လျှာ နဲ့ သွား

လျှာနဲ့သွားဟာ နီးစပ်တယ်။ ဒါပေမယ့် သဘာဝခြင်း မတူကြဘူး။
သွားကတော့ မာတောင့်ပြီး လျှာကတော့ ပျော့အိအိ။
သွားရဲ့ စရိုက်က ခက်ထန်ကြမ်းတမ်းကာ ကိုက်မယ်၊ ဝါးမယ်၊ ချေမယ် ကြေသွားအောင် လုပ်မယ်ပေါ့။
လျှာကတော့ အနုနည်းနဲ့ ပွတ်တယ် သပ်တယ် လွှဲတယ် ဖယ်တယ် ရှောင်တယ်ပေါ့။
တစ်ခါတစ်လေ သွားက လျှာကို ကိုက်လိုက်တာ လျှာက သွေးတောင်ထွက်သွားတယ်။
ဒါပေမယ့် နေ့စဉ် အချိန််နဲ့အမျှ လျှာက သွားကို အနုနည်းနဲ့ပဲ သုံးသပ်တယ်၊ ပွတ်တိုက်ပေးတယ် လျှက်ပေးတယ်။
ဒီလိုနဲ့ ရက်တွေ လတွေ နှစ်တွေ ကြာလာတော့
နောက်ဆုံးမှာတော့ . . . လူ့ပါးစပ်ထဲမှာ
သန်မာပြီး စရိုက်ကြမ်းတဲ့သွားတွေဟာ ကျိုးပဲ့ပျက်စီးပြီး နောက်ဆုံး အကုန်လုံး ပြုတ်ထွက်ကုန်တော့တယ်။
ပျော့ပျောင်းနုညံ့တဲ့ လျှာကတော့ လူတွေ သေသွားတဲ့အထိ လူ့ပါးစပ်ထဲမှာ ကျန်ရစ်ခဲ့တယ်။
လျှာနဲ့သွားရဲ့ ရယူနိုင်တဲ့ သင်္ခန်းစာကတော့ . . .
အကြမ်းဖက်နည်းဟာ စောစီးစွာ အရင်ပြုတ်နိုင်တယ်။
အနုနည်းကတော့ ရေရှည်မှာ ပန်းပန်နေဆဲ။

မေတ္တာဖြင့်
တောင်တန်းသာသနာပြု ဆရာတော် စဝ်ဆုခမ်း

လျှာ နဲ့ သွား လျှာ နဲ့ သွား Reviewed by ၸဝ်ႈသု(မိူင်းပၼ်ႇ) on August 26, 2016 Rating: 5

No comments:

Powered by Blogger.