အစားထိုးခြင်း

 ဘဝအတွက်
အတိတ်ကို တမ်းတနေမည့် အစား
အနာဂတ်ကို စောင့်မျှော်နေမည့် အစား
ပစ္စုပ္ပန်ကို မကျေနပ်နေမည့် အစား
အတိတ်ကို များများ သင်ခန်းစာယူ
အနာဂတ်ကို မြင့်မြတ်တဲ့ ရည်မှန်ချက် စိုက်ထူ
ပစ္စုပ္ပန်မှာ မဟာလူသားရဲ့ ကာယအား ဉာဏအားကို
အကျိုးရှိရှိ အကွက်ကျကျ
အသုံးချလိုက်ရင် . . .
ပန်းတိုင်ဆိုတဲ့ ရောင်နီဦးဟာ
ငါတို့ကို ကြိုဆိုနေမယ်။

တောင်တန်းသာသနာပြု ဆရာတော် စဝ်ဆုခမ်း

အစားထိုးခြင်း အစားထိုးခြင်း Reviewed by ၸဝ်ႈသု(မိူင်းပၼ်ႇ) on August 26, 2016 Rating: 5

No comments:

Powered by Blogger.