မီး(၈)မျိုး
မီး(၈)မျိုး
၁။ #ပကတိမီး = ထင်းမီး ဂက်စ်မီး စတဲ့မီးတွေပါ။ ပေါ့ဆလို့ မီးလောင်သွားရင် အိုးအိမ်တွေကို ပျက်စီး ဆုံးရှုံးစေတယ်။ လူကိုလည်း သေစေနိုင်တယ်။ သို့သော် နေရာတိုင်း မလောင်နိုင်သလို အချိန်တိုင်းလည်း မလောင်မြိုက်နိုင်ပါ။ ရှောင်လို့ ရနိုင်ပါတယ်။
၂။ #ငရဲမီး = ငရဲကြီးရှစ်ထပ် နှင့် အရံငရဲငယ်တွေမှာ ရှိတဲ့မီးတွေပါ။ ပုထုဇဉ်တွေ အကုသိုလ်ကံကြောင့် ငရဲရောက်ရင် အလောင်ခံရပါမယ်။ သို့သော် သောတာပန်အရိယာများ ဒီငရဲမီးက လွှတ်ပါတယ်။ ပုထုဇဉ်ဖြစ်ပေမယ့် သီလလုံခြုံရင် ကောင်းမှုကုသိုလ်တွေ စိတ်ထားမွန်မြတ်သူများ ဒီငရဲကို မရောက်ပါ။ အကုသိုလ်ကြောင့်သာ ရောက်ရပါတယ်။
၃။ #ကမ္ဘာဖျက်မီး = ၆၄ အန္တရကပ်ကုန်လို့ ကမ္ဘာပျက်ချိန်တန်ရင် ကမ္ဘာလောကကြီးတစ်ခုလုံး (စကြာဝဠာတိုက်တစ်သောင်း) ကို လောင်ကျွမ်းတဲ့မီးပါ။ အဲဒီအချိန်ကျရင် သတ္တဝါတွေအားလုံး လောကပါလနတ်တွေ တိုက်တွန်းနှိုးဆော် သတိပေးမှုကြောင့် ထိတ်လန့်သံဝေဂရကာ ဗြဟ္မစိုရ်တရားတွေထားကြပြီး ကမ္ဘာဖျက်မီး မရောက်နိုင်တဲ့ ဗြဟ္မာပြည်ကို ရောက်ပါတယ်။ ငရဲရှစ်ထပ်လည်း ပျက်စီးပါတယ်။ (နိယတမိစ္ဆာဒိဋ္ဌိ၊ ဖန်ဆင်းရှင်အယူရှိသူတွေကတော့ ငရဲကမလွှတ်ဘဲ မီးမလောင်တဲ့ တခြားကမ္ဘာက ငရဲကို ပြောင်းပြီး ကျရတယ်လို့ဆိုတယ်)
၄။ #ကိလေသာမီး = လောဘ၊ ဒေါသ စတဲ့မီးတွေပါ။ လူနတ်ဗြဟ္မာ သတ္တဝါတွေကို အလွှတ်မပေးဘဲ အချိန်တိုင်း လောင်မြိုက်စေပါတယ်။ သို့သော် ဘုရား၊ ပစ္စေကဗုဒ္ဓာ ရဟန္တာများ ဒီမီးအားလုံးက လွှတ်ပါတယ်။ အောက်ဆင့် အရိယာများ အချို့သော ကိလေသာမီးများ လွှတ်ကြပါတယ်။
၅။ #ဇာတိမီး = ပဋိသန္ဓေနေခြင်း ဆင်းရဲမှုပါ။ အမိဝမ်းခေါင်းထဲ ကျဉ်းကြပ်စွာနေရခြင်း၊ ခက်ခဲစွာ မွေးဖွားရခြင်း ဒုက္ခတွေပါ။ သတ္တဝါတွေ မွေးဖွားတိုင်း ဒီဇာတိမီးကို ခံကြရပါတယ်။ သို့သော် အဇာတိဖြစ်သွားတဲ့ ဘုရား၊ ပစ္စေကဗုဒ္ဓာ ရဟန္တာများ ဒီဇာတိမီးကို လွှတ်ပါတယ်။ ပုထုဇဉ်များ ဘဝတိုင်း ဒီမီး အလောင်ခံရပါတယ်။
၆။ #ဇရာမီး = အိုခြင်းဆင်းရဲပါ။ ဇာတိဆိုတဲ့ ဘဝစလာရင် အိုခြင်းဆိုတဲ့ ဇရာမီးကို အချိန်တိုင်းကို အလောင်ခံကြရတယ်။ ခန္ဓာရလာကြတဲ့ ဘုရား ရဟန္တာတွေလည်း ဒီဘဝမှာ ဇရာမီး အလောင်ခံရပါတယ်။ ပုထုဇဉ်များ ဘဝတိုင်း ဒီမီး အလောင်ခံရပါတယ်။
၇။ #ဗျာဓိမီး = နာကျင်ခြင်း ဆင်းရဲပါ။ ဇာတိဆိုတဲ့ ဘဝစလာရင် ခန္ဓာကိုယ်မှာ ဗျာဓိဆိုတဲ့ ညောင်းညာကိုက်ခဲခြင်း၊ နာကျင်ခံခက်ခြင်း စတဲ့ရောဂါတွေ အမျိုမျိုး ခံကြရပါတယ်။ ခန္ဓာရလာတဲ့ သူတိုင်း ခန္ဓာရလာကြတဲ့ ဘုရား ရဟန္တာတွေလည်း ဒီဘဝမှာ ဗျာဓိမီး မလွှတ်နိုင်ပါ။ ပုထုဇဉ်များ ဘဝတိုင်း ဒီမီး အလောင်ခံရပါတယ်။
၈။ #မရဏမီး = သေခြင်းဆင်းရဲပါ။ မွေးဖွားခြင်း၏ အဆုံးနိဂုံးကတော့ သေခြင်းဆိုတဲ့ မရဏပါပဲ။ ခန္ဓာရလာရင် မရဏမီးနဲ့ နိဂုံးချုပ်ရပါမယ်။ ခန္ဓာရလာကြတဲ့ ဘုရား ရဟန္တာတွေလည်း ဒီဘဝမှာ ဒီမီးကို မလွှတ်ပါဘူး။ ပုထုဇဉ်များ ဘဝတိုင်း ဒီမီး အလောင်ခံရပါတယ်။
မီးအလောင်မခံရအောင် မီးလွှတ်တရားဖြစ်တဲ့ ဝိပဿနာကို ကျင့်နိုင်ကြပါစေ။
မေတ္တာဖြင့်
တောင်တန်းသာသနာပြုဆရာတော်
အရှင်သုခမိန္ဒ (စဝ်ဆုခမ်း)

Reviewed by ၸဝ်ႈသု(မိူင်းပၼ်ႇ)
on
August 26, 2016
Rating:
No comments: