ဖိနပ်
ညာဘက်ရယ် ဘယ်ဘက်ရယ် ပေါင်းမှ တစ်ရံဖြစ်ရတဲ့ ဖိနပ်ဘဝ
ညာဘက်က အရင်လှမ်းရင် ကျန်တဲ့ ဘယ်ဘက်ကလည်း မဆန့်ကျင်ဘဲ လိုက်လှမ်းရသလို
ဘယ်ဘက်က အရင်လှမ်းရင်လည်း ကျန်တဲ့ ညာဘက်က မဆန့်ကျင်ဘဲ လိုက်လှမ်းရတယ်။
ဒါမှ လိုရာခရီးပန်းတိုင်ကို အရောက်လှမ်းနိုင်မယ်။
ငါညာဘက်ကပဲ အမြဲတမ်း ဦးဆောင်ပြီးတော့ လှမ်းရမယ်ဆိုရင်လည်း ခရီးမရောက်။ ဘယ်ဘက်ကပဲ အမြဲရှေ့ကနေ လှမ်းမယ်ဆိုရင်လည်း မဖြစ်နိုင်။
ညာဘက်က စလှမ်းပြီး ဘယ်ဘက်က မလိုက်ရင် လိုရာကို မရောက်နိုင်သလို
ဘယ်ဘက်က စလှမ်းပြီး ညာဘက်က မလိုက်ရင်လည်း လိုရာကို မရောက်နိုင်
တစ်ဖက်က စလှမ်းနေချိန်
ကျန်တဲ့ တစ်ဖက်က ဖနောင့်စွန်းကို နင်းလိုက်လို့ သဲကြိုးပြတ်သွားရင်
ဖိနပ်အသစ်စက်စက်ဖြစ်နေပေမယ့် နှစ်ဖက်စလုံး လွှင့်ပစ်ခံရမှာပဲ
ညာဖိနပ်က လကျာ်ယိမ်းချင်သလို
ဘယ်ဖိနပ်ကလည်း လက်ဝဲယိမ်းချင်မှာပဲ
ဒါပေမယ့် မိမိယိမ်းချင်တဲ့ဘက်ကို မယိမ်းဘဲ ပန်းတိုင်ဆီအရောက်
အတူတူ လျှောက်မှ လိုရာပန်းတိုင်ကို ရောက်မှာပါ။
ဖနောင့်ပေါက်သွားတဲ့ ဖိနပ်တောင်မှ ခြေလှမ်းညီရင် ဆက်လှမ်းနိုင်ပါသေးတယ်။
share ခွင့်ပေးလျက်ပါ .....
မေတ္တာဖြင့်
တောင်တန်းသာသနာပြုဆရာတော် အရှင်သုခမိန္ဒ #စဝ်ဆုခမ်း (တန့်ယန်း)

Reviewed by ၸဝ်ႈသု(မိူင်းပၼ်ႇ)
on
August 26, 2016
Rating:
No comments: