သံလွင်မြစ်
သံလွင်မြစ်ဟာ ရှမ်းပြည်နယ်မှာ အကြီးဆုံးမြစ်ဖြစ်သည့်အပြင် ကမ္ဘာပေါ်မှာ ရေစီးအသန်ဆုံးမြစ်၊ အလှပဆုံးမြစ်တစ်ခုဖြစ်တယ်။ အနုပညာရှင်များကတော့ သံလွင်မြစ်ကို အကြောင်းပြုပြီး တေးသီချင်းတွေ ရေးဖွဲ့သီကုံးကြတယ်။ ရွှေလီမြစ်၊ နမ့်တိန်းမြစ်တို့ကို ရှမ်းသီချင်းရေးဆရာတွေက အချစ်နဲ့ပတ်သက်တဲ့အကြောင်းတွေကိုသာ ရေးစပ်ကြသော်လည်း သံလွင်မြစ်ကိုတော့ အမျိုးသားရေးသီချင်းအဖြစ် ရေးဖွဲ့ကြတယ်။ ရှမ်းသီချင်းတစ် ပုဒ်က (ဘယ်သူကမှ သူ့အကြောင်းကို မသိကြဘူး)လို့ဆိုထားတာကြောင့် စာရေးသူက သံလွင်မြစ်အကြောင်း ရေးဖွဲ့ဖြစ်ခဲ့တာပါ။
သံလွင်မြစ်ဟာ တိဗက်ပြည်အရှေ့ဘက် ဒန်ကလာ ရေခဲတောင်ကနေ မြစ်ဖျားခံခဲ့ပြီး အနောက်ကနေ အရှေ့ဘက်ကို စတင်စီးဆင်းတယ်။ တရုတ်ပြည်၊ ဆိကျင်း ပြည်နယ် လတ္တီတွဒ် ၃၀ ဒီဂရီရောက် အရှေ့တောင်ဘက်ကို ချိုးဝင်ကာ ယူနန်ပြည်နယ်ထဲ ရောက်သွားတယ်။
ယူနန်ပြည်နယ်ထဲရောက်တဲ့အချိန် သံလွင်မြစ်ဟာ မြောက်ဘက်ကနေ တောင်ဘက်ကို စီးဆင်းပြီး လတ္တီတွဒ် ၂၇ ဒီဂရီအရောက် သံလွင်မြစ်ဟာ မေခမြစ်နဲ့ လွန်စွာနီးကပ်ခဲ့ပြီး တောင်တစ်လုံးပဲ ခြားပါတော့တယ်။ မဲခေါင်မြစ်နဲ့တော့ မိုင် ၃၀ ခန့်ဝေးတယ်။
လတ္တီတွဒ် ၂၄ ဒီဂရီအရောက် ရှမ်းပြည်နယ်ထဲ စစီးဝင်ပြီး ၀နယ်၊ ကိုးကန့်နယ်၊ တန့်ယန်း၊ ကျိုင်းတုံ၊ မိုင်းပန်၊ မောက်မယ်တို့ကို ဖြတ်ကာ ကယားပြည်နယ်အတွင်းမှာတော့ ထိုင်းနိုင်ငံနဲ့ နယ်ခြားမြစ်အဖြစ် တည်ရှိခဲ့တယ်။ ပြီးတော့ ကရင်ပြည်နယ်၊ မွန်ပြည်နယ်ကို ဖြတ်သန်းကာ လတ္တီတွဒ် ၁၆.၅ ဒီဂရီ မော်လမြိုင်အနီး မုတ္တမပင်လယ်ကွေ့မှတစ်ဆင့် ပင်လယ်ထဲကို စီးဝင်တယ်။
မုတ္တမပင်လယ်ကွေ့ထဲ ၀င်သွားတဲ့အချိန် မြစ်နှစ်ခြမ််းကွဲသွားပြီး ဘီလူးကျွန်းရဲ့ မြောက်ဘက်ကိုစီးသွားတဲ့မြစ်ကို နမ့်တိန်မြစ်အဖြစ်လည်းကောင်း၊ ဘီလူးကျွန်းတောင်ဘက် ကိုစီးသွားတဲ့အပိုင်းကတော့ မော်လမြိုင်မြစ်လို့ ခေါ်တယ်။ နမ့်တိန်မြစ်အတွင်း လှေငယ်များ ဖောင်များသာ သွားလာနိုင်ပေမယ့် မော်လမြိုင်မြစ်အတွင်းတော့ ပင်လယ်ကူးသင်္ဘောများ မော်လမြိုင်မြို့အထိ ၀င်ထွက်သွားလာနိုင်တယ်။ သံလွင်မြစ်ရေကြောင်းလမ်းကတော့ မိုင် (၁၀၀)နီးပါးလောက်ပဲ အသုံးပြုနိုင်တယ်။
သံလွင်မြစ်ရဲ့ အခြားအမည်များ
သံလွင်မြစ်ကို တိဗက်တို့က ဂျာမိုငိုချူ (သို့မဟုတ်) နတ်ဂျူ လို့ခေါ်တယ်။ တရုတ်ကတော့ လုကျင်း၊ နုကျင်း၊ ဖို့ဆုကျင်း လို့ခေါ်ပြီး ရှမ်းတွေကတော့ နမ့်ခုံး၊ မြန်မာကတော့ သံလွင်မြစ်လို့ခေါ်တာပေါ့။ ထိုင်းကတော့ မယ့်နမ့်ဆလဝင်းလို့ခေါ်တော့ အင်္ဂလိပ်တွေ ကလည်း ထိုင်းသံနဲ့အတူ သံလွင်မြစ်ကို Salween River လို့ခေါ်တယ်။
တိဗက်စကား ဂျာမိုငိုချူ ဆိုတာကတော့ တရုတ်ပြည်က မြစ်ပြာကြီးတဲ့။ တရုတ်စကား လုကျင်းကတော့ ရွှေထွက်တဲ့မြစ်လို့ အဓိပ္ပါယ်ရတယ်။ တိဗက်မှာရှိတဲ့ သံလွင်မြစ်ဖျားကတော့ ရေခဲမြစ်ပါပဲ။ တိဗက်ဒေသ ရေခဲရည် ပျော်သွားတဲ့အချိန် သံလွင်မြစ်ဟာ အပြာရောင် သမ်းနေတယ်။ ဆောင်းရာသီမှာတော့ သံလွင်မြစ်အရောင်ဟာ ရွံ့ဝါရောင်လိုပါ။
သံလွင်မြစ်အထက်ပိုင်းမှာ စာမရီ၊ ၀ံပုလွေ၊ တောင်ဆိတ် စတာတွေရှိလို့ ပိုပြီး ထင်ရှားတယ်။ (စာမရီဆိုတာ ရေခဲတောင်မှာရှိတဲ့နွားကိုခေါ်တယ်။ အမွေးရှည်တယ်။ ထူးဆန်းတာက စာမရီရဲ့ အမြီးက နွားမြီးလိုမဟုတ်ဘဲ မြင်းမြီးလို အရင်းကနေ ဖွာဆင်းလာတယ်။ တချို့က စာမရီဆိုရင် ငှက်တစ်မျိုးလို့ထင်ကြတယ် အဲတာ မဟုတ်ဘူး။ စာရေးသူ တိဗက်နယ်စပ် ရောက်တုံးက အဲဒီ စာမရီကို မြင်ဖူးခဲ့တယ်။ စာမဏီကသာ ငှက်မြီးရှည် တစ်မျိုးဖြစ်တယ်) သံလွင်မြစ်တစ်လျှောက် ပင်လယ်ဝမှာရှိတဲ့ သံလွင်မြစ်ကမ်းမှအပ လူအများဆုံးနေတဲ့ ဒေသကတော့ တရုတ်ပြည်ထဲရှိ လုကျင်းဒေသ ပဲဖြစ်တယ်။

သံလွင်မြစ်ရဲ့ အသွင်
ရေစီးသန်တယ်။ အထက်ပိုင်းမှာ ကျဉ်းမြောင်းပြီး လွန်စွာလှပတယ်။ ကမ်းပါးနှစ်ဘက်စလုံး ကမ်းပါးပြတ်ကြီးအဖြစ် တည်ရှိပြီး အထက်ကနေကြည့်ရင် သံလွင်မြစ်ဟာ ကျောက်ကမ်းပါးနှစ်ခြမ်း ကွဲအက်နေတဲ့ပုံနဲ့တူတယ်။ ထူးခြားမှုကတော့ သံလွင်မြစ်ရဲ့ ကမ်းပါးအမြင့်ဟာ ပင်လယ်ရေမျက်နှာပြင်ထက် ပေပေါင်း ၃၀၀၀ ကျော်မှ ၆၀၀၀ ကျော်အထိ မြင့်မားကြလို့ လေယာဉ်ပေါ်ကနေကြည့်ရင် ချောက်နက်ကြီးလို ထင်ရတယ်။
သံလွင်မြစ်ဟာ ပင်လယ်ဝမှလွှဲပြီး အထက်ပိုင်းမြစ်တစ်လျှောက်လုံး မြစ်ကမ်းမြို့ မရှိပါဘူး။ နွေရာသီရောက်တဲ့အချိန် ကမ်းနံဘေးမှာ ရေတိုက်ပြီး ပါလာတဲ့ သဲမှုန့်တွေ၊ ကျောက်ခဲတွေ လွင်ပြင်အဖြစ် မြင်တွေ့ရတယ်။ မိုးတွင်းမှာတော့ ကမ်းဘေးမှာ ဘာမှမတွေ့ ရတော့ဘဲ ကမ်းဘေးမှာ ရှိတဲ့ သစ်ပင်တွေလည်း ရေတိုက်စားသွားကုန်တယ်။
သံလွင်မြစ်ရေကြီးရေလျှံမှုနဲ့ ရေလျှော့ကျမှုဟာ ၆၀ ပေ၊ ရ၀ ပေအထိကွာတတ်တယ်။ တချို့နေရာကတော့ ပေ ၉၀ အထိကွာဟတယ်။ ရေစီးသန်မှုကြောင့် မြစ်အတွင်းမှာ ကျောက်ဆောင်တွေ ဖြစ်ပေါ်ခဲ့ပြီး ရေဝဲကလည်း ပေါများ၊ ရေတံခွန်လည်း များတဲ့အတွက် ရေလမ်းခရီး ခက်ခဲစေတယ်။ မိုးတွင်းကာလ ရေလည်မှာရှိတဲ့ကျောက်ဆောင်တွေကို ရေမြုပ်ပေမယ့် သင်္ဘောသွားလာမှု ခက်ခဲတယ်။
သံလွင်မြစ်အရှည်ကတော့ မိုင်ပေါင်း ၁၇၅၀ ရှိပြီး မြန်မာပြည်အတွင်းမှာတော့ မိုင်ပေါင်း ၆၅၀ မိုင်ပါ။ သံလွင်မြစ်ဟာ ဧရာဝတီမြစ်ထက် ရှည်သော်လည်း ရေလမ်းခရီး အတွက် ဧရာဝတီမြစ်လောက် အသုံးမဝင်ပေ။ သစ်ဝါးမျှောရန်အတွက်ကား အသုံးဝင်၏။
သံလွင်ဆိပ်ကမ်း
ခပ်စောစောပိုင်းတုံးက မြန်မာပြည်၊ ရှမ်းပြည်နယ်အတွင်းမှာ သံလွင်တံတား မဆောက်နိုင်သေးခင် ကူးတို့နဲ့သာ ကူးကြတယ်။ မြန်မာပြည်အတွင်း သံလွင်ကူးတို့ဆိပ် ၈၈ ခု လောက်ရှိပြီး အမြင့်ပေ ၁၀၀၀ ကျော်လောက်ရှိကြတယ်။ ပင်လယ်ဝမှလွှဲ၍ သံလွင်မြစ်ကမ်း မြို့တစ်မြို့မှ မရှိဘူး။ ကူးတို့ရွာ ခေတ္တရွာတွေလောက်ပဲ ရှိကြတယ်။ ထင်ရှားတဲ့ ကူးတို့ဆိပ်က တော့ ကွမ်းလုံ၊ မန်းဆိုင်၊ တာကော်၊ တာဆန်း၊ တာတော်မော်၊ တာဆုတ်ပိုင်း၊ တာဆန်းလေး တို့ပဲဖြစ်တယ်။
ယခုအစစအရာရာ ဖွံ့ဖြိုးတိုးတက်လာတဲ့ ခေတ်မှာ တည်ဆောက်မှု နည်းပညာတိုး တက်လာတဲ့အတွက် တရုတ်ပြည်တွင်လည်း သံလွင်ကူးတံတားများ၊ ဆည်များ များစွာ ပေါ်ထွန်းလာခဲ့တယ်။ မြန်မာပြည် ရှမ်းပြည်နယ်အတွင်း ထင်ရှားသော သံလွင်မြစ်ကူးတံတားများ ကတော့ ကွမ်းလုံတံတား၊ တာကော်အက်တံတား၊ တာကော်တံတား၊ တာဆန်းတံတား၊ မော်လမြိုင်တံတား တို့ ဖြစ်ကြတယ်။
သံလွင်မြစ်ကို ရေအားလျှပ်စစ်ထုတ်လုပ်ဖို့ တရုတ်ပြည်မှာရော မြန်မာပြည်မှာပါ ဆည်တွေတည်ဆောက်နေကြတယ်။ တချို့က သဘာဝပတ်ဝန်ကျင်ထိမ်းသိမ်းကြစို့ဆိုပြီး ကန့်ကွက်ကြတယ်။ တချို့ကတော့ ရေအားလျှပ်စစ်လုပ်ရင် များစွာအသုံးဝင်မယ်ဆိုပြီး ဆည်လုပ်တဲ့သူကလုပ် ကန့်ကွက်တဲ့သူက ကန့်ကွက်နဲ့ ဖြစ်နေပေမယ့် သံလွင်မြစ်ကတော့ ပင်လယ်အထိ စီးဆင်းမှာပါပဲ။
သံလွင်ထွက်ပစ္စည်း
သံလွင်မြစ်ကမ်းမှာ နေထိုင်ကြတဲ့သူတွေကတော့ တံငါလုပ်တယ်။ တချို့ သစ်ဝါး မျှောတယ်။ ရွှေကျင်တယ်။ သံလွင်ရွှေကတော့ မာတယ်။ ရွှေဝါရောင် ဖျော့တယ်။ သံလွင်မြစ်ကမ်းရှိ သဲသောင်ပြင် ကျောက်ခဲပြင်တွေဟာ လွန်စွာလှပတယ်။ အမဲရောင်ရှိတဲ့ သံလွင်ကျောက်ခဲဟာ ချစ်စရာကောင်းတယ်။ ရွှေစစ်မစစ် စမ်းသပ်ရာမှာ အသုံးဝင်တယ်။ သံလွင် ကျောက်ခဲဟာ နှစ်ပေါင်းများစွာ မိုင်ပေါင်းများစွာ ရေတိုက်စားလာတဲ့ကျောက်ဖြစ်တဲ့အတွက် အချို့ပြားချပ်ပြီး လှပစွာ ၀ိုင်းနေတာတွေ့ရတယ်။ အနက်ရောင် ကျောက်ပြားဝိုင်းတွေ အရွယ်အစား အမျိုးမျိုးရှိတယ်။ သံလွင်သဲမှုန့်ကတော့ မြေမရောတဲ့ သဲမှုန့်အစစ်ဖြစ်လို့ အဆောက်အဦဆောက်တဲ့နေရာမှာ အသုံးဝင်၏။
သံလွင်မြစ်အတွင်းရှိငါးတွေလည်း မျိုးပေါင်းများစွာရှိမှာပါ။ နာမည်ကြီးတာကတော့ ငါးကြင်းမြီးကွဲလို သံလွင်ငါးပဲဖြစ်တယ်။ ရေစီးသန်တဲ့အတွက်ကြောင့် သဘာဝအလျှောက် သံလွင်ငါးတွေဟာ ကိုယ်လုံးရှည်တာများတယ်။ တစ်ခါတစ်လေ သံလွင်ငါးမြီးကွဲဟာ ကမ်းစပ် နားရေသောက်ဆင်းလာတဲ့ သတ္တဝါငယ်များကို အမြီးနဲ့ရိုက်လှဲပြီး ဖမ်းစားတတ်တယ်။ သံလွင်ငါးရဲ့ အရသာဟာလည်း အများနဲ့ မတူ တမူထူးခြားတဲ့ အရသာရှိတယ်။ သံလွင်မြစ်ကမ်းမှာ ပေါက်တဲ့ ဟင်းရွက်တစ်မျိုးကို ရှမ်းလို (ဖတ်ခုံး) ဟုခေါ်ပြီး မြန်မာလိုတော့ သံလွင်ဟင်းရွက်စိမ်း လို့ပဲခေါ်ရမယ်ထင်တယ်။ ချက်စားရင် အရသာဆိမ့်တယ်။ ကင်းမွန်ရွက်ထက် အရသာ ပိုဆိမ့်တယ်။ နောက်တစ်မျိုးကတော့ သံလွင်ကန်စွန်းဥပါ။ ကန်စွန်းဥနီလိုပါပဲ။ သို့သော် ဥတိုင်း လိုလို ပိုးထိုးနေတဲ့ပုံစံမျိုးဖြစ်နေတယ်။ ပြုတ်စား ချက်စားရင်တော့ အထဲမှာ အနီရောင် အညိုရောင်ရှိပြီး ရိုးရိုးကန်စွန်းဥထက် အရသာကိုပိုပြီး ချိုတယ်။ မာတယ်။
သံလွင်မြစ်ရဲ့ မြစ်လက်တက်များ
မြစ်ကြီးတစ်ခု ဖြစ်လာဖို့အတွက် မြစ်လက်တက်များစွာ ရှိတတ်စမြဲပါ။ သံလွင်မြစ်လည်း ထို့အတူပါပဲ။ သို့သော် တိဗက်၊ တရုတ်ပြည်အတွင်းမှာ သံလွင်မြစ်ရဲ့ မြစ်လက်တက် ဘယ်လောက်ရှိတာကို မသိရပေမယ့် မြန်မာပြည်အတွင်းမှာတော့ ၂၈ ခုရှိတယ်။
(၁) နမ့်ယုချောင်း – တရုတ်မြန်မာနယ်စပ်တွင် စီးဝင်သည်။
(၂) နမ့်မွေချောင်း – မိုင်းယမှ စီးဝင်သည်။
(၃) ဆီအောချောင်း – ကိုးကန့်နယ်မှ စီးဝင်သည်။
(၄) နမ့်နင်းချောင်း – အနောက်ဘက်မှ စီးဝင်သည်။
(၅) နမ့်တိန်မြစ် – ကွမ်းလုံမြို့အနီး စီးဝင်သည်။
(၆) နမ့်ကျစ်ချောင်း – ချောင်းငယ်သာဖြစ်၏။
(၇) နမ့်မ – ၀နယ်မှ စီးဝင်သည်။
(၈) နမ့်နင်း – ညက်လေ့ (၀နယ်)မှ စီးဝင်သည်။
(၉) နမ့်ကောင်ချောင်း – မိုင်းလင်းနယ်မှ စီးဝင်သည်။
(၁၀) နမ့်ခါချောင်း – ဟိုလိန်းစေတီ အထက်မှ စီးဝင်သည်။
(၁၁) နမ့်လုံချောင်း – တာကော်အနီး စီးဝင်သည်။
(၁၂) နမ့်ပန်ချောင်း – ကွန်ဟိန်းမြို့နယ်တွင် စီးဝင်သည်။
(၁၃) နမ့်ဆင်ချောင်း – ကျိုင်းတုံမှ ဆင်းသက်လာပြီး စီးဝင်သည်။
(၁၄) မယ်ယန်းချောင်း – မိုင်းဟန်အနီးမှ စီးဝင်သည်။
(၁၅) နမ့်ပန်ချောင်း – မိုင်းပန်မြို့နယ်မှ စီးဝင်သည်။
(၁၆) မဲချောက် – ချောင်းငယ်သာဖြစ်သည်။
(၁၇) နမ့်ဆကွန် – ချောင်းငယ်သာဖြစ်သည်။
(၁၈) မယ်စဲ့ချောင်း – ကယားပြည်နယ်မှ စီးဝင်သည်။
(၁၉) နမ့်တန် (ခေါ်) နမ့်တိန်းချောင်း – မိုင်းကိုင်မှ စီးဆင်းလာသည်။
(၂၀) ဟွေလောင်ချောင်း – ရှမ်းပြည်နယ် ကယားပြည်နယ် နယ်စပ်တွင် စီးဝင်သည်။
(၂၁) ဟွေလန်းချောင်း – ရှမ်းပြည်နယ် ကယားပြည်နယ် နယ်စပ်တွင် စီးဝင်သည်။
(၂၂) နမ့်မယ်ပိုင်း – မယ်ဟောင်ဆောင်ကို ဖြတ်ပြီး စီးဝင်သည်။
(၂၃) နမ့်ပွန်ချောင်း – ကယားပြည်နယ်တွင် စီးဝင်သည်။
(၂၄) သောင်းရင်းမြစ် – ထိုင်းနှင့် ကရင်နယ်စပ်တွင် စီးဝင်သည်။
(၂၅) ယွန်းစလင်း – အနောက်ဘက်မှ စီးဝင်သည်။
(၂၆) ဒုံတမိ – အနောက်ဘက်မှ စီးဝင်သည်။
(၂၇) ကျိုင်းမြစ် – အရှေ့ဘက်မှ စီးဝင်သည်။
(၂၈) အတ္တရံမြစ် – အရှေ့ဘက်မှ စီးဝင်သည်။
ဒီမြစ်လက်ထက်တွေထဲမှာ ထင်ရှားတဲ့မြစ်လက်တက်ကတော့ နမ့်ခါ၊ နမ့်ပန်၊ နမ့်ဆင်၊ နမ့်တန်၊ နမ့်ပွန်၊ သောင်းရင်းမြစ်၊ ယွန်းစလင်းမြစ်တို့ဖြစ်ကြတယ်။ ရှမ်းပြည်နယ်အတွင်း မြစ်လက်တက်တွေဟာ သံလွင်မြစ်ထဲ စီးဝင်တဲ့အချိန် ရေတံခွန်အဖြစ်သော်လည်းကောင်း၊ ဆင်ခြေလျှောအဖြစ်သော်လည်းကောင်း စီးဝင်ကြတယ်။
သံလွင်မြစ်ဟာ ရေတံခွန်တွေ၊ ရေလည်ကျောက်ဆောင်တွေ ပေါများတဲ့အပြင် ရေစီးလည်းသန်တဲ့အတွက် ရေလမ််းခရီး အသုံးသိပ်မဝင်ဘူး။ ပင်လယ်ဝအနီး တစ်ဝိုက် လောက်သာ ရေလမ်းခရီး အသုံးပြုနိုင်တယ်။ ရေစီးသန်ပေမယ့် ယခုခေတ် ခေတ်မီအားကောင်းတဲ့ အင်ဂျင် စက်တပ်ရေယာဉ်များလည်း သံလွင်မြစ်အတွင်း တစတစ စတင်ခုတ်မောင်းနေပြီဖြစ်ကြောင်း တင်ပြလိုက်ပါတယ်။
ရှမ်းစာရေးဆရာ ဟိုင်းဆေခိုင် ၏ ဆောင်းပါးကို ဆီလျှော်အောင် ဘာသာပြန်ထားသည်။

www.shanviews.com
သံလွင်မြစ်
Reviewed by ၸဝ်ႈသု(မိူင်းပၼ်ႇ)
on
August 22, 2016
Rating:
No comments: