ခရစ်ယာန်ဘာသာ
မူလအစမှာ ဂျုးဘာသာမှစတင်ခဲ့သည်။ ဂျူးလူမျိုးတို့သည် မောရှေ၏ ပညတ်တရား (၁၀) ပါးကို အခြေခံပြီး က္ကုသရေလ ဟုခေါ်သော အစ္စရေးလူမျိုး များကိုးကွယ်သည့် ဘုရားဖြစ်သည်။ ခရစ်တော် သခင်ယေရှု ဖွားမြင်ပြီးပြီး၊ ဘုရားသခင်သည် လူ့အသွင်ဖြင့် ကမ္ဘာလောကသို့ ကြွလာခြင်းဖြစ်သည်ဟု ကြေငြာခဲ့ရာတွင် ဂျူးလူမျိုးများက လက်မခံနိုင်ပဲ သခင်ယေရှုကို ကားတိုင်ပေါ်တင်သတ်ရန် ရောမအာဏာပိုင်များကို တောင်းဆိုကာ အသေသတ်ခဲ့သည်။ သခင်ယေရှုသေလွန်ပြီး ၃ ရက်မြောက်တွင် ကျမ်းစာလာသည်အတိုင်း အလောင်းတော်ပျောက်ဆုံးသွားပြီး ရှင်ပြန်ထမြောက်ကာ ရက်၄၀လုံး ထွက်ပြေးပုန်းရှောင်သွားသော တမန်တော်များကို ကိုယ်ထင်ပြသခဲ့ပြီး လူပေါင်းများစွာရှေတွင် ကောင်းကင်ဘုံသို့ စျန်ပျံကြွသွားခဲ့သည်။ ထို့နောက်ပိုင်းတွင် သန့်ရှင်းသောဝိညာဉ် (Holy Spirit) ကျန်ရစ်ခဲ့ပြီး ခရစ်ယန်များသည် ၃ ပါးတစ်ဆူအဖြစ်၊ ဘုရာသခင် (ခမည်းတော်)။ သခင်ယေရှု (သားတော်) နှင့် သန့်ရှင်းသောဝိညာဉ်တော် (၃)ပါးကို တဆူတည်းအဖြစ်သတ်မှတ်ကိုးကွယ်ကြသည်။
ခရစ်ယန်ဘာသာတွင် ဘုရားသခင်၏ ၀ိညာဉ်တော်မှုတ်သွင်းပြီး လူသားများအားရေးသားစေသည့် သမ္မာကျမ်း ကို ဘုရားသခင်၏ ပြောစကားအဖြစ်မှတ်ယူထားကြသည်။ သခင်ယေရှု မမွေးဖွားမီက ရေးသားခဲ့သော ကျမ်းများကို ဓမ္မဟောင်းကျမ်း ဟုခေါ်ပြီး၊ သခင်ယေရှုမွေးဖွားခြင်း (Christmas) နောက်ပိုင်းရေးသားသော ကျမ်းများကို ဓမ္မသစ်ကျမ်း ဟုခေါ်သည်။ အပါတ်စဉ် တနင်္ဂနွေနေ့ကို ဥပုဒ်နေ့အဖြစ်သတ်မှတ်ကာ စုပေါင်းကိုးကွယ်ဝတ်ပြုကြသည်။ ဂိုဏ်အမျိုးမျိုးရှိသည့်အနက် ရိုမန်ကက်သလစ် နှင့် ပရိုတက်စတင့် ၂မျိုးသည် အဓိကကွဲပြားသော ဂိုဏ်းနှစ်ခုဖြစ်သည်။ ဂိုဏ်များသည် Doctrine ဟုခေါ်သော ကျင်ဝတ်၊ကျင့်ထုံးနှင့် အယူအဆများ အနည်းနှင့်အများ ကွဲပြားကြသည်။
ရိုမန်ကတ်သလစ် တွင် ဘုန်တော်ကြီး ပုပ်ရဟန်းမင်း ကို ဦးသျှောင်အဖြစ်ထားပြီး ဗဟိုဦးစီးစနစ်ဆန်သော စနစ်ဖြစ်သည်။ ရိုမန်ကတ်သလစ် ဘုန်းတော်ကြီးများတွင် ဘရားသာ၊ ဖာသာ၊ မာသာ (Father, Mother) စသဖြင့် ဘုန်းတော်ကြီးများကို ခေါ်ဆိုပြီး မြန်မာဗုဒ္ဓဘာသာဘုန်းကြီးများကဲ့သို့ ငယ်စဉ်ကတည်းက လုံးဝအိမ်ထောင်မရှိသော လူပျို၊အပျိုများဖြစ်သည်။ အိမ်ထောင်ကျသွားပါက ဘုန်းတော်ကြီးဘဝမှ ထွက်ရသည်။ ပရိုတက်စတင့်ဂိုဏ်းဝင်သော မက်သဒစ် (Methodist)၊ ဘက်သဒစ် (Baptist)၊ အင်ဂလိကန် (Englican)၊ လူသာရီယန် (Lutherian) စသည်တို့မှ ဘုန်တော်ကြီးများမှာ အိမ်ထောင်ပြုခွင့်ရှိသည်။
ပရိုတက်စတင့် ခရစ်ယာန်ဘာသာဝင်များ တနင်္ဂနွေ ဘုရားဝတ်ပြုခြင်းတွင် ဓမ္မသီချင်း သီဆိုချီးမွမ်းခြင်၊ ဆုတောင်းခြင်း၊ အလှူငွေကောက်ခံခြင်း၊ သံစုံသီချင်း သီဆိုတီးမှုတ်ခြင်း၊ သမ္မာကျမ်းစာ ဖတ်ရွတ်ခြင်း၊ စသည့်အစီအစဉ်များ တရားဒေသနာ (Sermon) ဟောကြားခြင်းဖြင့် အဆုံးသတ်ကြသည်။ ခရစ်တော် လက်ဝါးကပ်တိုင် ပေါ်တွင် အသေခံခြင်းသည် ယုံကြည်သူ ခရစ်ယာန်များကို အပြစ်မှလွှတ်ခြင်းအထိမ်းအမှတ်အဖြစ် ပွဲတော်ပေးခြင်း (မုန့်နှင့်စပျစ်ရည် သုံးဆောင်ခြင်း)ကို အများအားဖြင့် တစ်လတစ်ကြိမ်ခန့် ပြုလုပ်ဝတ်ပြုလေ့ရှိသည်။ ရိုမင်ကတ်သလစ် ဘာသာဝင်များတွင် မြန်မာ ဗုဒ္ဓဘာသာ များကဲ့သို့ အလွတ်ရွတ်ဖတ်ခြင်းများစွာရှိပြီး၊ ဘုန်းတော်ကြီးများလည်း တရားထိုင်ခြင်း (Meditation) များလုပ်ဆောင်ကြသည်။
ခရစ်ယာန်ဘာသာရေးပွဲလမ်းသဘင်များတွင် သခင်ယေရှုမွေးဖွားခြင်း အထိမ်းအမှတ် ခရစ်စမတ်ပွဲတော်၊ (Christmas) သခင်ယေရှု ရှင်ပြန်ထမြောက်ခြင်း အီစတာပွဲတော်(Good Friday and Easter Sunday)၊ သန့်ရှင်းသော ဝိညာဉ် ဆင်းသက်ခြင်း ပင်တေကုတ္တေပွဲ (Pentecost) စသည်တို့ဖြစ်ကြသည်။
ခရစ်ယာန်
“သခင်ယေရှုကို ခရစ်တော်အဖြစ်ယုံကြည်သက်ဝင်သူ (သို့) သခင်ယေရှု၏သွန်သင် သောတရားကို လိုက်လျှောက်သောသူ ” တို့ကို ခရစ်ယာန်ဖြစ်သည်ဟု Webster’s Dictionary က အဓိပ္ပါယ်ဖွင့်ဆိုထားပါသည်။ ခရစ်ယာန်ဟူသည် မည်သို့သောအရာဖြစ်သည် ဟူသောအချက်မှ အစ ပြုရန်အလွန်သင့်တော်သည််။ သို့မဟုတ် တခြားလောကီပိုင်းဆိုင်ရာ အနက်ဖွင့်သည်နည်းတူ ခရစ် ယာန်ဟူသောစကားလုံးကို သမ္မာတရားဖော်ပြချက်နှင့် မကိုက်ညီပဲမှားယွင်းစွာ ဖော်ပြနိူင်ပါသည်။
ခရစ်ယာန်ဟူသောစကားလုံးကို ဓမ္မသစ်ကျမ်းထဲတွင် သုံးကြိမ်တိုင်တိုင်တွေ့ရှိနိူင်သည်။ (တ၊ ၁၁း၂၆၊ ၂၆း၂၈၊ ၁ပေ၊ ၄း၁၆)။ သခင်ယေရှု၏နောက်လိုက်တပည့်တော်တို့၏ အကျင့်စရိုက်၊ အပြုအမူ၊ အပြောအဆိုတို့သည် ခရစ်တော်နှင့်တူသောကြောင့် အန္တိအုတ်မြုံ့တွင် သူတို့ကို “ ခရစ်ယာန်များ “ ဟုပထမအကြိမ်ခေါ်ခဲ့ပါသည် (တ၊ ၁၁း၂၆)။ မယုံကြည်သူတို့က ယုံကြည်သူတို့ကို နောက်ပြောင် သောသဘောမျိုးဖြင့် ခရစ်ယာန်များဟု ခေါ်ခြင်းဖြစ်သည်။ ၄င်း၏အဓိပ္ပါယ်သည် “ ခရစ်တော်ပိုင်ဆိုင် သောအဖွဲ့ ” သို့ “ ခရစ်တော်၏ နောက်လိုက်သူများ ” ဖြစ်သည်။ ၄င်းသည် Webster’s Dictionary ထဲတွင် ဖော်ပြထားသော အနက်ဖွင့်ဆိုချက်နှင့် ညီညွှတ်သည်။
မြန်မာနိုင်ငံ ကက်သလစ်သာသနာ သမိုင်းကြောင်း
မြန်မာနိုင်ငံကို ကက်သလစ်သာသနာစတင ်ဝင်ရောက်လာတာဟာ သာသနာပြုပုဂ္ဂိုလ်တွေ အားဖြင့် မဟုတ်ပါဘူး။
ပုဂံခေတ် နရသီဟပတေ့မင်း လက်ထက်(မြန်မာသက္ကရာဇ်-၆၄၆) ခရစ်နှစ် အေဒီ-၁၂၈၅ မှာ တရုတ်ဘုရင် ကူဗလိုင်ခန်က ပုဂံကို ကျူးကျော်စစ်ဆင်နွှဲခဲ့တယ်။ ဲဒီနောက်ပိုင်း ကျန်စစ်သား ဥမင်ရဲ့ အတွင်းဘက်နံရံ တစ်နေရာမှာ ခရူစူး အမှတ်အသားတွေနဲ့ တန်ဆာဆင်ထားတဲ့ ပဒုမ္မာကြာပွင့် တစ်ပွင့်ပုံကို ယခုတိုင် တွေ့ရှိ ရပါတယ်။
သာသနာပြုများ မရောက်လာခင် ဘာသာဝင်အချို့ အရင်ဦးစွာ ရောက်နှင့်ခဲ့ကြပါတယ်။ ဘာလို့လဲဆိုတော့ ခရစ်သက္ကရာဇ် ၁၄၉၆ မှာ ပဲခူးကို ရောက်ရှိခဲ့တဲ့ အီတလီ နိုင်ငံ ဂျင်နိုဝါ (Genoa) မြို့က Hieronimo ဆိုတဲ့ ကုန်သည်တစ်ဦးရဲ့ မှတ်တမ်းအရ ပဲခူးမြို့မှာနေစဉ် ကွယ်လွန်သွားတဲ့ သူ့ရဲ့ မိတ်ဆွေကို ဘုရားကျောင်းပျက် တစ်ခုထဲမှာ သင်္ဂြိုလ်ခဲ့ရတယ်လို့ ဆိုပါတယ်။
အေဒီ ၁၄၉၇ ခုနှစ် Vasco di Gama က Good Hope အငူကို ရှာဖွေတွေ့ရှိ ပြီးတဲ့နောက်ပိုင်းမှာတော့ ဥရောပတိုက်သား ကုန်သည်ပွဲစားတွေ အတွက် အာရှတိုက်သို့ ကူးသန်းရောင်းဝယ်ဖို့ရာ စီးပွားရေးလမ်းကြောင်း ပွင့်သွားပါတယ်။ အာရှတိုက်ကို ရောက်လာတဲ့ ကုန်သည်တွေနဲ့ ကြေးစားစစ်သားတွေရဲ့ ၀ိညာဉ်ရေး စောင့်ရှောက်မှုအတွက် အထူး တာဝန် ယူရတဲ့ Chaplain ခေါ်ဘုန်းတော်ကြီး တစ်ချို့လည်း ရောက်ရှိလာကြပါတယ်။
သူတို့ အာရှတိုက်ကို လာတာဟာ ဥရောပတိုက်သားတွေရဲ့ ၀ိညာဉ်ရေး စောင့်ရှောက်မှုအတွက်ပါပဲ။
Malacca မှာရှိနေတဲ့ St. Francis Xavier ဟာ ၁၅၄၈-ဇန်နဝါရီ-၂၀ နေ့စွဲနဲ့ သူ့ရဲ့ အထက်အကြီးအကဲ St. Ignatius ဆီကို ပဲခူး နိုင်ငံအတွက် သာသနာပြု အချို့စေလွှတ် ပေးသင့်ကြောင်း အစီရင်ခံတင်ပြ ခဲ့ပါတယ်။
သူတို့ရဲ့ Jesuit အသင်းဂိုဏ်းက ဘုန်းတော်ကြီးတွေဟာ ၁၆ ရာစု ကုန်ခါနီး မှာ ပဲခူးကို နှစ်ပါးတစ်တွဲ၊ နှစ်ပါးတစ်တွဲနဲ့ လေးပါး၊ ၁၇ ရာစု အစပိုင်းမှာ အင်းဝကို နှစ်ပါးရောက်ရှိခဲ့ကြတယ်လို့ သိရပါတယ်။
ကျွန်တော်တို့ မြန်မာ့သမိုင်းမှာ သင်ရတဲ့ ငဇင်္ကာဟာ လူဆိုးဇာတ်လိုက်ပါပဲ။
သူရဲ့ပေါ်တူကီနာမည်က Philip di Britto လို့ခေါ်ပါတယ်။ တကယ်တော့ သူ မြန်မာနိုင်ငံကို ရောက်မလာခင် ကတည်းက ပေါ်တူဂီ စစ်သားတွေဟာ ရခိုင်ဘုရင်မင်း ဖလောင်း၊ မုတ္တမစားစောဗညား၊ တောင်ငူ ဘုရင် တပင်ရွှေထီးနဲ့ ဘုရင့်နောင်တို့ထံမှာ အမှုထမ်းခဲ့ကြတယ် ဆိုတာ ဆရာကြီး ဦးဘသန်းရဲ့ ကျောင်းသုံးမြန်မာ ရာဇဝင်နဲ့ အခြေပြ မြန်မာနိုင်ငံရေးသမိုင်း ပထမတွဲတို့မှာ လေ့လာတွေ့ရှိရပါတယ်။ ငဇင်္ကာ ခေါ် ဒီဘရစ်တိုကတော့ ( မြန်မာသက္ကရာဇ် ၉၆၅) အေဒီ-၁၆၀၃ မှာ ရခိုင်ဘုရင်မင်းရာဇာကြီးလက်အောက်ခံအဖြစ် အမှုထမ်းခဲ့ပါတယ်။ ရခိုင်ဘုရင်က တောင်ငူဘုရင်ကိုခွင့်တောင်းပြီး ဒီဘရစ်တိုကို သူ့ရဲ့ ကိုယ်စား လှယ်အဖြစ် သံလျင်မှာထားပါတယ်။ နောက်ပိုင်း လူသူလက်နက် အင်အား တောင့်တင်း လာတဲ့အခါမှာ တောင်ငူဘုရင် ကိုရော ရခိုင်ဘုရင်ကိုပါ ထောင်ထားခြား နားရုံမက မုတ္တစားနဲ့ပူးပေါင်းပြီး တောင်ငူကို လုပ်ကြံခဲ့ပါတယ်။
တောင်ငူဘုရင် နတ်သျှင်နောင်ကို ဖမ်းဆီး၊ သံလျင်ကိုခေါ်သွားပြီး အရိပ်နေနေ အခက် ချိုးချိုး အလုပ်ကို ခရစ်ယာန်တစ်ဦးကလုပ်ခဲ့ ပါ တယ်။ ဘာသာတရားရဲ့အဆုံးအမ ဆိုတာ လိုက်နာကျင့်ကြံဖို့ ထားတာပါ။ မလိုက်နာ မကျင့်ကြံရင် မကိုးကွယ်တာနဲ့ အတူတူ ပါပဲ။ သမိုင်းကပေးတဲ့ သင်ခန်းစာ လို့ပဲ မှတ်ယူရမှာပေါ့။ ဒီသတင်းကို ကြားတဲ့အခါ မြန်မာ သက္ကရာဇ် ၉၇၅၊ (အေဒီ-၁၆၁၅) မှာ အင်းဝဘုရင် မဟာဓမ္မရာဇာ (ခေါ်) အနောက်ဖက်လွန်မင်းက သံလျင်ကိုစုံဆင်းပြီး ၀န်းရံပါတယ် သံလျင်ကိုရတဲ့အခါ နတ်သျှင်နောင်နဲ့ ဒီဘရစ်တိုကို ကွပ်မျက်၊ ပေါ်တူဂီ စစ်သုံ့ပန်း (၄၀၀၀) ကျော်ကို ဖမ်းဆီးပြီး အင်းဝကို ခေါ်ဆောင်သွားပါတယ်။ အနောက်ဖက်လွန်မင်းကို ဆက်ခံတဲ့ သာလွန်မင်း လက်ထက်မှာတော့ စစ်မှုထမ်းဖို့ တစ်ချို့ကို ချန်ထားပြီး ကျန်တဲ့သူတွေကို ချင်းတွင်းမြစ် အရှေ့ဖက်ကမ်းမှာရှိတဲ့ ပရိမ္မရွာကို ပို့ပါတယ်။ အဲဒီနောက် ချင်းတွင်းမြစ်နဲ့ မူးမြစ်ကြား တဝိုက်က ရွာတွေမှာ မိမိတို့ ဘာသာကို လွတ်လပ်စွာ ကိုးကွယ်ပြီး အခြေချ နေထိုင်ခဲ့စေကြောင်း၊ ၁၉၂၉ ခုနှစ် ထုတ် EG. Harvey ရဲ့ Outline of Burmes History ဆရာကြီး ဦးဘသန်းရဲ့ ကျောင်းသုံး မြန်မာရာဇဝင်နဲ့ ၁၉၄၁ ခုနှစ်၊ အောက်တိုဘာလထုတ် The Voice Catholic magzine တို့မှာ တွေ့ရပါတယ်။
အဲဒီကစပြီး ဘုရင်ဂျီရွာတွေ ပေါ်ပေါက်လာ ပါတယ်။ သက္ကရာဇ် ၁၁၁၇၊ (အေဒီ-၁၇၅၆ )ခုနှစ်မှာ မွန်တွေကို ကူညီဖို့ သံလျင်ကို ရောက်လာတဲ့ ပြင်သစ် စစ်သင်္ဘော နှစ်စီးကို အလောင်းဘုရားက အနိုင်ရလိုက်ပြီး ပြင်သစ် စစ်သုံ့ ပန်းတွေကို ဘုရင်ဂျီရွာတွေဆီ ပို့လိုက်ကြောင်း ကက်သလစ် ရာဇဝင်မှာရော ကျောင်းသုံး မြန်မာရာဇဝင်မှာပါတွေ့ရ ပါတယ်။
ကက်သလစ်ဆရာတော်ဘီဂမ်းဒက်၊ နှစ်ခြင်းဆရာ ယုဒဿန်၊ သမိုင်းပါမောက္ခ GE. Hall ဆရာ ဦးဘသန်းနဲ့ ဦးကောင်းတို့ရဲ့အဆိုအရ "ဘုရင်ဂျီ" ဆိုတာ ဥရောပတိုက်သား၊ အထူးသဖြင့် ပေါ်တူဂီလူမျိုးများကို အရှေ့တိုင်းသားတွေက ခေါ်ဝေါ်သုံးနှုန်းတဲ့ စကားလုံးပါ။ သမိုင်းဆရာ ဗီဗီယန်းဘ ကတော့ ဘုရင်ဂျီဆိုတာ "ဘုရင်ရဲ့ မိတ်ဆွေ" လို့ အဓိပ္ပာယ်ရတဲ့ စကားလုံးကနေ သံစဉ်ပြောင်းလာတယ်လို့ ဆိုပါတယ်။
ကက်သလစ် အသင်းတော်ရဲ့ ရာဇဝင်အရ သံလျင်ကနေ အင်းဝကို ပို့ခံရတဲ့ထဲမှာ ပါ၀င်ခဲ့တဲ့ Jesuit ဂိုဏ်းဝင် ဘုန်းကြီး Manuel De Fonseca နဲ့ နောက်ထပ်ရောက်လာတဲ့ ဘုန်းတော်ကြီး Denis Atumes တို့ဟာ အင်းဝ၊ နဘတ်၊ လက်ယာတော် ချောင်းဦး၊ တပရင်း ကျွန်းတော၊ မုဆိုးဘို ရွှေဘို၊ အလံ ဟံလင်း၊ ဆီကိမ် သစ်ဆိမ့်နဲ့ စဥ့်ကွင်း စဥ့်ကူး တို့မှာရှိတဲ့ ဘုရင်ဂျီဘာသာဝင်တွေကို ကြည့်ရှုစောင့်ရှောက်ခဲ့ရတယ် လို့ဆိုပါတယ်။ သာလွန်မင်းလက်ထက် ထပ်မံ ပြောင်းရွေ့ရာမှာတော့ ချောင်းရိုးရွာ၊ ချမ်းသာရွာ၊ မုံလှရွာ၊ ချပ်သင်း၊ နဂါးဘို၊ လက်ပံကြီး၊ ပတွင်းစတဲ့ ရွာတွေ တိုးပွားလာကြောင်း ၁၉၆၀ ခုနှစ်မှာ စာပေဗိမာန်မှ ထုတ်ဝေတဲ့ မြန်မာ့ ရှေးဟောင်း သုတေသန အသင်းဂျာနယ်မှာ တွေ့ရပါတယ်။
ရွှေဘိုမြို့ အမှတ်(၆) ရပ်ကွက်၊ ချောင်းဦးမြို့ အောင်မင်္ဂလာရပ်ကွက်၊ ရေဦးမြို့နယ် ချမ်းသာရွာ၊ ခင်ဦးမြို့ နယ် မုံလှရွာ၊ တန့်ဆည်မြို့နယ် ချောင်းရိုးရွာတွေဟာ သမိုင်းဝင် ဘုရင်ဂျီရွာတွေပါ။ နောက်မှ တခြားမြို့ ရွာတွေမှာ တိုးပွားလာတာလဲရှိပါတယ်။ အေဒီ-၁၇၁၉ ခုနှစ် ပုပ် ရဟန်းမင်းကြီး ဧကဒသမမြောက်ကလဲမင်းကနေ တရုတ် ပြည် ကန်တုံမြို့ကို Rev. Msgr. Carlo Ambrogio Mezzabarba ဦးဆောင်တဲ့ ဘာသာရေး သံတမန်အဖွဲ့ တစ်ဖွဲ့စေလွှတ်ခဲ့တယ်။ အဲဒီ ခေတ်က ရေကြောင်းခရီးနဲ့ (၆) လကြာခဲ့တယ်။ အခြေအနေအကြောင်း အမျိုးမျိုးကြောင့် လုပ်ငန်း မအောင်မြင်ခဲ့တဲ့ ဒီအဖွဲ့ဟာ ကပ္ပလီပင်လယ်ကို ဖြတ်ပြီး အပြန်ခရီးဆက် ခဲ့ကြတယ်။
မြန်မာပြည်ကို ဖြတ်သွားခိုက်မှာ ပဲခူးမြို့တော်နဲ့အင်းဝ နေပြည်တော်မှာ ဘုရင်ဂျီဘာသာဝင်တွေရှိနေတာ နှစ်ပေါင်း(၁၅၀)ကျော်ကြာပြီ ဖြစ်ကြောင်း၊ သာသနာပြု ပုဂ္ဂိုလ်များလည်း လိုအပ်နေကြောင်း သိရတဲ့အတွက် သူတို့ရဲ့ အဖွဲ့ထဲက ဘာနာဘိုက်ဂိုဏ်းဝင် ဘုန်းတော်ကြီး Sigismondo Maria Calchi ကိုထားရစ် ခဲ့ပြီး၊ ပထမဦးဆုံး မြန်မာပြည် ကက်သလစ်သာသနာ ဦးစီးမှူး တာဝန်ခံအဖြစ်ခန့်အပ်ခဲ့ပါတယ်။ ၁၉၆၂ ခု-သြဂုတ်လထုတ် The Guradian စာစောင်မှာ Fr.Calchi ကို မြန်မာပြည် ကက်သလစ်သာသနာရဲ့ မုံညှင်းစေ့ အဖြစ်တင်စားပြီး ဖေါ်ပြထားပါတယ်။
အီတလီနိုင်ငံမှာ အေဒီ ၁၅၀၂-ကနေ ၁၅၃၉ထိ အသက်ရှင်ခဲ့တဲ့ ဘုန်းတော်ကြီး A.M. Zacharia ဆိုတာရှိ ခဲ့တယ်။ သူက နောက်ထပ် ဘုန်းတော်ကြီး (၂) ပါးနဲ့ ပူးပေါင်းပြီး ၁၅၃၃ မှာသာသနာပြု အသင်းဂိုဏ်းတစ်ခု တည်ထောင်ခဲ့ပါတယ်။ သူတို့ အသင်းဂိုဏ်းရဲ့ ဗဟိုဌာနကို မီလန်မြို့က St. Barnabas ဘုရားကျောင်းမှာ ဖွင့်လှစ်ခဲ့တဲ့အတွက် အဲဒီ ဘုရားကျောင်းရဲ့ ဘွဲ့အမည်ကို အစွဲပြုပြီး Barnabite အသင်းဂိုဏ်းလို့ ခေါ်တာဖြစ်ပါတယ်။
အေဒီ-၁၈၉၇မှာ ပုပ်ရဟန်းမင်းကြီး တေရသမြောက် လေအိုကနေ Fr. A.M. Zacharia ကို ရဟန္တာတင်မြှောက် ခဲ့ပါတယ်။ ခုချိန် ထိ သူ့ရဲ့ အလောင်းတော်ဟာ မပုပ်မသိုးဘဲရှိ နေပါသေးတယ်။ အဲဒီ ရဟန္တာရဲ့ ပွဲနေ့က တော့ ဇူလိုင် (၅) ရက်နေ့ပါ။
Fr.Calchi က သာသနာပြန့်ပွားရေးဌာနချုပ်က စေလွှတ်လိုက်တဲ့ Fr.Vittoni နဲ့လက်တွဲပြီး သာသနာပြုလုပ်ငန်းတွေ စတင်ဆောင်ရွက်ခဲ့ပါတယ်။ အင်းဝဘုရင် တနင်္ဂနွေမင်းကလည်း ကြည်ဖြူစွာ ခွင့်ပြုရုံမက ဘုရားကျောင်း ဆောက်ဖို့ပါ ဘဏ္ဍာတော်ထဲကနေ လှူဒါန်းခဲ့ပါသေးတယ်။
အေဒီ-၁၇၃၀ခုမှာတော ့သာသနာ ပြန့်ပွားရေး ဌာနချုပ်အတွက် ရဟန်းတော်များ ရှားပါးမှုကြောင့် အခက်အခဲရှိလာပါတယ်။ ဒါကြောင့် ဘာနာဘိုက်ဘုန်းတော်ကြီး ဂါလီဇီယားကို ဆရာတော် သိက္ခာတင်ပေးပြီး မြန်မာပြည်သာသနာတော်မှာ လုပ်ဆောင်စရာ ရှိသမျှကိ ုအသင်းဂိုဏ်းကြီးရဲ့လက်ထဲအပြည့် အဝ အပ်နှင်းပေး လိုက်ပါတယ်။ အဲဒီကစပြီး ဘာနာဘိုက် ဘုန်းတော်ကြီးတွေ မြန်မာပြည်ကို တစ်ဖွဲ့ပြီးတစ်ဖွဲ့ ရောက်လာကြပါတယ်။
ဗုဒ္ဓဘာသာနဲ့တကွ မြန်မာစာပေ၊ ယဉ်ကျေးမှုဓလေ့ထုံးစံစတာတွေကို လေ့လာခဲ့ကြပြီး မြန်မာနိုင်ငံသားတွေနဲ့ တစ်သားတည်း နေထိုင်ခဲ့ကြပါတယ်။ အေဒီ-၁၇၅၀ ခုနှစ် သံလျင်မှာ ဘုရားကျောင်းတည်ဆောက် ခဲ့ပါတယ် ပဲခူးနဲ့အင်းဝ ဆင်နွှဲတဲ့ စစ်ပွဲတစ်ခုမှာ ပျက်စီးသွားပြီး တံတိုင်း၊ နံရံနဲ့အုတ်ရိုးတွေတော့ ခုထိရှိပါသေးတယ် အထောက်အထား ပြနိုင်တဲ့ ရှေးအကျဆုံး ဘုရားကျောင်းလို့ဆိုရမှာပါ။
ထူးထူးခြားခြား မှတ်တမ်းတင်လောက်တာကတော့ မြန်မာအက္ခရာ ခဲစာလုံးကို စမ်းသပ် တီထွင်ပြီး အေဒီ-၁၇၇၆ Pope PiusVI လက်ထက် ရောမားမြို့မှာ ပထမဆုံး အောင်မြင်စွာ ပုံနှိပ် နိုင်ခဲ့တာပါ။ ဆရာတော် Percoto ဆိုရင် ပိဋိကတ် (၃) ပုံထဲက တချို့ကို Italian လို ဘာသာပြန်ဆို နိုင်ခဲ့ပါတယ်။
စာပေတင်မကဘူး သာသနာအတွက် သမိုင်းတင်ခဲ့တာလည်း ရှိပါသေးတယ်။ အေဒီ-၁၇၇၀ ခုနှစ် မုံလှရွာမှာ ပထမဆုံး ရဟန်း ဖြစ်သင်ကျောင်းကို ဖွင့်လှစ်ခဲ့ပြီး ၁၇၉၃ မှာတော့ မြန်မာ တိုင်းရင်းသားထဲက ပထမဦးဆုံး ရဟန်းတော် (၃)ပါးကို မွေးထုတ် ပေးနိုင်ခဲ့ပါတယ်။ သူတို့ကတော့ ချမ်းသာရွာ ဇာတိ Fr. Joseph မောင်မောင်ကြီး၊ ချောင်းရိုးသား Fr. Andrew မောင်ကိုး နဲ့ ရန်ကုန်က Fr. Ignatius di Britto တို့ဖြစ်ပါတယ်။
အေဒီ-၁၇၈၉ နောက်ပိုင်း ပြင်သစ်တော်လှန်ရေးကြီး ပေါ်ပေါက်လာပြီး ဥရောပတစ်ခွင်ကို ကူးစက်ပျံ့ နှံ့သွားခဲ့ပါတယ်။ ပုပ်ရဟန်းမင်းကြီးနဲ့တကွ ရောမမြို့တော်ကြီးပါ နပိုလီယံလက်အောက်ကို ကျရောက်ခဲ့ရပါတယ်။ ဘာနာဘိုက် အသင်းဂိုဏ်းကြီးမှာလည်း ပျက်စီး ဆုံးရှုံးမှုတွေနဲ့အတူ လူအင်အားနည်းပါး သွားတဲ့အတွက် မြန်မာပြည် သာသနာကို ဆက်ပြီး တာဝန ်မယူနိုင်ကြတော့ပါဘူး။ ဘာနာဘိုက် အသင်းဂိုဏ်းအနေနဲ့ မြန်မာနိုင်ငံကို အေဒီ-၁၇၂၂ ကနေ ၁၈၃၀ ထိဆိုတော့ (၁၀၈) နှစ် တာဝန်ယူခဲ့ကြပါတယ်။ လူဦးရေ အနေနဲ့ဆိုရင် ဆရာတော် တင်မြှောက်ခံရတာဟာ (၆) ပါး၊ ဘုန်းတော် ကြီးက (၂၇) ပါး၊ အဲဒီအထဲမှာ (၄) ပါးက လမ်းမှာတင် မုန်တိုင်းမိပြီး သင်္ဘောပျက်ကာ ပျံလွန်တော်မူခဲ့ပါတယ်။ ကိုရင်ကြီးက (၂) ပါးနဲ့ တိုင်းရင်းသား ရဟန်းတော် (၂) ပါးကလည်း သူတို့ အသင်းဂိုဏ်းမှာ သစ္စာခံ ယူခဲ့တဲ့အတွက် စုစုပေါင်း (၃၁) ပါး ဖြစ်တယ်။
အသေးစိတ်သိချင်တယ်ဆိုရင် တော့ Fr. A ကိုလေး (မုံလှ) ရေးသားပြုစုထားတဲ့ "အင်းဝရောက် ခြေရာများ" စာအုပ်မှာ ဖတ်ရှုနိုင်ပါတယ်။
အေဒီ-၁၈၄၂မှာ သာသနာပြန့်ပွားရေး ဌာနချုပ်က Oblates လို့ခေါ်တဲ့ မာရီးယား သခင်မဂိုဏ်းကိုတာဝန်လွှဲပြောင်း ပေးအပ်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီအချိန်မှာ အင်္ဂလိပ်မြန်မာစစ်ပွဲတွေ ဖြစ်ပွားနေတာရယ်၊ သူတို့အသင်းဂိုဏ်းမှာ ရဟန်းတော်တွေ မလုံလောက်တော့ တာရယ်ကြောင့် ၁၈၅၆ ထိပဲ တာဝန်ယူနိုင်ခဲ့ပါတယ်။
သူတို့ရဲ့ ဖိတ်ကြားချက်အရ ၁၈၄၇-ခုနှစ်မှာ မြန်မာနိုင်ငံကို St.Joseph သီလရှင်အသင်းဂိုဏ်း စတင် ရောက်ရှိ လာခဲ့ပါတယ်။
၁၈၅၂ ခုနှစ် ဒုတိယ အင်္ဂလိပ်မြန်မာစစ်ပွဲအပြီး စစ်ပြေငြိမ်းရေး စာချုပ်ချုပ်ဆိုရာမှာ မင်းတုန်းမင်းကြီးရဲ့ စေခိုင်း ချက်အရ Fr. Abbona နဲ့ Fr. Tarolli တို့ဟာ မြန်မာသံတမန်တွေဖက်က ပါ၀င်ကူညီခဲ့ရကြောင်း ၁၉၆၃ ခုနှစ် မေလ ထုတ် The Guardian စာစောင်မှာ သမိုင်း ဆရာ Vivian Ba ကဖော်ပြထားပါတယ်။
ပြင်သစ်နိုင်ငံ ပါရီမြို့ အခြေစိုက် နိုင်ငံခြား သာသနာပြု အသင်းဂိုဏ်းပေါ့။ ပြင်သစ် စာလုံးနဲ့ အတို ကောက် MEP လို့ ခေါ်ပါတယ်။ ပထမဆုံး ကြွရောက်လာ တာကတော့ မြန်မာသမိုင်း လေ့လာသူတွေ ကြားမှာ လူသိများတဲ့ ဆရာတော်ကြီး Paul Ambrose Bigandat ပါပဲ။
သူ့ကို ဘာကြောင့်လူသိများတာလည်း ဆိုရင် မင်းတုန်းမင်းကြီးက ဆရာတော်ကြီးကို အင်မတန် ခင်မင်ရင်းနှီးပြီး သာသနာတော်အတွက် အကူအညီတွေ ပေးခဲ့သလို၊ မင်းညီမင်းသားတွေကို အင်္ဂလိပ်စာနဲ့ သိပ္ပံဘာသာရပ်တွေ သင်ယူဖို့ ဆရာတော်ကြီးက စီစဉ်ပေးခဲ့ပါတယ်။ ဆရာတော်ကြီးက ဗုဒ္ဓဘာသာ ရဟန်းတော်တွေနဲ့ တွေ့ဆုံ၊ ဗုဒ္ဓဘာသာ ကျမ်းဂန်တွေကို လေ့လာပြီး ရှင်ဂေါတမ အကြောင်းကို အင်္ဂလိပ်ဘာသာနဲ့ ရေးသားခဲ့ပါတယ်။ ဥရောပတိုက်သားတွေကို ဗုဒ္ဓဘာသာနဲ့ မိတ်ဆက်ပေးလိုက်တယ် ဆိုပါတော့။ ပညာရေးအတွက်လည်း ၁၈၅၈-ခုနှစ် မှာ Da Lasalle ကိုရင်ကြီးတွေကို ဖိတ်ကြားပြီး စာသင်ကျောင်းတွေ ဖွင့်နိုင်ခဲ့ပါတယ်။ မြန်မာ နိုင်ငံကို (၃) ပိုင်းပိုင်းပြီး သာသနာပြုလုပ်ငန်း တာဝန်တွေ ခွဲစေဖို့ရာ သူကပဲ တင်ပြခဲ့တာဖြစ်ပါတယ်။
ဒါကြောင့် သာသနာပြန့်ပွားရေးဌာနချုပ်က ၁၈၇၀ ခုနှစ် ဇွန်လ ၂၈ ရက်နေ့မှာ မြန်မာနိုင်ငံကို Vicariate Apostolate လို့ခေါ်တဲ့သာသနာ အထူးနယ်မြေတွေအဖြစ် ခွဲခြားသတ်မှတ်ပေးခဲ့ပါတယ်။
တောင်ငူကို အခြေပြုပြီး မြန်မာနိုင်ငံ အရှေ့ဖက်ခြမ်းကို ဆရာတော် Biffi က တာဝန်ယူရသလို အထက်မြန်မာနိုင်ငံကိုတော့ ဆရာတော် ဘူးဒွန်းက တာဝန်ယူရပါတယ်။ ဆရာတော် ဘီဂန်းဒက်ကတော့ အောက်မြန်မာပြည်ကို တာဝန်ယူပါတယ်။
တခြား သာသနာပြု အသင်းဂိုဏ်းတွေကိုလည်း ဖိတ်ခေါ်ခဲ့ရပါတယ်။ တောင်ကြီး၊ ကျိုင်းတုံဒေသကို Italy နိုင်ငံက PIME (ခေါ်) နိုင်ငံရပ်ခြား သာသနာပြု အသင်းဂိုဏ်းက လာရောက်ခဲ့သလို၊ ကချင်ပြည်နယ်ကိုတော့ Ireland နိုင်ငံက St. Columban အသင်းဂိုဏ်းက လာရောက် သာသနာပြုခဲ့ကြပါတယ်။ ပုသိမ်၊ ရန်ကုန်၊ မန္တလေးနဲ့ ချင်းတောင်ကိုတော့ MEP အဖွဲ့ကပဲ ဆက်ပြီး တာဝန်ယူပါတယ်။
ဘာသာရေးတင်မကဘူး၊ ပညာရေးအတွက်လည်း ကျောင်းသုံး စာအုပ်တွေ၊ အဘိဓာန်တွေ၊ ဘာသာပြန်စာပေနဲ့ ကျမ်းအမျိုးမျိုးကို ပုံနှိပ်ထုတ်ဝေခဲ့ပါတယ်၊ နောက်ထပ်လည်း ဆရာတော်တွေဟာ သူတော်စဉ်ဂိုဏ်းတွေကို ဖိတ်ကြားပြီး အားဖြည့်ခဲ့ပါတယ်။
၁၈၆၇ ခုနှစ်မှာ ကောင်းသော သိုးထိန်းသီလရှင်ဂိုဏ်းဟာ ရန်ကုန်မှာ အမျိုး သမီးကျောင်းဖွင့်တယ်၊ ၁၈၇၄-မှာ တိုင်းရင်းသူတွေချည်း ပါ၀င်တဲ့ St.Francis Xavier သီလရှင် ဂိုဏ်းကိုတည်ထောင်ခဲ့ပြီး၊ ၁၈၈၉ ခုနှစ်မှာ Franciscan သီလရှင်တွေဟာ မန္တလေး မနော်ရမန်မှာ အနာကြီးရောဂါသည်တွေ အတွက် ဆေးရုံဖွင့်ခဲ့ပါတယ်။
၁၉၁၆ မှာတော့ ကရုဏာရေးသီလရှင်တွေဟာ ကျိုင်းတုံ နောင်ကန်မှာ အဲဒီလိုဆေးရုံ ထပ်ဖွင့်ခဲ့ပါတယ်။ ဆပ်ဖြေခြင်းအသင်း ဂိုဏ်းက ၁၈၉၅-ခုနှစ် မှာမိဘမဲ့ကျောင်းကို တောင်ငူသာသနာ လိပ်သိုမှာ ဖွင့်ခဲ့ပါတယ်။ ၁၉၂၉ မှာ (FSAG) စိန်အလွိုက်ရှက်စ် သီလရှင် အသင်းဂိုဏ်းရောက်ရှိလာပြီး၊ (SDB) ဆိုတဲ့ ဆလေးရှင်းအသင်းဂိုဏ်း က ၁၉၃၉-ခုနှစ်ကနေ လက်သမားလုပ်ငန်း၊ ပုံနှိပ်လုပ်ငန်းနဲ့ ဖိနပ်ချုပ်လုပ်ငန်းတွေကို တည်ထောင်ဦးစီးခဲ့ကြပါတယ်။ ဆေးရုံ၊ ဆေးခန်း၊ လူအိုရုံ၊ မိဘမဲ့ဂေဟာ စတဲ့ လူမှုရေးနဲ့ကရုဏာရေး လုပ်ငန်းတွေကိုလည်း အသင်းဂိုဏ်း အသီးသီးက တွဲဖက်လုပ်ဆောင်ခဲ့ကြပါတယ်။ Missios School လို့ခေါ်တဲ့ သာသနာပြုကျောင်းတွေဟာ အဲဒီခေတ်မှာ ပေါ်ထွက် ခဲ့တာပါ။
နေရာအနှံ့အပြားမှာ ဘာသာဝင် ဦးရေတိုးပွားများပြားလာတာနဲ့ အမျှ သက်ဆိုင်ရာ ဆရာတော်တွေက အစီရင်ခံ တင်ပြကြတဲ့အတွက် သာသနာ ပြန့်ပွားရေးဌါနချုပ်ကနေ ၁၉၅၅ ခုနှစ် ဇွန်လ ၁ ရက်နေ့ မှာ ရန်ကုန်နဲ့ မန္တလေးကို Vicariate Apostolate (ခေါ်) အထူးဒေသအဖြစ် ကနေ Archdiocese (ခေါ်) ဂိုဏ်းချုပ်သာသနာကြီးနှစ်ခု အဖြစ် တိုးမြှင့် သတ်မှတ်ပေးခဲ့ပါတယ်။ ရန်ကုန်ဂိုဏ်းချုပ်သာသနာရဲ့ လက်အောက်မှာပုသိမ်ဂိုဏ်းအုပ်သာသနာနဲ့ တောင်ငူ၊ မန္တလေးဂိုဏ်းချုပ်သာသနာရဲ့ လက်အောက်မှာ ကျိုင်းတုံ ဂိုဏ်းအုပ်သာသနာနဲ့ မြစ်ကြီးနားဂိုဏ်းအုပ်သာသနာ ဆိုပြီး ခွဲခြားပေးခဲ့ပါတယ်။ နောက်ပိုင်းမှာ ရန်ကုန်ကနေ ပြည်သာသနာကို ၁၉၆၁ နဲ့ မော်လမြိုင်ကို ၁၉၉၃ မှာ မွေးထုတ်ပေးခဲ့သလို၊ တောင်ငူ ကနေ ၁၉၆၁ မှာ တောင်ကြီး နဲ့ ၁၉၈၈ မှာ လွိုင်ကော် တို့ကို မွေးထုတ်ပေးခဲ့ ပြန်ကာ၊ ကျိုင်းတုံ က လားရှိုးကို ၁၉၇၅ မှာ ခွဲပေးပြီး၊ မန္တလေးက ဟားခါးကို ၁၉၉၂ မှာ ခွဲပေးခဲ့ပါတယ်။ မြစ်ကြီးနားမှ ဗန်းမော်သာသနာကို ၂၀၀၆ ပြည့်နှစ်၊ သြဂုတ်လ ၂၈ ရက်မှာ ခွဲပေးခဲ့ပြီး၊ ရန်ကုန်က ဖားအံသာသနာကို ၂၀၀၉ ပြည့်နှစ်၊ ဇန်န္ဒဝါရီလ ၂၂ ရက်နှင့် ဟားခါးက ကလေးသာသနာကို ၂၀၁၀ ပြည့်နှစ်၊ ဇွန်လ ၂၉ ရက် မှာ အသီးသီး ခွဲပေးခဲ့ပါတယ်။ ၁၉၉၈ မှာတောင်ကြီးက Archdiocese အဖြစ်တိုးမြှင့် သတ်မှတ်ခံရတဲ့အတွက် အခုလက်ရှိ မြန်မာနိုင်ငံမှာ ဂိုဏ်းချုပ်သာသနာကြီး (၃) ခုနဲ့ ဂိုဏ်းအုပ် သာသနာ (၁၃) ခု၊ စုစုပေါင်း (၁၆) ခုရှိနေတာပါ။

Reviewed by ၸဝ်ႈသု(မိူင်းပၼ်ႇ)
on
May 10, 2017
Rating:
No comments: