ပါးတယ် . . . ငါ့တပည့် . . .
လေရဲ့ တိုက်ခတ်မှုကြောင့် . . . လွင့်မြောရင်း . . . ပုံစံအမျိုးမျိုး ဖြစ်နေကြတာ . . .
လူ့ဘဝတွေလဲ . . . ဒီလိုပဲ . . .
ကံ၊ ကံရဲ့ အကျိုးဆိုတဲ့ . . . လေနှင်ရာအတိုင်း . . . ဘဝရဲ့ ပုံရိပ်တွေဟာ . . .
သံသရာမှာ . . .
ပြောင်းလဲနေကြတာ . . . ငါ့တပည့် . . . ”
လို့ ပြောရင်း . . . ခရီးဆက်ထွက်ခဲ့ကြတော့တယ် . . . ။

ရှင်သန်ခြင်း၏ အဓိပ္ပါယ်
တစ်နေ့မနက်မှာ . . . ဆရာသခင်နဲ့ တပည့်ဟာ . . .
လယ်ကွင်းကို ဖြတ်ပြီး . . . ဖောက်ထားတဲ့ လှည်းလမ်းလေးအတိုင်း . . . ခရီးဆက်နေကြတယ် . . . ။
ဆောင်းဦးရာသီ ဖြစ်တဲ့အတွက်ကြောင့် . . .
လယ်သမားတွေဟာ . . . တေးတစ်ကျော်ကျော်နဲ့ . . . စပါးရိတ်နေကြတယ် . . . ။
ကျောင်းသူကျောင်းသားလေးတွေလည်း . . . ပျော်ရွှင်မြူးတူးလို့ ကစားရင်း . . .
ကျောင်းကို သွားနေကြတယ် . . . ။
သံဃာတော်တွေလည်း . . . စီတန်းပြီးတော့ တစ်ဖက်ရွာကို . . . ဆွမ်းခံကြွဖို့ သွားနေကြတယ် . . . ။

ဒီလို သွားနေတုံးမှာ . . . လူတစ်ယောက်ကို . . . ဆရာတပည့်နှစ်ယောက် လှမ်းတွေ့လိုက်တယ် . . . ။
အဲဒိလူဟာ . . . အရက်မူးပြီး . . . ကန်သင်းရိုးကို ခေါင်းအုံးလုပ်လို့ . . .
ခြေပစ်လက်ပစ် အိပ်ပျော်နေတယ် . . . ။ ဒီလောက် . . . မင်္ဂလာရှိလှတဲ့ အရုဏ်ဦး မနက်ခင်းနဲ့ . . .
ဒီလူ့ပုံရိပ်ဟာ . . . လုံးဝ . . . သဟဇာတ မဖြစ်ဘူး . . . ။ တော်တော်ဝေးဝေးရောက်တော့ . . .
တပည့်က ဆရာကို လမ်းလျှောက်ရင်း မေးတယ် . . .
“ဆရာသခင် . . . လောကမှာ . . . ရှင်သန်ခြင်း အဓိပ္ပါယ်ဟာ . . . ဘာလဲ . . . ”
ဆရာသခင်ဟာ လမ်းလျှောက်ရင်း . . . တစ်နေရာမှာတော့ . . .
နားဖို့ လယ်ကန်သင်းရိုးပေါ် ထိုင်ချလိုက်တယ် . . . ။
ဟိုး . . . အဝေးက . . . စပါးရိတ်နေတဲ့ လူတွေကို . . . လှမ်းမျှော်ကြည့်ရင်း . . .
“ငါ့တပည့် . . . မင်းမေးတဲ့ မေးခွန်းဟာ နက်ရှိုင်းလှတယ် . . .
လူတွေ ဘာ့ကြောင့် လောကမှာ ရှင်သန်လဲ . . . ရှင်သန်ခြင်း အဓိပ္ပါယ်က ဘာလဲဆိုတော့ . . .
လူတွေကို မကြည့်ခင် . . . သဘာဝတရားကြီးကို ကြည့်ရအောင်ကွာ . . .
နေမင်းကြီးဟာ . . .
မနက်ကနေပြီး . . . ညနေအထိ . . . ဒို့ကို . . . ထွန်းလင်းပေးနေတယ် . . .
ငါမင်းတို့အတွက် . . . ထွန်းလင်းခ . . . ဤ၍ . . . ဤမျှ . . . ပေးရမယ်လို့ . . .
တစ်ခါမှ . . . မတောင်းခဲ့ဖူးဘူး . . . ”
“ငါတို့ နေ့စဉ် လေကို ရှူရှိူက်နေကြတယ် . . .
လေမရှိရင် . . . လူသားဆိုတာ . . . အသက်မရှင်နိုင်ဘူး . . .
လေကလဲ . . . ငါ့ကို ရှူခ . . . ဆိုပြီး တစ်ခါမှ မတောင်းဖူးဘူး . . .
မြေကြီးကလဲ . . . ငါ့အပေါ် နင်းခ၊ ဖြတ်ကျော်ခ ဆိုပြီး တစ်ခါမှ မတောင်းဖူးဘူး . . .
ရေကလဲ . . . ငါ့ကို . . . ချိုးခ၊ သုံးစွဲခ ဆိုပြီး မတောင်းဖူးဘူး . . .
သဘာဝ တရားကြီး တစ်ခုလုံးဟာ . . .
ပေးဆပ်ခြင်းအတွက် . . . မေတ္တာအတွက် . . . တုဏိဘာဝေ . . . ရှင်သန်နေတယ် . . .
ဒီအထိ မင်းသဘောပေါက်လား”လို့ မေးလိုက်တယ် . . . ။
တပည့်က . . . “သဘောပေါက်ပါတယ် . . . ဆရာသခင်”လို့ ပြန်ဖြေတယ် . . . ။

ဆရာသခင်က ဆက်ပြောတယ် . . .
“ကဲ . . . ဒို့လူသားတွေကို ကြည့်ရအောင်ကွာ . . .
အဖေ တစ်ယောက်ဆိုပါစို့ . . . တစ်နေ့ (၂၄)နာရီမှာ . . .
မိသားစုအတွက် . . . လုပ်ငန်းတာဝန်အတွက် . . . ရပ်ရေး . . . ရွာရေး . . . သာသနာရေးအတွက် . . .
အချိန်တွေကို . . . အသုံးပြုသွားတာကလွှဲလို့ . . .
သူ့ကိုယ်ကျိုးအတွက် . . . ဘယ်နှစ်နာရီ အသုံးပြုရလို့လဲ . . .
အမေတွေလည်း . . . ဒီလိုပဲ . . .
ချက်ပြုတ်လျှော်ဖွတ် . . . လင်သားအတွက် သားသမီးအတွက် . . .
ရပ်ရေး . . . ရွာရေး . . . သာသနာရေးအတွက် . . . တစ်နေ့မှာ . . .
သူ့ကိုယ်ကျိုးအတွက် . . . ဘယ်နှစ်နာရီ . . . သုံးလိုက်ရလို့လဲ . . . ။

လူသားမျိုးဆက် . . . တစ်ဆက်ပြီး တစ်ဆက် . . .
ပေးဆပ်ခြင်းအတွက် . . . မေတ္တာအတွက်ပဲ ရှင်သန်ခဲ့ကြတယ် . . .
မဟုတ်လား . . . ငါ့တပည့် . . . ”
“ရှေးဘိုးဘွားတွေ . . . ပေးဆပ်ရင်း . . . ထိမ်းသိမ်းစောင့်ရှောက်ခဲ့ကြလို့ . . .
ဒို့ ဒီနေ့အထိ . . . ရွှေတိဂုံစေတီတော်ကြီးကအစ၊ အခြားဘုရားကျောင်းကန် . . .
စေတီပုထိုးတွေကို . . . ဖူးမျှော်နေရဆဲ . . . မဟုတ်လား . . . ။
ရှေးလူကြီးတွေ . . . ပေးဆပ်ရင့် စောင့်ရှောက်ခဲ့ကြလို့ . . .
ဒို့ . . . ယဉ်ကျေးမှု . . . ဒီနေ့အထိ . . . တည်တန့်နေတာ မဟုတ်လား . . . ။
လယ်တီ ဆရာတော်ဘုရားကြီး . . . မင်းကွန်းဆရာတော်ဘုရားကြီး . . . တို့လို
ဆရာတော်ဘုရားကြိးတွေ . . . ပေးဆပ်ခဲ့လို့ . . .
နက်နဲလှတဲ့ . . . ဗုဒ္ဓမြတ်စွာဘုရားရဲ့ . . . ဒဿနတွေကို . . .
ဒို့ . . . လွယ်လွယ်ကူကူ . . . ဒီနေ့ လေ့လာနိုင်တာ . . . မဟုတ်လား . . . ။
ရှေးပညာရှိ . . . လူကြီးတွေ . . . ပေးဆပ်ခဲ့လို့ . . . သုတေသန . . . စာတမ်းတွေထားခဲ့လို့ . . .
ဒို့ . . . ဒီနေ့အထိ . . . ဘယ်ဘာသာရပ်မဆို . . .
ကိုးကား . . . မှီငြမ်းနေရဆဲ . . . မဟုတ်လား . . . ငါ့တပည့် . . . ”
“ဒီတော့ . . . မင်းခုန မေးတဲ့ မေးခွန်းကို ပြန်ချုပ်ရရင် . . .
လူသားတွေ . . . လောကမှာ ရှင်သန်ခြင်း . . . အဓိပ္ပါယ်ဟာ . . .
“ပေးဆပ်ခြင်းအတွက် . . . မေတ္တာအတွက်” . . . ဖြစ်တယ် . . . ။

ငါတို့ ဒီနေ့ မြင်နေရတဲ့ . . . နေမင်းကြီးဟာ . . . လွန်ခဲ့တဲ့ နှစ်သန်းပေါင်း များစွာက နေမင်းကြီးပဲ . . . ။
ဒီည ထွန်းလင်းလာမည့် . . . လမင်းကြီးဟာလဲ . . . လွန်ခဲ့တဲ့ နှစ်သန်းပေါင်းများစွာက လမင်းကြီးပါပဲ . . . ။
ဘာလို့ သူတို့ အသက်ရှည်နေကြသလဲဆိုတော့ . . .
ပေးဆပ်ခြင်းအတွက် . . . မေတ္တာအတွက် . . . တုဏှိဘာဝေ . . . ရှင်သန်နေကြလို့ ဖြစ်တယ် . . . ။
လူသားဖြစ်တဲ့ ဒို့ဟာ . . . ကြီးမားတဲ့ . . . မဟာသဘာဝကြီးရဲ့ . . . အစိပ်အပိုင်း တစ်ခုဆိုရင် . . .
ဒို့ဟာလည်း . . . ပေးဆပ်ခြင်းအတွက် . . . မေတ္တာအတွက် . . . ရှင်သန်ဖို့ လိုအပ်တယ် . . . ။
ပေးဆပ်သူက . . . လောကနိယာမနဲ့ . . . ကိုက်ညီတဲ့အတွက် . . . အသက်ရှည်တယ် . . .
ရယူသူဟာ . . . လောကနိယာမနဲ့ . . . ဆန့်ကျင်တဲ့အတွက် . . .
သဘာဝတရားကြီးကရိုက်ရင် . . . သံသရာနဲ့ချီပြီး . . . နာတတ်တယ် . . . ငါ့တပည့် . . .
ကဲ . . . ကဲ . . . ဒို့လဲ နေမမြင့်ခင် . . . ခရီးဆက်ရအောင် . . . “လို့ ပြောပြီး . . . ထလိုက်ရင်း . . .
ဆရာတပည့် နှစ်ယောက် . . . ခရီးဆက်ကြတော့တယ် . . . ။

 solder

ဆရာသခင်နှင့် စစ်သူကြီး
တစ်နေ့မှာတော့ . . . ဆရာနဲ့ တပည့်ဟာ . . .
မြို့ငယ်လေး တစ်မြို့မှာ . . . ခရီးသွားရင်း တည်းခိုကြတယ် . . . ။
အဲဒီမြို့မှာ . . . ဆရာသခင်ရဲ့ တပည့်တစ်ယောက်ကလည်း . . . ရှိနေတာမို့ . . . တည်းခိုဖို့ . . . အဆင်ပြေတယ် . . . ။
ညဖက်မှာ . . . ဒေသခံတွေက . . . ဆရာသခင်ကို . . . လာပြီးဖူးကြတယ် . . .
အဲဒီအထဲမှာ . . . မြို့ရဲ့ ရပ်မိရပ်ဖတွေနဲ့ . . . အုပ်ချုပ်ရေးဖက်က . . . လူကြီးတွေပါတယ် . . . ။
အဲဒီ အထဲမှာ . . . ခရီးတစ်ခုကို အသွား . . .
လမ်းမှာ ခိုနားနေတဲ့ . . . တပ်မ တစ်ခုက တပ်မမှူးလဲ ပါတယ် . . . ။
စစ်သူကြီးက . . . ဆရာသခင်ကို လျှောက်တယ် . . .
“အရှင်နဲ့ တွေ့ဆုံဖို့ ဆိုတာ . . . ဖြစ်တောင့် ဖြစ်ခဲ . . . အကြောင်းတရား တစ်ခုဖြစ်ပါတယ် . . .
ဆုံတုံးဆုံခိုက် . . . ဆုံးမစရာ . . . စကားလေးများ ရှိရင် . . . နာလိုပါတယ် . . . ဆရာသခင် . . . ”
လို့ လျှောက်တယ် . . . ဒီတော့ . . . ဆရာသခင်က . . .
”တကာ စစ်သူကြီး . . . သံသရာမှာ . . . ဒို့တတွေဟာ . . .
ဆုံလိုက် ကွဲလိုက် . . . ပြန်ဆုံလိုက်နဲ့ . . . ။
ဘယ်လိုပဲဖြစ်ဖြစ် . . . သံသရာမှာ ဆုံတွေ့လိုက်ရခြင်းမှာ . . .
တစ်ယောက်ကို တစ်ယောက် . . . ပညာရစရာ . . . မှတ်သားစရာ တစ်ခုခုကို ပေးနိုင်ခဲ့ရင် . . .
သံသရာမှာ . . . ဒို့ ဆုံရကျိုးနပ်ပါတယ် . . . “လို့ ပြောရင်း . . . ပရိသတ်ကို ကြည့်လိုက်တယ် . . . ။
ပရိသတ်ကလည်း . . . ဆရာသခင် ဘာဆက်ပြောမလဲ . . . နားထောင်နေတယ် . . . ။
“တကာ စစ်သူကြီး . . . ကြုံတုံး ကြံုခိုက် . . . စကားလက်ဆောင်လေး . . . ပါးပါရစေ . . .
(၁) ရိုးဂုဏ်ကို စောင့်ရှောက်ပါ . . . ။
(၂) အငှားသုံးပစ္စည်းကို . . . အငှားသုံးပစ္စည်းမှန်း . . . သိပါ . . . ။
(၃) မိမိရဲ့ တောက်ပမှုဟာ . . . သူတစ်ပါး မျက်စိမကျိမ်းစေနဲ့ . . . ။
ဆိုတဲ့ . . . အချက် (၃) ချက်ပဲဖြစ်တယ် . . .  တကာစစ်သူကြီး . . . ။
“(၁) ရိုးဂုဏ်ကို စောင့်ရှောက်ပါ . . . ဆိုတာက . . .
ခု . . . တကာစစ်သူကြီး . . . ဒီနေ့ ဒီအခြေအနေကို ရောက်ဖို့အတွက် . . .
ရိုးရဲ့လား . . . ဆိုတဲ့ . . . စာမေးပွဲတွေ . . . ဘဝမှာ . . . အများကြီး အစစ်ခံရတယ် မဟုတ်လား . . .
တပ်မှူးလေးကနေ . . . တပ်မှူးကြီးဖြစ်တဲ့အထိ . . .
တပ်မှူးကြီးကနေ စစ်သူကြီး . . . ဖြစ်တဲ့အထိ . . . ဟုတ်တယ် မဟုတ်လား . . . ”
လို့ ဆရာသခင်က . . . မေးလိုက်တော့ . . . စစ်သူကြီးက . . . ဟုတ်မှန်ကြောင်း ပြောတယ် . . . ။
ဒီတော့ ဆရာသခင်က ဆက်ပြောတယ် . . .
“ဒါပေမယ့် . . . တစ်ချို့လူတွေဟာ . . . ကြီးမားတဲ့ အဆင့်တွေကို ရောက်သွားရင် . . .
ငယ်စဉ် နုပျိုစဉ်က . . . သူတို့ ရိုးသားတဲ့ ဂုဏ်တွေကို . . .
ဓန . . . ဥစ္စာ . . . တွေနဲ့ လဲမိတတ်ကြတယ် . . . ။ အဲဒီအခါ . . . တစ်စုံတစ်ခုဖြစ်ရင် . . .
သူကိုင်တိုင်ရော . . . သူ့မိသားစုရော . . . အရှက်တစ်ကွဲ . . . အကျိုးနဲ ဖြစ်တတ်တယ် . . .
တစ်ဘဝလုံး . . . လူ့ဘောင်မှာ . . . ခေါင်းမဖော်ရဲအောင် . . . ဖြစ်တတ်တယ် . . .
ရောင့်ရဲတင်းတိမ်ရင် . . . အရှက်ရစရာမရှိဘူး . . .
ဒါကြောင့် . . . (ရိုးဂုဏ်ကို စောင့်ရှောက်ပါ)လို့  . . . ငါအရှင် ပြောခြင်းဖြစ်ပါတယ် . . . ။

“(၂) အငှားသုံးပစ္စည်းကို . . . အငှားသုံးပစ္စည်းမှန်း သိပါ . . . ” ဆိုတာက . . . ဥပမာ . . .
ဘုန်းကြီးကျောင်းတို့ . . . အခြား လူထုပိုင် . . . အဆောက်အဦးတွေကို ရောက်သွားတဲ့အခါ
အဲဒီကျောင်းက . . . ဖျာတွေပေါ်မှာ ထိုင်လို့ရတယ် . . .
အဲဒီကျောင်းက . . . စာအုပ်တွေကို . . . တောင်းဖတ်လို့ ရတယ် . . .
သို့သော် . . . အဲဒီကျောင်းက ထွက်လာတဲ့အခါ . . .
ဒါ . . . ကျွန်ုပ် . . . ဖျာ . . . ၊ ဒါ ကျွနု်ပ် . . . ခွက်၊ ဒါ ကျွန်ုပ် . . . စာအုပ်ဆိုပြီး . . . ယူသွားလို့ မရဘူး . . .
အဲဒီ ပစ္စည်းတွေဟာ . . . ဒီကျောင်းမှာ ရှိစဉ်ခဏမှာ . . .
ခေတ္တငှားသုံးတဲ့ . . . “အငှားသုံး ပစ္စည်းသာဖြစ်တယ် . . . အချိန်တန်ရင် ပြန်ထားခဲ့ရမှာ . . . ”
“ဒီလိုပဲ . . . မွေးရာက . . . သေရာကို သွားကြတဲ့ လမ်းမှာ . . .
မိမိမှာ . . . ရှိနေတဲ့ . . . ရာထူး . . . ဂုဏ်ရှိန် . . . ပိုင်ဆိုင်သမျှ . . . ပစ္စည်းမှန်သမျှဟာ . . .
ဘုန်းကြီးကျောင်းက . . . ပစ္စည်းတွေနဲ့ . . . ဘာကွာလို့လဲ . . .
အချိန်တန်ရင် . . . အားလုံးကို . . . ထားခဲ့ရတာပဲ . . . ၊ ထားခဲ့ရမှာပဲ . . .
လူသားသမိုင်းမှာ . . . ဘယ်လူသားတစ်ယောက်မှ . . .
ငွေသားတစ်ကျပ်နဲ့ . . . တမလွန်ကို သွားတယ်ဆိုတာ . . . မရှိခဲ့ဖူးဘူး . . . ။
ကုသိုလ်နဲ့ . . . အကုသိုလ်ပဲ . . . ယူသွားလို့ ရတယ် . . .
“အငှားသုံးပစ္စည်းကို . . . အငှားသုံးပစ္စည်း”မှန်း သိသူဟာ . . . “ရောင့်ရဲတင်းတိမ်နိုင်တယ်”
ရောင့်ရဲ တင်းတိမ်သူဟာ . . . ဘယ်တော့မှ . . . “အရှက်”မရဘူး . . . ။
မရောင့်ရဲ . . . မတင်းတိမ်နိုင်ကြသူတွေသာ . . . အရှက်ရကြရတာ . . .
ဘဝမှ . . . ငြိမ်းချမ်းပျော်ရွှင်ချင်ရင် . . .
“အငှားသုံး ပစ္စည်းကို . . . အငှားသုံးပစ္စည်းမှန်း သိပါ”လို့ . . . ငါအရှင် . . . ပြောခြင်းဖြစ်တယ် . . . ။

“(၃) မိမိရဲ့ တောက်ပမှုဟာ . . . သူများ မျက်စိ မကျိမ်းစေနဲ့ . . . “ဆိုတာက . . .
တကာ စစ်သူကြီး . . .
လူ့ဘဝဆိုတာ . . . မနာလို . . . ဝန်တိုမှုတွေနဲ့ ပြည့်နှက်နေတယ် . . .
ရှိရင်လဲ . . . မရှိသလိုသိပါ . . . ၊ သိရင်လဲ . . . မသိသလိုသိပါ . . . ။
မိမိရဲ့ တောက်ပမှုဟာ . . . သူတစ်ပါး မျက်စိ ကျိမ်းတဲ့ အထိ . . . သွားတောက်ပ မိရင် . . .
ငြိမ်သက်ငြိမ်းချမ်းတဲ့ . . . ဘဝလေး တစ်ခုကို . . . ဘယ်လိုမှ မရနိုင်ဘူး . . . ။
ကျီးကန်းတွေလိုပေ့ါ . . . သာမာန်အချိန်မှာ တည့်ကြပေမဲ့ . . .
တစ်ကောင်ကောင်က သားတစ်ရလိုက်ပြီ ဆိုရင် . . .
ဟိုလူကထိုး . . . ဒီလူက . . . ဆိတ်နဲ့ . . .
အဲဒီသားတစ် . . . ပါးစပ်က . . . မလွတ်ချသမျှ . . .
အထိုးအဆိတ်ခံရတော့တာပဲ . . . ”

ဤပို့သသော မေတ္တာကြောင့်
တစ်နေ့မှာတော့ . . . ဆရာသခင်နဲ့ တပည့်ဟာ . . .
သုဝဏ္ဏသျှံတောင်ထိပ်မှာ . . . အဓိဋ္ဌာန်ဝင်ကြရင်း . . .
တောင်ထိပ်က . . . တောင်ရိုးပေါ်အတိုင်း . . . စင်္ကြန်လျှောက်နေတယ် . . . ။
ဆရာသခင်ဟာ . . . (မေတ္တသုတ်)ကို . . . စင်္ကြန်လျှောက်ရင်း . . . ရွတ်ဆိုပူဇော်နေတယ် . . . ။
တောင်ရိုးအတိုင်း . . . လျှောက်လာကြရင်း . . . တစ်နေရာရောက်တော့ . . . နားကြတယ် . . .
တပည့်က . . .
“ဆရာသခင် . . . မေတ္တာပို့ရာမှာ . . . ထိရောက်စူးရှတဲ့ . . . နည်းလမ်းလေးများရှိရင် . . . သိလိုပါတယ် . . . ။
လို့ လှမ်းပြောလိုက်တော့ . . . ဆရာသခင်က . . .
“ငါ့တပည့် . . . ဒီလောကမှာ . . . မေတ္တာထက် . . . ထက်မြက်တဲ့ လက်နက်ဟာ . . . မရှိဘူး . . .
သီလ . . . က . . . မပေးနိုင်တဲ့ ပစ္စည်းလဲ မရှိဘူး . . . ၊ ဒို့ရဲ့ သဗ္ဗညုတဉာဏ်တော်ရှင် . . .
ဗုဒ္ဓမြတ်စွာဘုရားရှင် . . . ကိုယ်တော်တိုင်သော်မှ . . .
“အောင်ခြင်းရှစ်ပါး”ကို မေတ္တာနဲ့သာ အောင်မြင်ခဲ့တယ် . . . ။
အနန္တစကြဝဠာကြီး တစ်ခုလုံးကို . . . မေတ္တာလှိုင်းတွေနဲ့ လွမ်းခြံုထားတယ် . . . ။
မေတ္တာပို့ခြင်းမှာ . . . ထိရောက်တဲ့ . . . မေတ္တာပို့နည်းတွေ . . . ရှိတဲ့အနက် . . .
တကယ် ထိရောက်တဲ့ နည်းတစ်ခုကို . . . မင်းကို ပြောမယ် . . . ”

စဉ်းစားကြည့် ငါ့တပည့် . . . ဘုရားရှင်က ဟောကြားတော်မူခဲ့တယ် . . .
သံသရာ . . . မှာ . . . ဒို့ဟာ မွေးလိုက် သေလိုက်နဲ့ . . . ဒို့ရဲ့ အရိုးတွေဟာ . . . တောင်လိုပုံခဲ့ပြီတဲ့ . . .
ဒါဆိုရင် . . . ဒို့ရဲ့ . . . တော်စပ်ခဲ့ဖူးတဲ့ . . . မိဘတွေရဲ့ အရိုးဟာလဲ . . . တောင်(၂) ပုံစာ ဖြစ်မှာပေါ့ . . .
ညီအစ်ကို မောင်နှမ . . . ဆွေမျိုးသားချင်း . . . သူငယ်ချင်း . . . တော်စပ်ခဲ့ဖူးတဲ့ . . . အရိုးတွေဟာလည်း . . .
တောင်ပုံရာပုံ . . . ရှိမှာပေါ့ . . .
ဒီတော့ . . . သံသရာမှာ . . . ဒို့တတွေဟာ . . . သားအမိ၊ သားအဖ၊ ညီအစ်ကို မောင်နှမ . . .
တော်စပ်ခဲ့ဖူးတဲ့ လူတွေချည်းပဲ . . . ဘယ်သူ့ဘယ်သူမှ . . . တစိမ်းဆိုတာ . . . မရှိဘူး . . . “။
ငါ့တပည့် . . . ကိုယ်မေတ္တာပို့မည့်လူကို . . .
သံသရာတစ်ခုခုက . . . ကိုယ့်အမေ . . . ဖြစ်ခဲ့ဖူးတယ်လို့ . . . သတ်မှတ်ကြည့်ပါလား . . .
အမေ . . . နေရာမှာ ထားပြီး . . . မေတ္တာပို့ကြည့်ပါလား . . . ။
အမေဆိုတာ . . . ရယူသူမဟုတ်ဘူး . . . ပေးဆပ်သူ . . . ။
မင်းရဲ့ . . . ရန်သူကို ဖြစ်စေ . . . ဒီလို စိတ်ထားနိုင်ပြီး . . . မေတ္တာပို့နိုင်ရင် . . .
ဒီမေတ္တာပို့နည်းဟာ . . . အရမ်းထိရောက်တယ်ဆိုတာ . . . မင်းတွေ့ရလိမ့်မယ် . . . ။

အရပ်(၁၀) မျက်နှာကို . . . မေတ္တာပို့ရာမှာလည်း . . .
“အရှေ့အရပ်တွင်ရှိသော . . . လူတန်ဗြဟ္မာ . . . သတ္တဝါအားလုံးတို့သည်”လို့ ဆိုရာမှာ . . .
အရှေ့အရပ်မှာရှိတဲ့ . . . လူနတ်ဗြဟ္မာ . . . သတ္တဝါအားလုံးဟာ . . .
ကိုယ့်အမေ . . . ဖြစ်ခဲ့ဖူးတယ်လို့ သတ်မှတ်ပြီး . . . မေတ္တာပို့ကြည့်ပါ . . .
ကိုယ်ကျိုးမပါ . . . မေတ္တာ၊ စေတနာသက်သက်နဲ့ . . . မေတ္တာပို့ကြည့်ပါ . . .
အဲဒီ . . . မင်းပို့လိုက်တဲ့ . . . မေတ္တာတွေထက် . . .
အဆပေါင်းများစွာ . . . များပြားလှတဲ့ မေတ္တာတွေဟာ . . .
မင်းဆီကို ပြန်လာလိမ့်မယ် . . . ငါ့တပည့် . . . ။
ခု ငါပြောတဲ့ . . . အကြောင်းတရားတွေကို . . . မင်းသဘောပေါက်ရဲ့လား . . . ငါ့တပည့် . . . ”
လို့ပြောလိုက်တော့ . . . တပည့်က . . . သဘောပေါက်ကြောင်း ပြောလိုက်တယ် . . . ။

ပြီးတော့ . . .
သုဝဏ္ဏသျှံတောင်ထိပ်က . . . အောင်တံခွန်စေတီဖက်ကို . . .
တရားထိုင်ဖို့ . . .
ဆရာတပည့်နှစ်ယောက် . . . ဆက်လက်ထွက်ခွါသွားကြတော့တယ် . . . ။

ဤပို့သသော မေတ္တာကြောင့် . . .
ဤ . . . ဘဝနှင့် . . .
ပါရမီလမ်း၌ . . .
ဘဝပေါင်းများစွာ . . .
အကြိမ်ကြိမ် တော်ခဲ့ဖူးသော . . . အမေ . . . တို့အားလုံး . . .
ကိုယ်စိတ်နှစ်ဖြာ . . . ရွှင်လန်း . . . ချမ်းမြေ့ကြပါစေ . . . ။

ကျွနု်ပ်၏ . . . ပြုလုပ်ခဲ့ပြီးသော . . . ကုသိုလ်တို့တွင်လည်းကောင်း . . .
ကျွနု်ပ်၏ . . . ပြုလုပ်ဆဲ . . . ကုသိုလ်ကောင်းမှုတွင်လည်းကောင်း . . .
အမျှရကြပါစေသား . . .
“ဤ . . . ပို့သသော . . . မေတ္တာကြောင့် . . . ” . . . ။
7:36 AM 10/3/2011

ဦးကောဝိဒ ဝစီပိတ်ဆရာတော်

ပန်းအခူးခံရသူများ ပန်းအခူးခံရသူများ Reviewed by ၸဝ်ႈသု(မိူင်းပၼ်ႇ) on October 10, 2015 Rating: 5

No comments:

Powered by Blogger.