ဗုဒ္ဓဝင် ပုံတော်များ

ဗုဒ္ဓဝင်ပုံတော်များကို စဝ်ဆုခမ်း(တန့်ယန်း) Facebook ပေါ်မှကူးယူပြီးပြန်လည်မျှဝေပါသည်။
ဗုဒ္ဓဝင်ပုံတော်များကို ကြည်ညိုဖတ်ရှုရင်း ကုသိုလ်ယူနိုင်ကြပါစေ။

အရှင်သုဓမ္မ(မိုင်းပန်)

  
၁။ ဒီပင်္ကရာ မြတ်စွာဘုရားထံ သုမေဓာရသေ့ ဗျာဒိတ်ခံယူစဉ်။

၂။ သီရိမဟာမာယာ မိဖုရားကြီး ဆင်ဖြူတော်သည် မိမိ၏လကျော်နံပါးမှ ဝင်လာသည်ကို အိမ်မက်မက်စဉ်။

၃။ ဘုအလောင်း သိဒ္ဓတ္ထမင်းသားကို လုမ္ပိနီအင်ကြင်းတောမှ မွေးဖွားစဉ်။

၄။ နတ်ပြည်မှရလာသော သတင်းအရ ဒေဝီလရသေ့ကြီး ဘုရားအလောင်းတော်အား ကပိလနန်းတော်သို့ လာရောက်ကြည့်ရှုစဉ်။

၅။ ခမည်းတော်သုဒ္ဓေါဒနမင်းကြီးက ဇမ္ဗုသပြေပင်အောက် တရားထိုင် စျန်ဝင်စားနေသော သားတော်သိဒ္ဓတ္ထအား ပထမဆုံးအကြိမ် လာရောက်ဖူးတွေ့စဉ်။

၆။ ဒေဝဒတ် ပစ်ချသော ကြိုးကြာငှက်ကို အလောင်းတော် သိဒ္ဓတ္တမင်းသား ကယ်တင်စဉ်။ (တရားသူကြီး အဆုံးအဖြတ်ကတော့ ကြိုးကြာသေသွားရင် ဒေဝဒတ်မင်းသား ပိုင်ဆိုင်သင့်ပြီး ကြိုးကြာ မသေသေးပါက သိဒ္ဓတ္ထမင်းသား ပိုင်ဆိုင်သင့်ကြောင်း ဆုံးဖြတ်ပေးခဲ့)

၇။ သိဒ္ဓတ္ထမင်းသား လေးအတတ်ကို ပြသစဉ်။

၈။ သိဒ္ဓတ္ထမင်းသား အဋ္ဌာရသ အတတ်ပညာ (၁၈) ရပ်ကို ပြသစဉ်။

၉။ သိဒ္ဓတ္ထမင်းသားနှင့် ယသောဓရာမင်းသမိးတို့ လက်ထပ်ထိမ်းမြားစဉ်။

၁၀။ သိဒ္ဓတ္ထမင်းသား လူအို၊ လူနာ၊ လူသေ၊ ရဟန်း နိမိတ်လေးပါးမြင်စဉ်။

၁၁။ သိဒ္ဓတ္ထမင်းသား တောထွက်ခါနီး သားတော်ရာဟုလာကို လာကြည့်စဉ်။

၁၂။ သိဒ္ဓတ္ထမင်းသား အနောမာသောင်ကမ်းတွင် ဆံတော်ကို ပယ်စဉ်။

၁၃။ ဗိမ္ပိသာရမင်းက ဘုရားအလောင်းတော်အား နိုင်ငံတစ်ထက်ကို ခွဲပေးစဉ်။

၁၄။ အာဠာရ ရသေ့ထံ ဘုရားအလောင်း လောကီစျန် သင်ယူနေစဉ်။

၁၅။ ဥဒက ရသေ့ထံ ဘုရားအလောင်း လောကီစျန် လေ့လာသင်ယူစဉ်။

၁၆။ ဥရုဝေလတောတွင် ၆ နှစ်တိုင်တိုင် ဘုရားအလောင်း ဒုက္ကရစရိယာ (ပြုကျင့်ရန်ခက်ခဲတဲ့အကျင့်)ကို ကျင့်နေစဉ်။

၁၇။ အိပ်မက်ကြီး (၅)ခု
(၁) ဟိမသန္တာတောင်ကို ခေါင်းအုံး အရှေ့အနောက် တောင် မြောက် သမုဒ္ဒရာတို့ကို လက်နှစ်ဘက် ခြေနှစ်ဘက် ဆန်ချထားရသည်ဟု ဘုရားအလောင်း အိပ်မက်ထူးမက်ခဲ့ပြီး ဘုရားဖြစ်မည်ဟု နိမိတ်ယူ။

၁၈။ (၂) နွယ်မြက်တစ်မျိုး ချက်တော်မှ ပေါက်လာပြီး အထက်ဘဝဂ်သို့ တက်သွားခြင်း။
(၃) အဝေးမှ ရောင်စုံငှက်တွေ အနားကိုရောက်လာတော့ အဖြူရောင်ငှက် အဖြစ် အသွင်ပြောင်းသွားခြင်း။
(၄) လူမျိုးပေါင်းစုံ ဘာသာ အရောင်အသွေးပေါင်းစုံ လာရောက် ခယညွတ်တွားခြင်း။
(၅) မစင်ပေါ်တွင် လမ်းလျှောက်ရသော်လည်း ခြေတော်တို့အား မစင်မကပ်ခြင်း။

၁၉။ ဘုရားအလောင်းအား သုဇာတာ သူဋ္ဌေးသမီး ဃနာနို့ဆွမ်းကို ဆက်ကပ်စဉ်။

၂၀။ မာနတ်မင်းတို့ ဘုရားအလောင်းတော်ထံ ပလ္လင်လုရန်လာစဉ် ဘုရားအလောင်းတော်က မြေကြီးကို သက်သေပြုပြီး မာနတ်ကို အောင်မြင်ခဲ့။

၂၁။ ဂယာအနီး မဟာဗောဓိညောင်ပင်အောက်တွင် သဗ္ဗညုဘုရားအဖြစ်ကို ရောက်တော်မူပုံ။

၂၂။ တဖုဿ နဲ့ ဘလ္လိက ညီနောင်နှစ်ပါးတို့ ဘုရားရှင်ထံ ပျားဆုပ်မုန့် ကပ်လှူပြီး ဆံတော်ကို ပင့်ဆောင်ကာ ဥက္ကလာပတိုင်းတွင် စေတီတည်ခဲ့။

၂၄။ မဟာဗောဓိမှ မိဂဒါဝုန်သို့အသွား လမ်းမှာ အနာဂါမ်ဖြစ်မည့် ဥပကတက္ကတွန်းနှင့် တွေ့ပြီး ဘုရားရှင်က "ငါဟာ အနန္တဇိနဖစ်ကြောင်း၊ အရေးအကြောင်းရှိရင် ငါ့ကို လာတွေ့နိုင်ကြောင်း" ပြောကြားစဉ်။

၂၄။ ဗာရာဏသီပြည် မိဂဒါဝုန်မှာ ပဉ္စဝဂ္ဂီငါးပါးတို့အား ဓမ္မစကြာ တရားဦး ဟောပေးစဉ်။ (ဒီနေ့ကို ဓမ္မစကြာနေ့လို့လဲ ခေါ်တယ်။ တရားတော် စတင်ပေါ်ပေါက်တဲ့နေ့၊ အရိယာသံဃာတော် စတင် ပေါ်ပေါက်တဲ့နေ့လဲဖြစ်တယ်)

၂၅။ ယသသူဋ္ဌေးသား ဘုရားရှင်နဲ့တွေ့ပြီး တရားထူးရသွား။ ဖခင်ဖြစ်သူ သားပျောက်လိုက်ရှာရင်း တရားနာတဲ့အခါလဲ တရားထူးရပြန်။ နောက်ပိုင်း ဘုရားရှင်နဲ့ ယသရဟန်းတို့က သူဋ္ဌေးအိမ် (ယသရဟန်းရဲ့ ဖခင်အိမ်)သို့ ဆွမ်းဘုဉ်းကြွ။

၂၆။ စစ်မှန်တဲ့ သာသနာအဆုံးအမ ပြန့်ပွားစေဖို့ ရဟန္တာ (၆၀) တို့အား သာသနာပြု ကြွကြရန် ဘုရားရှင် တိုက်တွန်းစဉ်။ သာသနာ ဖြန့်အား ကောင်းစေရန်အတွက် ၂ ပါး အတူတူ မသွားကြဖို့ ဘုရားရှင်က တိုက်တွန်းခဲ့သေးတယ်။

၂၇။ ဥရုဝေလ ရသေ့တို့နဲ့ အတူနေစဉ် တန်ခိုးကြီးနဂါးမြွေကြီးကို ရေမြွေကဲ့သို့ ယဉ်ကျေးအောင် ဆုံးမတော်မူစဉ်။

၂၈။ ဥရုဝေလ ရသေ့နဲ့ တပည့်ငါးရာတို့ ဆံမုတ်ဆိပ်ကို ပယ်ပြီး ရဟန်းဝတ် လာကြစဉ်။

၂၉။ ဥရုဝေလကဿပ ရသေ့ရဲ့ ညီတော်ဖြစ်ကြတဲ့ ဂယာကဿပ၊နဒီကဿပတို့က မြစ်အောက်ဘက်ကို မျောလာတဲ့ နောင်တော် ရသေ့တို့ရဲ့ ဆံကျစ်တွေကို မြင်ပြီး စိုးရိမ်ကာ မြစ်ညာတို့လိုက်ခဲ့။ နောင်တော်ရသေ့နဲ့ အတူ ရဟန်းပြုသွားကြ။

၃၀။ ဗိမ္ပိသာရမင်းကြီး ဘုရားရှင်အား ရာဇဂြိုဟ်မြို့သို့ ကြိုဆိုပင့်ဆောင်စဉ်။

၃၁။ ပဉ္စဝဂ္ဂီငါးပါးမှ အငယ်ဆုံး အဿဇိရဟန်းအား သာရိပုတ္တရာလျောင်းလျာ လာတွေ့ဆုံပြီး တရားမေးမြန်းစဉ်။

၃၂။ အနာထပိဏ်သူဌေးကြီးက ဘုရားရှင်အား သာဝတ္ထိသို့ ကြွရောက် တရားဟောရန် ပင့်ဆောင်စဉ်။

၃၃။ သံဃာတော်တွေရဲ့ ရှေ့မှာ ခြင်္သေ့ကြီးလို ရဲရဲရင့်ရင့် တင့်တင့်တယ်တယ် ကျက်သရေရှိလှတဲ့ ဘုရားရှင်ဟာ သားတော် ရာဟုလာရဲ့ ခမည်းတော်ဖြစ်ကြောင်း ယသောဓရာ ပြောပြစဉ်။

၃၄။ ဘုရားရှင်နဲ့ အတူ လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း အတူ ပါရမီဖြည့်ခဲ့တဲ့ ယသောဓရာက ဘုရားရှင်အား ငိုကြွေးကန်တော့စဉ်။

၃၅။ လောကီအမွေ လာတောင်းသော ရာဟုလာကို ဘုရားရှင်က လောကုတ္တရာ အမွေပေးရန် အရှင်သာရိပုတ္တရာအား မိန့်ကြားစဉ်။

၃၆။ ဒေဝဒတ်၊ အာနန္ဒာ၊ အနုရုဒ္ဓါ စတဲ့သာကီဝင်မင်းသား ခြောက်ယောက် ရဟန်းလာပြုစဉ် မာနကျိုးစေဖို့အတွက် သူတို့ရဲ့ ကြေးကျွန်ဖြစ်တဲ့ ဥပါလိကို အရင်ဆုံး ရဟန်းခံဖို့ သဘောတူစဉ်။

၃၇။ ဘုရားရှင်အတွက် ကျောင်းဆောက်လှူဖို့ ဇေတမင်းသားရဲ့ ဥယျာဉ်ခြံဝင်းကို ရွှေဒင်္ဂါးအပြည့်ခင်းပြီး ဝယ်ယူစဉ်။

၃၈။ သာကီဝင်မင်း အချင်းချင်း လယ်ယာစပါးအတွက် ရေလုကြပြီး စစ်တိုက်ရန် ပြင်ဆင်လာချိန် ဘုရားရှင်က စစ်ရဲ့ ဆိုးကျိုးကို တရားဟောပေးကာ အမျိုးအတွက် ငြိမ်းချမ်းရေး ဖော်ဆောင်။

၃၉။ မာဂဏ္ဍီပုဏ္ဏားကြီးက သူ့သမီးချောအား ဘုရားရှင်ကို လက်ဆက်ပေးဖို့ ပြောကြားစဉ်။ ဘုရားရှင်က အသုဘတရား ဟောပေးခဲ့ရာ ပုဏ္ဏားလင်မယား အနာဂါမ်တည်သွားခဲ့သော်လည်း သမီးဖြစ်သူ မာဂဏ္ဍီကတော့ သူမရဲ့ အလှကို ကဲ့ရဲ့ရကောင်းလား ဆိုပြီး ဘုရားကို ရန်ငြိုးဖွဲ့သွားခဲ့တယ်။

၄၀။ ဘုရားရှင်ရဲ့ တန်ခိုးရှိန် ညှိုးမှိန်စေရန် တိတ္ထိတို့ရဲ့ စေခိုင်းချက်အရ စိဉ္စမာနက သူမရဲ့ ကိုယ်ဝန်ဟာ ဘုရားရင်နဲ့ ရလာတဲ့ ကိုယ်ဝန်ဖြစ်ကြောင်း လူပုံအလည်မှာအရှက်ခွဲစဉ်။

၄၁။ အင်္ဂုလိမာလကို ဘုရားရှင် ကယ်ချွတ်စဉ်။

၄၂။ ခုဇ္ဖုတ္တရာ (ခါးကုန်းမ)က ဘုရားရှင်ထံ တရားနာယူလာခဲ့ရပြီးတဲ့နောက် ခါတိုင်း ခိုးယူနေကြ ပန်းဖိုးကို မခိုးတော့ပဲ အမှန်အတိုင်း သာမာဝတီ မိဖုရားအား ပြောပြစဉ်။

၄၃။ အရှင်အာနန္ဒာရဲ့ လျှောက်ထားတောင်းပန်မှုကြောင့် မိထွေးတော် ဂေါတမီတို့အဖွဲ့ ဘိက္ခူနီ ဝတ်ခဲ့ရပုံ။

၄၄။ သားသေပြီး သောကရောက်နေသော ကိသာဂေါတမီအား လူမသေဖူးသော အိမ်မှ မုန်ညင်းစေ့ကိုရှာဖွေခိုင်းပြီး တရားဟောပေးစဉ်။

၄၅။ ပူတိဂတ္တတိဿ ဂိလာန ရဟန်းအား ဘုရားရှင် ပြုစုပေးရင်း သာသနာတော်အတါက် တန်ဖိုးရှိတဲ့ စကားတော် တစ်ရပ် ပြောသွားခဲ့တယ်။ "ရဟန်းတို့ ဂိလာနရဟန်း (လူနာရဟန်း)အား ပြုစုသောသူသည် ငါဘုရားကို ပြုစုသူနှင့် တူ၏" တဲ့။

၄၆။ အာဏာဆိုတာ ကြောက်စရာ သိပ်ကောင်းတယ်။ အဇာတသတ်မင်းက အာဏာကြောင့် ကျေးဇူးရှင် ဖခင်ကြီး ဗိမ္ပိသာရမင်းကို ထောင်သွင်း အကျဉ်းချထားတယ်။

၄၇။ ဥပလ္လဝဏ်မင်းသမီး ရဟန်းဝတ်ခွင့် တောင်းစဉ်။

၄၈။ ဥပလ္လဝဏ် ဘိက္ခူနီမအား နန္ဒလုလင်က အတင်းအဓမ္မပြုကျင့်ခဲ့သဖြင့် နန္ဒလုလင်အား အရှင်လတ်လတ် မြေမြိုသွားခဲ့တယ်။

၄၉။ တိရစ္ဆာန်များကို သတ်ဖြတ်ပြီး ယဇ်ပူဇော်တာဟာ လုံးဝအကျိုးမရှိကြောင်း ဘုရားရှင် ဆုံးမခဲ့တယ်။ အဲဒီအဆုံးအမကြောင့် အိိန္ဒိယမှာ သားကောင်သတ်ပြီး ယဇ်ပူဇော်တဲ့ ဓလေ့ အများကြီး ပျောက်သွားတယ်။

၅၀။ အရှင်သာရိပုတ္တရာဟာ ပရိနိဗ္ဗာန်စံခါနီး မိစ္ဆာဒိဋ္ဌိကြီး ဖြစ်နေတဲ့ မိခင်ကြီးကို ဗုဒ္ဓဘာသာဖြစ်အောင် တရားနဲ့ ကျေးဇူးဆပ်ခဲ့တယ်။
(ကြီးမြတ်တဲ့ မြင့်မြတ်တဲ့ ပုဂ္ဂိုလ်တွေဟာ မိဘရဲ့ ကျေးဇူးကို မမေ့ဘဲ အကောင်းဆုံးဖြစ်အောင် ဆပ်သွားခဲ့တဲ့ ပြယုဂ်သက်သေပါ)

၅၁။ ဝေသာလီ ရဟန်းတော်များ ဝါဒကွဲမှုကြောင့် ပါလိလေယက တော်မှာ ဝါဆိုစဉ် ပါလိလေယျဆင်က ဘုရားရှင်အား ဝေယျာဝစ္စ ပြုလုပ်စဉ်။

၅၂။ အဇာတသတ်က ခမည်းတော် ဗိမ္ပိသာရ၏ ခြေဖဝါးကို ဓါးနဲ့ခွဲ ဆားနဲ့ကြဲသတ်ဖို့ အမိန့်အတိုင်းဆောင်ရွက်ရန် သောတာပန် ဗိမ္ပိသာရမင်းကြီး ခွင့်ပြုစဉ်။

၅၃။ လူတွေကတော့ ဘုရားကို သတ်လို့ မရပေမယ့် တိရစ္ဆာန်ကတော့ ဘုရားကို သတ်နိုင်မှာပါ ဆိုတဲ့ ယုံကြည်ချက်နဲ့ ဒေဝဒတ်က နာဠာဂီရိဆင်ကို အရက်တိုက်ပြီး ဘုရားရှင်ဆွမ်းခံချိန်မှာ စေလွှတ်ပုံ။

၅၄။ သူများကို ခိုင်းတာ စိတ်တိုင်းမကျလို့ ဘုရားရှင်ကို သတ်ရန် ဂိဇ္ဈကုဋ်တောင်ပေါ်မှာ ကျောက်ခဲကြီးနဲ့ ဘုရားအပေါ်ကို လှိမ့်ချဖို့ လုပ်ကြံစဉ်။

၅၅။ သမားတော်ဇီဝကက အဇာတသတ်အား အမျိုးသမီးစစ်သည်များ ခြံရံပြီး ဝေဠုဝန်ကျောင်းသို့ ညအခါ ရောက်လာကာ ဘုရားထံ သာမညဖလသုတ်ကို လာနာစဉ်။

၅၆။ သာကီဆွေတော်မျိုးတော်ကို ကာကွယ်ဖို့အတွက် ဘုရားရှင်ဟာ အရိပ်ကျိုးတိုးကျဲတဲ့သာ ရှိတဲ့ သစ်ပင်အောက်မှာ နေပြီး စစ်ချီလာတဲ့ ဝိဋဋူဘမင်းအား "သစ်ပင်အရိပ်ထက် ဆွေမျိုးအရိပ်က ငြိမ်းချမ်းကြောင်း" ပြောလိုက်တော့ ဝိဋဋူဘမင်းက ဘုရားရှင်ဟာ သူ့ရဲ့ ဆွေမျိုးတွေ မပျက်စီးစေချင်လို့ ဒီလိုပြောတာဖြစ်တယ် လို့ သဘောပေါက်ပြီး တပ်ကို ပြန်ခေါက်သွားလိုက်တယ်။

၅၇။ သုဘဒ္ဒပရဗိုဇ်အား ဝင်လာဖို့ မတားရန် ပရိနိဗ္ဗာန်စံခါနီး ဘုရားရှင်က အာနန္ဒာအား မိန့်ကြားစဉ်။

၅၈။ ဒေါနပုဏ္ဏားကြီးက ရှစ်ပြည်ထောင်မင်းတို့အား ဘုရားရှင်ရဲ့ ဓါတ်တော်ကို ခွဲဝေပေးစဉ်။

၅၉။ အရှင်မဟာကဿပ ဦးဆောင်သော ရဟန္တာငါးရာတို့ ဝေဘာရတောင်ယံတွင် ပထမသံဂါယနာတင်တော်မူစဉ်။

၆၀။ အသောကမင်းကြီး သာသနာ့အမွေခံဖြစ်ဖို့ သားတော် မဟိန္ဒနဲ့ သမီးတော် သင်္ဃမိတ္တာတို့အား သင်္ကန်းဝတ်ခွင့်ပေးစဉ်။

၆၁။ ဘုရားရှင်ရဲ့ အထိမ်းအမှတ် အထင်ကရနေရာဌာနများကို အသောက ရှာဖွေပြီး ကျောက်တိုင်စိုက်ထူ။

ဗုဒ္ဓဝင် ပုံတော်များ ဗုဒ္ဓဝင် ပုံတော်များ Reviewed by သၢႆလႅင်းၼုမ်ႇ on October 09, 2015 Rating: 5

No comments:

Powered by Blogger.