ဗုဒ္ဓဘာသာ သမိုင်း အကျဉ်း

ဗုဒ္ဓဘာသာ တို့ အတွက် သိသင့် သိထိုက် တဲ့ ဗုဒ္ဓဝင် အကျဉ်း ( သို့ ) ဗုဒ္ဓ ဘာသာ အကြောင်း သိကောင်း စရာ အကျဉ်း လေး ပါ။ သိလို သူများ အတွက် ရည်ရွယ် ကာ ရေးသား ပူဇော် လိုက်ပါသည်။
ဘုရား အလောင်း တော် သည် - ၆၂၄ - ဘီစီ တွင် ( မြန်မာ လလို - ဝါဆို လပြည့်၊ ကြာသာပတေး နေ့ တွင် ) မယ်တော် မာယာ ၀မ်းကြာ တိုက် တွင် သန္ဓေယူ ပါသည်။ ဘုရားလောင်း သည် - ၆၂၃ - ဘီစီ၊ ( မြန်မာ လလို - ကဆုန် လပြည့်၊ သောကြာ နေ့ ) တွင် နီပေါ နိုင်ငံ၊ လုမ္ဗိနီ ဥယျာဉ် ၌ မယ်တော် မာယာ ဒေဝီ၊ ခမည်းတော် သုဒ္ဓေါ ဒန မင်းကြီး တို့မှ မွေးဖွား ခဲ့ ပါသည်။ ဘုရား လောင်း နာမည် မှာ သိဒ္ဓတ္ထ ဖြစ်ပါ သည်။ ၁၆ - နှစ် မှ ၂၉ နှစ် အထိ နန်း စည်းစိမ် ကို ခံစား ပါသည်။
ဘီစီ - ၅၉၄ - ( မြန်မာ လ လို - ဝါဆို လပြည့်၊ တနင်္လာ နေ့ ) တွင် အိမ်ရာ တည်ထောင် လူ့ဘောင် ခွါ ကာ တောထွက် တော်မူ ပါသည်။ ( သက်တော် ၂၉ - နှစ် အရွယ် ဖြစ် ပါသည်။ )
၂၉ - နှစ် မှ ၃၅ - နှစ် အထိ ဒုက္ကရ စရိယာ - ပင်ပန်းသော အကျင့် ကျင့် ခဲ့ ရပါ သည်။ ဘီစီ - ၅၈၈ - ( မြန်မာ လလို - ကဆုန် လပြည့်၊ ဗုဒ္ဓဟူး နေ့ ) တွင် သဗ္ဗညုတ ဉာဏ်တော် ကို ရရှိ တော်မူ ပါသည်။ ( သက်တော် ၃၅ - နှစ် အရွယ် ဖြစ်ပါ သည်။ )
၄င်းဘီစီ - ၅၈၈ - ( မြန်မာ လလို - ဝါဆို လပြည့် စနေနေ့ ) တွင် ပထမ ဆုံး သော ဓမ္မစကြာ သုတ်တော် ကို ဗာရာဏသီ မြို့အနီး မိဂဒါဝုန် တော မှာ ဟောတော် မူ ပါသည်။ ( မှတ်ချက် ။ ။ ဗုဒ္ဓဂယာ နှင့် မိဂဒါ ဝုန်တော သည် - ၁၈ - ယူဇနာ / မိုင် အားဖြင့် - ၁၄၄ - မိုင် ဝေးပါ သည်။ )
ဓမ္မစကြာ တရားပွဲ မှာ လူသား အနေနဲ့ ပဉ္စဝဂ္ဂီ ငါးဦး သာ ပါ၀င် ပါသည်။ ၄င်း တရားပွဲ မှာ အရှင် ကောဏ္ဍည သည် အရုဏ် မတတ် မီ သောတာပန် တည်ပါ သည်။
နောက် ဆက်လက် ပြီး ဘုရားရှင် က - အနတ္တ လက္ခဏ သုတ်ကို ဟောသော အခါ ပဉ္စဝဂ္ဂီ ရဟန်း တော် ငါးဦး စလုံး ရဟန္တာ ဖြစ်တော်မူ ကြပါ သည်။
ဘီစီ - ၅၈၈ - တွင် ဘုရားရှင် သည် ပထမဆုံး သာသနာ ပြု ခရီးစဉ် ကို စတင် ခဲ့ပါသည်။
ဘီစီ - ၅၄၃ - ( မြန်မာ လလို - ကဆုန် လပြည့်၊ အင်္ဂါ နေ့ ) တွင် ဘုရား ရှင် သက်တော် ( ၈၀ )၊ ဝါတော် ( ၄၅ ) တွင် ကုသိနာရုံ၊ အင်ကြင်း တော ၌ ပရိနိဗ္ဗာန် ပြုတော်မူ ပါသည်။ ကဆုန် လဆုပ် ( ၅ ) ရက်၊ တနင်္ဂနွေနေ့ တွင် အလောင်း တော် ကို မီး ပူဇော် ပါ သည်။
ပထမ သင်္ဂါယနာ -
ဘုရားရှင် သက်တော် ( ၃၅ - မှ - ၈၀ ) အတွင်း၊ ၀ါတော် အနေ အားဖြင့် ( ၄၅ ) ဝါ အတွင်း ဟောကြား ခဲ့သော ပိဋကတ် တော်များ ကို တစ်စု တစ်ဝေး တည်း စီစဉ် ဖို့ရန် ဘုရားရှင် ပရိနိဗ္ဗာန် ပြုပြီး တစ်လ အကြာ - ဘီစီ - ၅၄၃ - မှာ ပထမ ဆုံး သင်္ဂါယနာ ကို ရာဇဂြိုလ် မြို့၊ သတ္တပဏ္ဏိ လှိုဏ်ဂူ ၌ ပိဋကတ်တော် များ ကို စုပေါင်း ရွတ်ဆိုခြင်း ဟူသော သင်္ဂါယနာ တင်ကြ ပါသည်။ ပထမ သင်္ဂါယနာ တင်ပွဲ မှာ ဦးဆောင် ဆရာတော် သည် အရှင် မဟာ ကဿပ ဖြစ်၍ အရှင် ဥပါလိ မထေရ် က ဝိနည်း အရာ တာဝန်ယူ ၍၊ အရှင် အာနန္ဒာ က သုတ္တန် အရာ တာဝန် ယူ ပါသည်၊ အဖွဲ့ဝင် သံဃာ တော် ( ၅၀၀ ) ဖြစ်ပါ သည်။ ၀ါခေါင် လဆုပ် ( ၅ ) က စတင် ကျင်းပကာ ( ရ ) လ ကြာ ပါသည်။ အထောက် အပံ့ ဒကာတော် သည် အဇာ တသတ် မင်း ဖြစ် ပါသည်။ ( မှတ်ချက် ။ ။ ဗုဒ္ဓ ပရိနိဗ္ဗာန် ပြုပြီး ပထမ သင်္ဂါ ယနာ တင်ချိန် က စတင် ၍ ( အင်္ဂလိပ် လို - B.E ) သုန်း ကာ ဗုဒ္ဓ သာသနာ နှစ် ကို စတင် ရေတွက် ပါသည်။ “သင်္ဂါယနာ” ဟူသည် စုပေါင်း ရွတ်ဆို ခြင်း ဟု အဓိပ္ပါယ် ရပါ သည်။ )
ဘုရားရှင် ဟောကြား ခဲ့သော ပိဋကတ် တော် တို့ကို အရှင် မဟာ ကဿပ စသော မထေရ် အဆက်ဆက် တို့ ဆက် ကာ ဆက်ကာ ဆောင်ယူ ထိန်းသိမ်း ခဲ့တဲ့ အစဉ် အလာ ကို အစွဲပြု ၍ “ထေရိက”၊ နောက် မထေရ် အစဉ် အဆက် တို့ ထိန်း သိမ်း ခဲ့သော ဗုဒ္ဓ အယူ ဝါဒ အနေ အားဖြင့် “ထေရ ဝါဒ သာသနာ” အဖြစ် အမည် တွင် ခဲ့ပါသည်။
ဒုတိယ သင်္ဂါယနာ -
( BC - 443 / B.E - 100 ) သာသနာနှစ် ( ၁၀၀ ) အရောက် မှာ ဝေသာလီ မြို့၊ ၀ါဠုကာရုံ ကျောင်း မှာ ဒုတိယ သင်္ဂါ ယနာ တင် ပါသည်။ ဦးဆောင် ဆရာတော် သည် အရှင် ယသ ဖြစ် ပါသည်။ အရှင် သဗ္ဗမိ မထေရ် နှင့် အရှင် ရေဝတ မထေရ် တို့က အဓိက တာဝန် ယူ ကာ ပိဋကတ် တော် များ ကို ရွတ်ဆို ကြပါ သည်။ အဖွဲ့ ၀င် သံဃာတော် ( ရ၀၀ ) ဖြစ်ပါ သည်။ ( ၈ ) လ ကြာပါ သည်။ အထောက် အပံ့ ပေးသော ဒကာ သည် ကာလာ သောက မင်း ဖြစ်ပါသည်။
တတိယ သင်္ဂါယနာ -
( BC - 249 / B.E - 300 ) သာသနာ နှစ် ( ၃၀၀ ) အရောက် မှာ ပါဋလိ ပုတ် မြို့တော်၊ အသော ကာ ရုံ ကျောင်း ၌ ၏ တတိယ သင်္ဂါ ယနာ တင် ပါသည်။ ဦးဆောင် ဆရာတော် မှာ အရှင် မဟာ မောဂ္ဂလိ ပုတ္တ တိဿ မထေရ် ဖြစ်၍ အရှင် မဟာ ကဿပ မထေရ် နှင့် ကာကဏ္ဍ ၏ သားဖြစ် သော အရှင် ယသ မထေရ် တို့က အဓိက တာဝန် ယူ ဆောင်ရွက် ပါသည်။ အဖွဲ့ဝင် သံဃာတော် အရေ အတွက် မှာ ( ၁၀၀၀ ) ဖြစ်ပါ သည်။ ဤ သံင်္ဂါ ယနာ တင်ပွဲ ၌ ဝိနည်း ရေးရာ များ ကို အဓိက ထားကာ ဆွေးနွေး ခြင်း ပြုလုပ် ကြပါသည်။ အထောက် အပံ့ မင်း မှာ အသောက မင်းကြီး ဖြစ်ပါ သည်။ ဤ တတိယ သင်္ဂါ ယနာ သည် ( ၉ ) လ ကြာပါ သည်။
တတိယ သင်္ဂါ ယနာ တင်ပြီး ချိန် ကစပြီး ( ၉ ) တိုင်း ( ၉ ) ဌာန တို့သို့ အရှင် မဟာ မောဂ္ဂလိ ပုတ္တ တိဿ မထေရ် နှင့် အသောက မင်းကြီး တို့ တာဝန် ယူ ကာ သာသနာ ပြု စေလွှတ် တော်မူ ပါသည်။
( ၉ ) တိုင်း ( ၉ ) ဌာနနှင့် သာသနာပြု မထေရ် များ -
၁။ ကသ္မီရ နှင့် ဂန္ဓာရ အရပ် = အရှင် မဇ္စျန္တိက မထေရ် ဦးဆောင် ကာ ကြွ။
၂။ မဟိံသက အရပ် = အရှင် မဟာ ဒေဝ မထေရ် ဦးဆောင် ကာ ကြွ။
၃။ ၀နဝါသိ အရပ်= အရှင် ရက္ခိတ မထေရ် ဦးဆောင် ကာ ကြွ။
၄။ အပရန္တ အရပ် = အရှင် ယောနက ဓမ္မ ရက္ခိတ မထေရ် ဦးဆောင် ကာ ကြွ။
၅။ မဟာရဋ္ဌ အရပ် = အရှင် မဟာ ဓမ္မ ရက္ခိတ မထေရ် ဦးဆောင် ကာ ကြွ။
၆။ ယောနက အရပ် = အရှင် မဟာ ရက္ခိတ မထေရ် ဦးဆောင် ကာ ကြွ။
၇။ ဟိမဝန္တာ အရပ် = အရှင် မဇ္စျိမ မထေရ် ဦးဆောင် ကာ ကြွ။
၈။ သုဝဏ္ဏဘူမိ အရပ် = အရှင် သောဏ မထေရ် နှင့် အရှင် ဥတ္တရ မထေရ် တို့ ဦးဆောင် ကာ ကြွ။
၉။ တမ္ဗပဏ္ဏိ ( သီဟိုဠ် ) အရပ် = အရှင် မဟိန္ဒ မထေရ် ဦးဆောင် ကာ ကြွ။
စတုတ္ထ သင်္ဂါယနာ -
( B.C 94 / B.E 450 ) သာသနာ တော် သက္ကရဇ် ( ၄၅၀ ) အရောက် တွင် သီဟိုဠ်၊ မလယ ဇနပုဒ်၊ အာလောက လှိုဏ် တွင် စတုတ္ထ သင်္ဂါ ယနာ တင်ပါ သည်။ ဦးဆောင် ဆရာတော် မှာ မဟာ ဓမ္မ ရက္ခိတ မထေရ် ဖြစ်၍ အဖွဲ့ဝင် ဆရာတော် အရေ အတွက် သည် ( ၅၀၀ ) ဖြစ် ပါသည်။ ( ၁ ) နှစ် အချိန် ယူ ကာ သင်္ဂါ ယနာ တင်ခဲ့ ကြပါ သည်။ အထောက် အပံ့ ပေးသော ဒကာ သည် ၀ဋ္ဋ ဂါမဏိ မင်း ဖြစ် ပါ သည်။ ဤ စတုတ္ထ သင်္ဂါ ယနာ တွင် ပိဋကတ် တော် များ ကို ပေရွက် တွင် အက္ခရာ ရေးခြင်း ဖြင့် သင်္ဂါ ယနာ တင်ခဲ့ ကြပါ သည်။
နိုင်ငံများ နှင့် ဗုဒ္ဓ သာသနာ ရောက်ရှိ ပုံ -
ဗုဒ္ဓ ဘာသာ နဲ့ မြန်မာ နိုင်ငံ -
မြန်မာ နိုင်ငံ မှာ 3rd Century A.D - တွင် ဗုဒ္ဓ သာသနာ စတင် ရောက်ရှိ ပါသည်။
ဗုဒ္ဓ ဘာသာ နဲ့ တရုတ် နိုင်ငံ -
တရုတ် နိုင်ငံ မှာ 1st Century A.D - တွင် ဗုဒ္ဓ ဘာသာ စတင် ရောက်ရှိ ပါသည်။
ဗုဒ္ဓ ဘာသာ နဲ့ ဗီယက်နမ် နိုင်ငံ -
ဗီယက်နမ် နိုင်ငံ မှာ A.D 189 - တွင် ဗုဒ္ဓ ဘာသာ စတင် ရောက်ရှိ ပါ သည်။ တရုတ် မှ တဆင့် ရောက်ရှိ ခြင်း ဖြစ်ပါ သည်။
ဗုဒ္ဓ ဘာသာ နှင့် ကိုရီးယား နိုင်ငံ -
ကိုရီးယား နိုင်ငံ မှာ A.D 372 - နှစ် တွင် ဗုဒ္ဓ ဘာသာ စတင် ရောက်ရှိ ပါသည်။
ဗုဒ္ဓဘာသာ နှင့် ဂျပန် နိုင်ငံ -
ဂျပန် နိုင်ငံ သို့ A.D ၅၅၂၊ သာသနာ တော်နှစ် - ၁၀၉၅ - တွင် ဗုဒ္ဓ သာသနာ စတင် ရောက်ရှိ ပါသည်။
ဗုဒ္ဓ ဘာသာ နှင့် ကမ္ဘောဒီယား နိုင်ငံ -
ကမ္ဘောဒီးယား နိုင်ငံ သို့ A.D - ၅ - ရာစု တွင် ဗုဒ္ဓ ဘာသာ စတင် ရောက်ရှိ ပါသည်။
ဗုဒ္ဓ ဘာသာ နှင့် ထိုင်း နိုင်ငံ -
ထိုင်း နိုင်ငံ သို့ A.D - ၆ - ရာစု၊ သာသနာ တော်နှစ် - ၁၃၀၀ - တွင် ဗုဒ္ဓ သာသနာ စတင် ရောက်ရှိ ပါသည်။
ဗုဒ္ဓ ဘာသာ နှင့် အင်ဒိုနီးရှား နိုင်ငံ -
အင်ဒိုနီးရှား နိုင်ငံ သို့ A.D - ၆ - ရာစု တွင် ဗုဒ္ဓ သာသနာ ရောက်ရှိ ပါသည်။
ဗုဒ္ဓ ဘာသာ နှင့် တိဗက် နိုင်ငံ-
တိဗက် နိုင်ငံ သို့ A.D - ရ - ရာစု တွင် ဗုဒ္ဓ သာသနာ စတင် ရောက်ရှိ ပါသည်။
ဗုဒ္ဓ ဘာသာ နှင့် ရုရှား နိုင်ငံ-
ရုရှား နိုင်ငံ သို့ A.D - ၁၇ - ရာစု တွင် ဗုဒ္ဓ သာသနာ စတင် ရောက်ရှိ ပါသည်။
အိန္ဒိယ နိုင်ငံ နှင့် ဗုဒ္ဓ သာသနာ -
အိန္ဒိယ နိုင်ငံ တွင် A.D - ၆ - ရာစု လောက်က စပြီး ဗုဒ္ဓ သာသနာ တဖြေးဖြေး ကွယ်ပျောက် သွားခဲ့ ပါသည်။
မြန်မာ နိုင်ငံ ပုဂံ ဗုဒ္ဓ သာသနာ -
မြန်မာ နိုင်ငံ ပုဂံ သို့ A.D - ၁၁ - ရာစု လောက်တွင် ဗုဒ္ဓ သာသနာ ရောက်ရှိ ပါသည်။ အရှင် အရဟံ နှင့် အနော်ရထာ မင်းကြီး တို့ ဦးစီး ကာ မြန်မာ ပြည် ဗုဒ္ဓ သာသနာ ပိုမို စည်ပင် ပြန့်ပွား အောင် လုပ်ဆောင် ခဲ့ ကြ ပါသည်။
ပဉ္စမ သင်္ဂါယနာ -
A.D - ၁၈၇၁ / ဗုဒ္ဓ သာသနာ တော် နှစ် -၂၄၁၅ -ခု / မြန်မာ သက္ကရစ် - ၁၂၃၂ -ခုနှစ်၊ တန်ဆောင် မုန်း လ တွင် မြန်မာ နိုင်ငံ၊ မန္တလေး တောင်ခြေ တွင် ပဉ္စမ သင်္ဂါယနာ တင် ပါသည်။ ဦးဆောင် ဆရာတော် မှာ မန္တလေး၊ ဒက္ခိဏာ ရာမ ကျောင်းတိုက် ဆရာတော် အရှင် ဇာဂရာ ဘိဝံသ မထေရ် ဖြစ်၍၊ အဖွဲ့ဝင် ဆရာတော် အရေ အတွက် မှာ ၂၄၀၀ - ဖြစ်ပါ သည်။ အထောက် အပံ့ ဒကာ မှာ မင်းတုန်း မင်း ကြီး ဖြစ်ပါ သည်။ ဤ ပဉ္စမ သင်္ဂါယနာ တွင် ပိဋကတ် တော် များ ကို ကျောက် ထက် အက္ခရာ တင်ခြင်း ဖြင့် သင်္ဂါ ယနာ တင်ခဲ့ ကြပါ သည်။ ကျောက် ချပ် ရေ - ရ၂၉ - ချပ် ရှိပါသည်။ ကျောက် ထက် အက္ခရာ တင်ရာ ၌ ကြာချိန် မှာ ( ရ ) နှစ်၊ ( ၆ ) လ နှင့် ( ၁၄ ) ရက် ကြာပါ သည်။
ဗုဒ္ဓ သာသနာ တော် အလံ နှင့် သမိုင်း -
A.D - ၁၈၈၀ - ခုနှစ် တွင် ဗုဒ္ဓ သာသနာ့ အလံ ကို အမေရိကန် နိုင်ငံသား စစ်ဗိုလ်ကြီး - Henry Steel Olcott - က စတင် တီထွင် ခဲ့ခြင်း ဖြစ်ပါ သည်။
အင်္ဂလန် နိုင်ငံ ၌ ပထမ ဆုံး သော ဗုဒ္ဓ သာသနာ့ အဖွဲ့အစည်း -
A.D - ၁၈၈၁ - ခုနှစ် တွင် အင်္ဂလန် နိုင်ငံ တွင် - ပါဠိ ကျမ်းစာ အဖွဲ့ အစည်း - ဆိုပြီး ပထမ ဆုံး သော ပိဋကတ် အဖွဲ့ အစည်း အင်္ဂလန် နိုင်ငံ တွင် စတင် ပေါ်ပေါက် ခဲ့ ပါသည်။ တည်ထောင် သူ မှာ - T.W. Rhys Davids - ဖြစ်ပါ သည်။ သူသည် မူရင်း ခရစ်စ် ယာန် ဘာသာ ၀င် ဖြစ် ပါသည်။
ဗုဒ္ဓ ဘာသာ အိန္ဒိယ နိုင်ငံ တွင် ပြန်လည် မွေးဖွား ခြင်း -
A.D - ၁၈၉၁ - ခုနှစ် တွင် သီရိ လင်္ကာ နိုင်ငံ မှ အနာ ဂါရိက ဓမ္မပါလ သူတောင်စင် ကြီး ဦးဆောင် ကာ အိန္ဒိယ နိုင်ငံ၊ ဗုဒ္ဓ ဂယာ မှာ မဟာ ဗောဓိ အဖွဲ့ အစည်း ဆိုပြီး ဗုဒ္ဓ ဘာသာ ပြန်လည် တည်ထောင် ပါ သည်။ A.D - ၁၉၅၆ - ခု တွင် အိန္ဒိယ နိုင်ငံသား Dr. B.R Ambedkar - ဦးဆောင် ပြီး အိန္ဒိယ နိုင်ငံ တွင် ဗုဒ္ဓ သာသနာ ပိုမို ပြန့်ပွား အောင် လုပ်ဆောင် ခဲ့ ပါ သည်။ ၁၉၅၆ - ခု၊ အောက်တိုဘာ - ၁၄ - ရက် တွင် အိန္ဒိယ နိုင်ငံ သား ( ၁ ) သန်း ခန့် ဗုဒ္ဓဘာသာ အဖြစ် သို့ ကူးပြောင်း ကြ ပါသည်။
ဆဋ္ဌ သင်္ဂါယနာ -
A.D ၁၉၅၄ - ၅၆ / ဗုဒ္ဓ သာသနာ တော် နှစ် ၂၄၉၈ - ခု၊ မြန်မာ သက္ကရဇ် ၁၃၁၆ - ခု၊ ကဆုန် လပြည့် နေ့ တွင် မြန်မာ နိုင်ငံ၊ ရန်ကုန် မြို့၊ ကမ္ဘာ အေး၊ မဟာ ပါသာဏ လှိုဏ်ဂူ ၌ ဆဋ္ဌ သင်္ဂါ ယနာ တင် ပါသည်။ ဦးဆောင် ဆရာတော် မှာ ညောင်ရမ်း ဆရာတော် အရှင် ရေဝတ မထေရ် ဖြစ်၍၊ အဓိက တာဝန် ယူ ရွတ်ဖတ် သရဇ္စျာယ် သော မထေရ် များ မှာ မဟာစည် ဆရာတော် နှင့် မင်းကွန်း ဆရာတော် တို့ ဖြစ် ပါသည်။ အဖွဲ့ဝင် ဆရာတော် အရေ အတွက် မှာ ထေရဝါဒ ( ၅ )နိုင်ငံ ( သီရိလင်္ကာ၊ မြန်မာ၊ ထိုင်း၊ လော၊ ကမ္ဘောဒီယား ) တို့မှ ( ၂၅၀၀ ) သော မထေရ် တို့ ဖြစ်ပါ သည်။ အခြား သော နိုင်ငံ ( ၂၄ ) နိုင်ငံ တို့မှ လည်း အကူ အညီ များ ပေးကြ ပါသည်။ အထောက် အပံ့ ဒကာ မှာ ၀န်ကြီး ချုပ် ဦးနု နှင့် မြန်မာ ပြည်သူ၊ ပြည်သား များ ဖြစ် ပါသည်။ ( မှတ်ချက် ။ ။ ဤ ဆဋ္ဌ သင်္ဂါယနာ တင်ပွဲ မှာ ပါဠိတော် တင် မက အဋ္ဌ ကထာ၊ ဋီကာ များ ကိုပါ ပြန်လည် စစ်ဆေး ဆုံးဖြတ် ခြင်း ဖြင့် သင်္ဂါ ယနာ တင်ခြင်း ဖြစ်ပါ သည်။ )
အိန္ဒိယ နိုင်ငံ နှင့် ဝိပဿနာ -
A.D - ၁၉၆၅ ၊ ဗုဒ္ဓ သာသနာ တော် နှစ် - ၂၅၁၂ - ခုနှစ် တွင် ဆရာကြီး ဦး ဂိုအင်ကာ ဦးဆောင် ပြီး အိန္ဒိယ နိုင်ငံ တွင် ဗုဒ္ဓ ဘာသာ ဝိပဿနာ တရား ပြန်လည် အမြစ် တွယ်အောင် လုပ်ဆောင် ပါသည်။
ပထမ ဆုံးသော ဗုဒ္ဓ ဘာသာ ၀က်ဘ်ဆိုက် -
A.D - ၁၉၉၈ - မေလ တွင် Nibbana.com - ဟူသော ပထမ ဆုံး ဗုဒ္ဓဘာသာ ၀က်ဘ်ဆိုက် ကို အင်္ဂလန် နိုင်ငံ ကနေ ဖန်တီး နိုင်ခဲ့ ပါသည်။
အာဖဂန်နစ္စတန် မှ ( Bamiyan ) ဗမီယန် ဗုဒ္ဓ ဆင်းတု တော် -
A.D - ၂၀၀၁၊ မတ်လ တွင် အာဖဂန်နစ္စတန် မှ ကမ္ဘာ့ အံဖွယ် ရပ်တော်မူ ဗုဒ္ဓ ဆင်းတု တော် အား တာလီဘန် တို့ ၏ ဖျက်ဆီး ခြင်း ကို ခံခဲ့ ရပါ သည်။
မှာ ပါရစေ ။ ။ အထက် ပါ ဗုဒ္ဓဝင် ( သို့ ) ဗုဒ္ဓ ဘာသာ အကြောင်း သိကောင်း စရာ အကျဉ်း သည် " မေမေ့ လပြည့်ဝန်း လေး " စုစည်း ထားသော ဗုဒ္ဓ ဘာသာ နဲ့ ပတ်သက် တဲ့ အချက် အလက် များ ကို တင်ပြ ခြင်း ဖြစ်ပါသည်။ တချို့ နေရာ များ မှာ မူကွဲ စသည် အားဖြင့် ကွဲလွဲ နေခြင်း ရှိကောင်း ရှိနိုင် ပါသည်။ အခု " မေမေ့ လပြည့်ဝန်း လေး " တင်ပြ တဲ့ မူ သည် ထေရ ဝါဒ မထေရ် များ လက်ခံ ထားသော ဘီစီ၊ အေဒီ နှစ် များ ဖြစ် ပါ သည်။
U Thar Myat ( ဦး သာမြတ် )
ကိုးကား --
ဝိနည်း စူဠဝါ ပါဠိတော်
ပါရာဇိ ကဏ္ဍ အဋ္ဌကထာ
မဟာ ဝံသ
စူဠ ဝံသ
ဦး သာမြတ် “ Buddhism in Southeast Asia ”
www.nibbana.com
  
ဗုဒ္ဓဘာသာ သမိုင်း အကျဉ်း ဗုဒ္ဓဘာသာ သမိုင်း အကျဉ်း Reviewed by ၸဝ်ႈသု(မိူင်းပၼ်ႇ) on May 10, 2017 Rating: 5

No comments:

Powered by Blogger.