(၃၁)ဘုံသားတို့၏ ဘုံဌာနနှင့်သက်တမ်းများ

(၃၁)ဘုံသားတို့၏ ဘုံဌာနနှင့်သက်တမ်းများ
*********************************
သတ္တလောကဘုံဌာနအားဖြင့် (၃၁)ဘုံရှိရာတွင်
(၁)ငရဲ၊ ပြိတ္တာ၊ အသူရကာယ် တို့မှာ ပုံသေသတ်မှတ်
ထားသော သက်တမ်းများ မရှိကြ။ မိမိတို့၏
ကံအလျှောက် သက်တမ်း အရှည်အတို ဖြစ်ကြပါသည်။
အကုသိုလ်ကံကြီးမားလျှင် သက်တမ်းရှည်ကြာ
ကြပြီး အကုသိုလ်ကံ နည်းပါးလျှင် သက်တမ်း
တိုကြသည်။
#တိရစ္ဆာန်များလည်း အမျိုးပေါင်း မရေတွက် နိုင်
သောကြောင့် အမျိုးဇာတ်အလိုက် သက်တမ်းများ
ကွာခြားကြပေသည်။
(၂) လူသားတို့၏ သက်တမ်းမှာ
အရှေ့ကျွန်းသားတို့ဧ။်သက်တမ်း(၇၀၀)၊
အနောက်ကျွန်းသား တို့ဧ။်သက်တမ်း(၅၀၀)၊
မြောက်ကျွန်းသားတို့ဧ။်သက်တမ်း (၁၀၀၀) ပုံမှန်ကန့်သတ်ချက် ရှိသော်လည်း တောင်ကျွန်းသားတို့မှာ သက်တမ်းပုံသေမရှိဟုဆိုဧ။်။
အသချေင်္ယျတမ်းမှသည် ဆယ်နှစ်တမ်း၊ တစ်ဖန်
ဆယ်နှစ်တန်းမှသည် အသချေင်္ယျတမ်းဟူ၍
ဆုတ်လိုက် တက်လိုက် ဖြစ်နေပါသည်။
(၃) နတ်ပြည်ခြောက်ထပ်တွင် အောက်စတုမဟာရာဇ်
နတ်များဖြစ်ကြသော မြေဘုတ်ဘီလူးနှင့် ဘုမ္မစိုးနတ်
တို့ဧ။်သက်တမ်းများ ပုံသေမရှိကြပေ။ အချို့သော
ဘုမ္မစိုးနတ်တို့သည် ခုနှစ်ရက်မျှသာ အသက်ရှည်ကြပြီး
အချို့မှာ အာယုကပ်ပတ်လုံး အသက်ရှည်ကြ၏။
အထက်စတုမဟာရာဇ် နတ်တို့၏ သက်တမ်းမှာ
နတ်သက်ဖြင့်ရေတွက်လျှင် အနှစ်(၅၀၀) ရှိသည်။
လူတို့၏နှစ်ဖြင့် ရေတွက်လျှင် အနှစ် (၉)သန်း အသက်ရှည်ကြသည်။
စတုမဟာရာဇ် နတ်တို့၏ တစ်ရက်သည် လူတို့၏
အနှစ် (၅၀)နှင့် ညီမျှဧ။်။
(၄) တာဝတိ ံသာ နတ်တို့သည် နတ်သက်အားဖြင့်
အနှစ်(၁၀၀၀)သက်တမ်းရှိ၍ လူတို့၏နှစ်ဖြင့်
ရေတွက်လျှင် နှစ်ပေါင်း သုံးကုဋေနှင့်ခြောက်သန်း
ရှိသည်။
လူတို့၏ အနှစ်(၁၀၀)သည် တာဝတိံသာနတ်တို့၏
တစ်ရက်နှင့်ညီမျှသည်။
(၅) ယာမာနတ်တို့သည် နတ်သက်အားဖြင့်
အနှစ်(၂၀၀၀)သက်တမ်းရှိ၍ လူတို့နှစ်ဖြင့်
ရေတွက်လျှင် နှစ်ပေါင်း (၁၄)ကုဋေနှင့်(၄)သန်း
ရှိသည်။
လူတို့၏အနှစ် (၂၀၀) သည် ယာမာနတ်တို့၏
တစ်ရက်နှင့်ညီမျှ၏။
(၆) တုသိတာနတ်တို့၏သက်တမ်းသည် နတ်သက်
အားဖြင့် အနှစ်(၄၀၀၀)သက်တမ်းရှိ၍ လူတို့၏
နှစ်ဖြင့်ရေတွက်လျှင် နှစ်ပေါင်း (၅၇)ကုဋေနှင့်
(၆)သန်း ရှိသည်။
လူတို့၏ အနှစ်(၄၀၀)သည် တုသိတာ နတ်တို့၏ တစ်ရက်နှင့် ညီမျှ၏။
(၇) နိမ္မာနရတီနတ်တို့သည် နတ်သက်အားဖြင့်
အနှစ်(၈၀၀၀)သက်တမ်းရှိ၍ လူတို့၏နှစ်ဖြင့်
ရေတွက်သော် နှစ်ပေါင်း(၂၃၀)ကုဋေ(၄)သန်းရှိသည်။
လူတို့၏ နှစ်(၈၀၀)သည် နိမ္မာနရတီ နတ်တို့၏ တစ်ရက်နှင့် ညီမျှ၏။
(၈) ပရနိမ္မိတဝသဝတ္တီနတ်တို့သည် နတ်သက်အားဖြင့်
အနှစ်(၁၆၀၀)သက်တမ်းရှိ၍ လူတို့၏ နှစ်ဖြင့်ရေတွက်
လျှင် နှစ်ပေါင်း (၉၂၁)ကုဋေခြောက်သန်း ရှိပါသည်။
လူတို့၏ နှစ်(၁၆၀၀)သည် ပရနိမ္မိတဝသဝတ္တီနတ်တို့၏ တစ်ရက်နှင့်ညီမျှ၏။
..............
(၉) ဗြဟ္မာတို့၏သက်တမ်းများသည် အလွန်ရှည်လျား
ကြ၍ အသချေင်္ယျကပ်၊ မဟာကပ်တို့ဖြင့် တိုင်းတာရ၏။ ထိုကပ်တို့သည်
(၁) အာယုကပ်၊
(၂) အန္တရကပ်၊
(၃) အသချေင်္ယျကပ် ၊
(၄) မဟာကပ်ဟူ ၍ လေးပါး ရှိ၏။
ထိုလေးပါးတို့တွင် သတ္တဝါတို့၏ သက်တမ်းအသီးသီးကို
အာယုကပ်ဟုခေါ်သည်။
လူတို့၏ အသချေင်္ယျတမ်းမှ ဆယ်နှစ်တမ်း၊
ဆယ်နှစ်တန်းမှ အသချေင်္ယျတမ်းအထိ
ရှည်ကြာသောကာလကို အန္တရကပ်တစ်ခုဟုခေါ်၏။
အန္တရကပ် (၆၄)ကပ်သည် အသချေင်္ယျကပ်
တစ်ကပ်နှင့်ညီမျှ၏။
အသချေင်္ယျကပ်(၄)ကပ်သည် မဟာကပ်တစ်ကပ်
(တနည်း) တစ်ကမ္ဘာနှင့်ညီမျှ၏။(ဝါ)အသချေင်္ယျကပ်
(၄)ခုပမာဏကို မဟာကပ်တစ်ခုဟူ၍လည်းကောင်း
တစ်ကမ္ဘာဟူ၍လည်းကောင်း ခေါ်ဆိုသည်။
#အသချေင်္ယျကပ်ကိုလည်း
(က)သံဝဋ္ဋ အသချေင်္ယျကပ်
(ခ)သံဝဋ္ဋဌာယီ အသချေင်္ယျကပ်
(ဂဝိ၀ဋ္ဋ အသချေင်္ယျကပ်
(၄)ဝိ၀ဋ္ဋဌာယီ အသချေင်္ယျကပ်ဟု လေးမျိုးခွဲခြားပြန်၏။
(က) ကမ္ဘာကြီး စ၍ပျက်သည်မှ လုံးဝပျက်သုဉ်း
သွားသည်အထိ အလွန်ရှည်ကြာသော ကမ္ဘာပျက်
ကာလတစ်ခုကို သံဝဋ္ဋအသချေင်္ယျကပ်ဟုခေါ်သည်။
(ခ) ကမ္ဘာကြီးပျက်သုဉ်းပြီး၍ ပျက်ပြီးသည့်အတိုင်း
တည်နေသော အလွန်ရှည်ကြာသော ကာလတစ်ခုကို
သံဝဋ္ဋဌာယီအသချေင်္ယျကပ်ဟုခေါ်သည်။
(ဂ)ကမ္ဘာပြုမိုးစပြီးရွာသည့် အချိန်မှစ၍ ကမ္ဘာကြီး
အပြည့်အစုံ ဖြစ်ပေါ်လာသည်အထိ အလွန်ရှည်ကြာ
သော ကာလတစ်ခုကို ၀ိ၀ဋ္ဋအသချေင်္ယျကပ်ဟု
ခေါ်သည်။
(ဃ)ကမ္ဘာကြီးအပြည့်အစုံဖြစ်ပြီးသည်မှ ထိုအတိုင်း
မပျက်မစီးဘဲတည်၍နေသော အလွန်ရှည်ကြာသော
ကာလတစ်ခုကို ၀ိ၀ဋ္ဋဌာယီအသချေင်္ယျကပ် ဟု
ခေါ်သည်။
ယခုအခါ ကပ်အသီးသီးတို့ဧ။် အတိုင်းတာပမာဏကို
ပြဆိုပြီးပြီဖြစ်၍ ထိုကပ်တို့နှင့် သက်တမ်းတိုင်းတာ
ရသော ဗြဟ္မာတို့၏သက်တမ်းကို ပြဆိုပါမည်။
#ရူပဗြဟ္မာ(၁၆)ဘုံတို့၏သက်တမ်းများ
******************************
#ရူပပဌမစျာန်သုံးဘုံတို့တွင်
#ဗြဟ္မပါရိသဇ္ဇာဗြဟ္မာ တို့သည် အသချေင်္ယျကပ်
တစ်ခုဧ။် သုံးပုံ တစ်ပုံခန့် သက်တမ်းရှည်ကြာကြ၏။
#ဗြဟ္မပုရောဟိတာဗြဟ္မာများသည် အသချေင်္ယျကပ်
တစ်ခုဧ။် ထက်ဝက်ခန့် သက်တမ်းရှည်ကြာကြ၏။
#မဟာဗြဟ္မာများသည် အသချေင်္ယျကပ်တစ်ခုခန့်
သက်တမ်းရှည်ကြာကြ၏။
ဤသုံးဘုံကို ပဌမစျာန်သုံးဘုံဟုခေါ်ဆိုသည်။
............
ရူပဒုတိယစျာန်(၃)ဘုံတို့တွင်
#ပရိတ္တာဘာဗြဟ္မာတို့သက်တမ်းကား မဟာကပ်
(၂)ခု ခေါ် (၂)ကမ္ဘာထိ သက်တမ်းရှည်ကြာ၏။
#အပ္ပမာဏာဘာဗြဟ္မာတို့သက်တမ်းကား မဟာကပ်
(၄)ခုခေါ် (၄)ကမ္ဘာထိ သက်တမ်းရှည်ကြာ၏။
#အာဘဿရာဗြဟ္မာတို့၏သက်တမ်းမှာ မဟာကပ်
(၈)ကပ် ခေါ် (၈)ကမ္ဘာထိ သက်တမ်းရှည်ကြာ၏။
ဤသုံးဘုံကို ဒုတိယစျာန်သုံးဘုံဟုခေါ်သည်။
..............
#ရူပတတိယစျာန်(၃)ဘုံတို့တွင်
#ပရိတ္တသုဘာဗြဟ္မာတို့သက်တမ်းကား မဟာကပ်
(၁၆)ခု ခေါ် (၁၆)ကမ္ဘာထိ သက်တမ်းရှည်ကြာ၏။
#အပ္ပမာဏသုဘာဗြဟ္မာတို့သက်တမ်းကား မဟာကပ်
(၃၂)ခုခေါ် (၃၂)ကမ္ဘာထိ သက်တမ်းရှည်ကြာ၏။
#သုဘကိဏှာဗြဟ္မာတို့၏သက်တမ်းမှာ မဟာကပ်
(၆၄)ကပ် ခေါ် (၆၄)ကမ္ဘာထိ သက်တမ်းရှည်ကြာ၏။
ဤသုံးဘုံကို တတိယစျာန်သုံးဘုံဟုခေါ်သည်။
...............
#ရူပစတုတ္ထစျာန်ဘုံများတွင်
#ဝေဟပ္ဖိုလ်ဗြဟ္မာနှင့် အသညသတ်ဗြဟ္မာတို့၏
သက်တမ်းကား မဟာကပ်(၅၀၀)ခေါ် ကမ္ဘာပေါင်း
(၅၀၀)အထိ သက်တမ်းရှည်ကြာ၏။
စတုတ္ထစျာန်သုဒ္ဓါဝါသ(၅)ဘုံတို့တွင်
#အဝိဟာဗြဟ္မာတို့သက်တမ်းကား မဟာကပ်
တစ်ထောင်ခေါ် ကမ္ဘာပေါင်းတစ်ထောင်အထိ
သက်တမ်းရှည်ကြာ၏။
#အတပ္ပါဗြဟ္မာတို့၏သက်တမ်းမှာ မဟာကပ်
(၂)ထောင် ခေါ်ကမ္ဘာပေါင်း (၂)ထောင်အထိ
သက်တမ်းရှည်ကြာ၏။
#သုဒဿာဗြဟ္မာတို့၏သက်တမ်းမှာ မဟာကပ်
(၄)ထောင် ခေါ်ကမ္ဘာပေါင်း (၄)ထောင်အထိ
သက်တမ်းရှည်ကြာ၏။
#သုဒဿီဗြဟ္မာတို့၏သက်တမ်းမှာ မဟာကပ်
(၈)ထောင် ခေါ်ကမ္ဘာပေါင်း (၈)ထောင်အထိ
သက်တမ်းရှည်ကြာ၏။
#အကနိဌဗြဟ္မာတို့၏သက်တမ်းမှာ မဟာကပ်
တစ်သောင်းခြောက်ထောင် ခေါ်ကမ္ဘာပေါင်း
တစ်သောင်းခြောက်ထောင်ထိ သက်တမ်း
ရှည်ကြာ၏။
.......................
#အရူပဗြဟ္မာ(၄)ဘုံတို့၏သက်တမ်းများ
#အာကာသာန ဉ္စာယတနဗြဟ္မာများသည် မဟာကပ်
နှစ်သောင်းခေါ် ကမ္ဘာပေါင်း နှစ်သောင်းအထိ
သက်တမ်းရှည်ကြာ၏။
#၀ိညာဏ ဉ္စာယတနဗြဟ္မာများသည် မဟာကပ်
လေးသောင်းခေါ် ကမ္ဘာပေါင်း လေးသောင်းအထိ
သက်တမ်းရှည်ကြာ၏။
#အာကိ ဉ္စညာယတနဗြဟ္မာများသည် မဟာကပ်
ခြောက်သောင်းခေါ် ကမ္ဘာပေါင်း ခြောက်သောင်းထိ
သက်တမ်းရှည်ကြာ၏။
#နေဝသညာနာသညာယတနဗြဟ္မာများသည်
မဟာကပ် ရှစ်သောင်းလေးထောင် ခေါ် ကမ္ဘာပေါင်း
ရှစ်သောင်းလေးထောင်အထိ သက်တမ်းရှည်ကြာ၏။
#အနှစ်ချုပ်အားဖြင့်
ပါဏာတိပါတစသော အကုသိုလ်ဒုစရိုက်များပြုလျှင်
ငရဲ တိရစ္ဆာန် ပြိတ္တာ အသုရကာယ်ဘုံများသို့ ရောက်
ပါမည်။
ဒါန သီလများနှင့် အခြေခံသမထ ဝိပဿနာများကို
ပြုလုပ်ပါက လူပြည်နှင့် နတ်ပြည်(၆)ထပ်ဟူသော
ကာမသုဂတိ(၇)ဘုံသို့ ရောက်ပါမည်။
ရူပ ပထမစျာန်ရသည်ထိ သမထဘာဝနာပွားများပါက
ရူပ ပထမစျာန်သုံးဘုံသို့ ရောက်ပါမည်။
ရူပဒုတိယစျာန်နှင့် တတိယစျာန်ကိုရသည်ထိ
သမထဘာဝနာပွားများပါက ရူပဒုတိယစျာန်
သုံးဘုံသို့ ရောက်ပါမည်။
ရူပစတုတ္ထစျာန်ရသည်ထိ သမထဘာဝနာ
ပွားများပါက ရူပတတိယစျာန်သုံးဘုံသို့
ရောက်ပါမည်။
ရူပပ ဉ္စမစျာန်ရသည်ထိ သမထဘာဝနာ
ပွားများပါက ရူပစတုတ္ထစျာန်ဘုံများထဲမှ
ဝေဟပ္ဖိုလ်ဘုံနှင့် အသညသတ်ဘုံသို့
ရောက်ပါမည်။
အနာဂါမ်ဖြစ်ပြီးသောပုဂ္ဂိုလ်သည် ရူပပ ဉ္စမစျာန်
ရသည်ထိ သမထဘာဝနာပွားများပါက သုဒ္ဓါဝါသ
ငါးဘုံဖြစ်သော အဝိဟာ အတပ္ပါ သုဒဿာ
သုဒဿီ အကနိဌ ဘုံများသို့ရောက်ပါမည်။
အာကာသာန ဉ္စာယတနအရူပစျာန်ကိုရသည်အထိ
သမထဘာဝနာ အားထုတ်ခဲ့လျှင် အာကာသာ
န ဉ္စာယတန အရူပဗြဟ္မာ့ဘုံသို့ ရောက်ပါမည်။
ဝိညာန ဉ္စာယတနအရူပစျာန်ကိုရသည်အထိ
သမထဘာဝနာ အားထုတ်ခဲ့လျှင် ဝိညာဏ ဉ္စာ-
ယတန အရူပဗြဟ္မာ့ဘုံသို့ ရောက်ပါမည်။
အာကိ ဉ္စညာယတနအရူပစျာန်ကိုရသည်အထိ
သမထဘာဝနာ အားထုတ်ခဲ့လျှင် အာကိ ဉ္စညာယတန အရူပဗြဟ္မာ့ဘုံသို့ ရောက်ပါမည်။
နေဝသညာနာသညာယတနအရူပစျာန်ကို
ရသည်အထိ သမထဘာဝနာ အားထုတ်ခဲ့လျှင်
နေဝသညာနာသညာယတန အရူပဗြဟ္မာ့ဘုံသို့
ရောက်ပါမည်။
အရဟတ္တမဂ် အရဟတ္တဖိုလ်ရသည်အထိ
ဝိပဿနာတရားကို အားထုတ်ထားသော
ဘုရား ရဟန္တာများသည်ကား အသင်္ခတဓာတ်
မြတ်နိဗ္ဗာန်သို့ စံဝင်တော်မူကြသည်ဖြစ်၍
(၃၁)ဘုံ သံသရာခရီးကို ကျောခိုင်းစွန့်ခွာ
ပြီးသူများဖြစ်ကြောင်း စေတနာဝေဖြာစွာဖြင့်
တင်ပြပေးလိုက်ပါသည်။
________________________________
၃၁-ဘုံ နှင့် လမ်းလျှောက်ရင်း လမ်းမပျောက်စေချင်....
လူသားအားလုံး သေရင် သွားရမည့်နေရာ ၃၁ နေရာ ရှိပါတယ်.
အဲဒါကို ဘုံ ၃၁ ဘုံ လို့ ဘုရားရှင် က ဟောသွားခဲ့ပါတယ်..အဲဒါတွေကတော့
နတ်ပြည် = ၆ နေရာ ( နတ်ပြည် ၆ ထပ် ) ၊ ဗြဟ္မာဘုံ = ၂၀ ၊
လူဘုံ = ၁ ဘုံ ၊ အပါယ် = ၄ ဘုံ ၊ တို့ပဲဖြစ်ပါတယ်...
နတ်ပြည် ၆ ထပ် ( ဒါန ၊ သီလ ပြုသူများသွားရာနေရာ ၆ ခု )
လူဘုံ၏ အထက် ယူဇနာပေါင်း ၄၂၀၀၀ တွင် ပထမနတ်ပြည့် ဖြစ်သော
(၁) စတုမဟာရာဇ်နတ်ပြည် တည်ရှိသည်။ လူ့သက်တန်းအားဖြင့် အနှစ်(၉)သန်း နေရသည်။ နတ်မင်းကြီး ၄ ပါး အုပ်ချူပ်သည်။
ထို့အထက်တွင် အထက် ယူဇနာပေါင်း ၄၂၀၀၀ တွင် ဒုတိယနတ်ဘုံဖြစ်သော
(၂) တာဝတိံသာ နတ်ဘုံ တည်ရှိသည်။ လူသက်တန်းဖြင့် (၃)ကုဋေ(၆)သန်းနေရသည်။ သိကြားမင်း အုပ်စိုးသည်။
ထို့အထက်တွင် အထက် ယူဇနာပေါင်း ၄၂၀၀၀ တွင် တတိယ နတ်ပြည် ဖြစ်သော
(၃) ယာမာနတ်ပြည် ရှိသည်။ လူသက်တမ်းအားဖြင့် (၁၄)ကုဋေ(၄)သန်း ရှိသည်။ သုယာမ နတ်မင်း အုပ်စိုးသည်။
ထို့အထက်တွင် အထက် ယူဇနာပေါင်း ၄၂၀၀၀ တွင်စတုတ္တ နတ်ဘုံ ရှိသည်။
(၄) တုသိတာ နတ်ဘုံ ဖြစ်သည်။ လူ့သက်တမ်းနှစ်ပေါင်း (၅၇)ကုဋေ(၆)သန်း နေရပါသည်။ သန္တုဿီတ နတ်မင်း အုပ်စိုးသည်။
ထို့အထက်တွင် အထက် ယူဇနာပေါင်း ၄၂၀၀၀ တွင်စတုတ္တ နတ်ဘုံ ရှိသည်။
(၅) နိမ္မာနရတီ နတ်ပြည် တည်ရှိသည်။ လူ့သက်တမ်း
(၂၃၀)ကုဋေ(၄)သန်း နေရပါသည်။ သနိမ္မိတ နတ်မင်း အုပ်စိုးသည်။
ထို့အထက်တွင် အထက် ယူဇနာပေါင်း ၄၂၀၀၀ တွင်စတုတ္တ နတ်ဘုံ ရှိသည်။
(၆) ပရနိမ္မိတ ၀ဿဝတ္တီ နတ်ပြည် တည်ရှိသည်။ လူ့သက်တမ်းအားဖြင့် (၆၂၁)ကုဋေ(၆)သန်း နေရသည်။ ၀ဿဝတ္တီနတ်မင်း အုပ်စိုးသည်။
စတုမဟာရာဇ်နတ်ပြည်မှလွဲ၍ ကျန်နတ်ဘုံ များသည် ကမ္ဘာကြီး၏အပြင် အထက်တွင် (စကြာဝဋာထဲတွင်) သီးခြားရပ်တည်နေကြပါသည်။
ဗြဟ္မာဘုံ ၂၀ ( သမ္မထ ၊ ၀ိပဿနာကျင့်သူများသွားရာ နေရာ )
ဗြဟ္မာဘုံ သည် သက်တမ်းရှည်လွန်းသဖြင့် ကိန်းဂဏန်းဖြင့်ပြောလို့ မရတော့ပါ.... (အကျယ်ကို သဂြိုလ်ကျမ်းတွင် ကြည့်ပါ )
အမြင့်ဆုံးနတ်ပြည်၏ အထက် ယူဇနာပေါင်း (၅)သန်း(၅)သိန်း(၈)ထောင်ကျော်တွင်
၁။ ပထမစျာန် ဗြဟ္မာဘုံ ၃ ဘုံ တစ်ပြေးတည်း တည်ရှိသည်။
လူပြည်တွင် အာနာပါနကမ္မဌာန်း ၊ ကသိုင်း ၊ သမ္မထ ၊ ဘာဝနာ အားထုတ်သူများ ရောက်ရာဘုံ ။
ထို့ အထက် ယူဇနာပေါင်း (၅)သန်း(၅)သိန်း(၈)ထောင်ကျော်တွင်
၂။ ဒုတိယစျာန် (၃) ဘုံ တည်ရှိသည်။
ထို့ အထက် ယူဇနာပေါင်း (၅)သန်း(၅)သိန်း(၈)ထောင်ကျော်တွင်
၃။ တတိယစျာန် (၃)ဘုံ တည်ရှိသည်။
ထို့ အထက် ယူဇနာပေါင်း (၅)သန်း(၅)သိန်း(၈)ထောင်ကျော်တွင်
၄။ စတုတ္တစျာန် (၇)ဘုံ တည်ရှိသည်။
ထို့ အထက် ယူဇနာပေါင်း (၅)သန်း(၅)သိန်း(၈)ထောင်ကျော်တွင်
၅။ ပဥ္စမစျာန် (၄)ဘုံ တည်ရှိသည်။
အပယ်လေး ဘုံ
၁။ ငရဲ ( ငါးပါးသီလ မလုံသူ အဖေ၊အမေ၊ သံဃာသတ်သူတို့သွားရာဘုံ)
ငရဲ ရှစ်ထပ် ရှိသည်..ပထမဆုံး ငရဲသည် ကမ္ဘာမြေကြီးနှင့်စပ်ဆပ်တည်ရှိ
ပြီး ကျန်ငရဲများသည် သီးခြားတည်ရှိကြသည်။ ငရဲသက်တမ်းမှာ အကုသိုလ်ကို လိုက်ပြီး တစ်ဦးနင့် တစ်ဦး မတူကြပေ..များသောအားဖြင့် နတ်သက်ထက် ရှည်ကြာကြသည်။
၂။ တိရိစ္ဆာန် (ကို်ယ်ပတ်ဝန်ကျင်ပဲကြည့်လိုက်ပါတော့ )
၃။ ပြိတ္တာ ဘုံ (သာမာန်မျက်စိနှင့်မမြင်နိုင်ပါ..လူဘုံတွင်ပဲ ရှိသည်။)
၄။ အသူရကာယ် (နေ့စံ ၊ ညခံ ၊ နေ့ခံ ၊ ညစံ ) (သူတော်ကောင်းစကားနားမထောင်သူ ၊ သူတော်တော်ကောင်းများ အား ပြစ်မှားသူသွားရာနေရာ)
လူဘုံ ကတော့ ပြောစရာမလိုတော့ပါ....
(တစ်ယူဇနာ ကို အနည်းဆုံး ၈ မိုင် ရှိပါသည်။ )ကဲဘယ်လမ်းကိုလျှောက်ပြီး ဘယ်လမ်းကိုသွားမယ်ဆိုတာ မိမိအသိညာဏ်ကိုယ်ပိုင်ညာဏ်ဖြင့် မိမိကိုယ်တိုင်ရွေးချယ်ရမည်ဖြစ်ပါတယ်။ကိုယ်လုပ်နေတဲ့အလုပ် ကိုယ်လျှောက်နေတဲ့လမ်း ကိုယ့်ဦးတည်ချက်တွေဟာ လမ်းလျှောက်ရင်း လမ်းပျောက်သွားတတ်ကြတယ်။
Credit to Original Uploader
 
(၃၁)ဘုံသားတို့၏ ဘုံဌာနနှင့်သက်တမ်းများ (၃၁)ဘုံသားတို့၏ ဘုံဌာနနှင့်သက်တမ်းများ Reviewed by ၸဝ်ႈသု(မိူင်းပၼ်ႇ) on April 15, 2017 Rating: 5

No comments:

Powered by Blogger.