ပုဗ္ဗာရုံပရိယတ္တိစာသင်တိုက်၌ စာသင်သားသစ်များ နေခွင့်တောင်းလွှာ
ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ပုဗ္ဗာရုံပရိယတ္တိစာသင်တိုက်၌ နှစ်စဉ်နှစ်တိုင်းစာသင်သားသစ်များ လက်ခံလျှက်ရှိပါသည်။ တခူး၊ ကဆုန်၊ နယုန်လ ဤသုံးလအတွင်းမှာ စာသင်သားအသစ်များ လက်ခံသွားမည်ဖြစ်ပါသည်။ စာသင်သားအသစ်သံဃာတော်များသည် တစ်ပါးလျှင် အာမခံငွေ ၂၀၀၀၀ ကျပ်တိတိ ထည့်သွင်းရမည်ဖြစ်ပါသည်။ နှစ်ကုန်စာမေးပွဲဖြေပြီးစီးပါက ပြန်လည်ထုတ်ယူနိုင်ပါသည်။ (မှတ်ချက်- စာမေးပွဲပြီးဆုံးသည့်အထိမနေသူ၊ အပြစ်တစ်ခုခုလုပ်မိ၍ပြန်သောသူသည်ငွေထုတ်ယူနိုင်မည်မဟုတ်ပါ။)
** စာသင်သားသံဃာအသစ်များ လက်ခံမှု **
- စာသင်သားသံဃာအသစ်အပ်သူ(သို့မဟုတ်) အပ်စာ တစ်ခုခုပါရမည်။
- အခြေခံစာ ဆိုင်ရာပြည်နယ်/မြို့နယ်စာမေးပွဲ၌ ပထမတန်း အောင်သူ ဖြစ်ရမည်။
- မြန်မာစာ ရေးတတ်/ဖတ်တတ်သူ ဖြစ်ရမည်။(အနိမ့်ဆုံး)
- ကဆုန်လကွယ်ထက်နောက်မကျစေရ။
- အသက် (၁၀)နှစ် အထက်ဖြစ်ရမည်။
- အကျင့်စာရိတ္တ / အင်္ဂါလက္ခဏာကောင်းသူဖြစ်ရမည်။
- မွေးသက္ကရဇ်/ လ/ ရက် စသည်ပြည့်စုံအောင် ဖေါင်ဖြည့်ရမည်။
- အနည်းဆုံးအာမခံငွေ နှစ်သောင်း(၂၀၀၀၀)ကျပ်တိတိ သွင်းရမည်။


ပုဗ္ဗာရုံပရိယတ္တိစာသင်တိုက်၌ စာသင်သားသစ်များ နေခွင့်တောင်းလွှာ
Reviewed by ၸဝ်ႈသု(မိူင်းပၼ်ႇ)
on
May 05, 2017
Rating:

No comments: